Deriphyllin ဆိုတာ လေပြွန်ချဲ့ဆေးတမျိုးပါ။ အဆုတ်ပြွန်၊လေပြွန် စတာတွေကို ချဲ့ပေးတယ်။နာတာရှည်ပန်းနာသမား(asthma)၊လေပြွန်ရောင်တဲ့သူတွေ(chronic bronchitis) နဲ emphysema ရောဂါတွေမှာ ပေးတယ်။ ကာကွယ်တဲ့ဆေးဖြစ်လို့ ဆေးစွဲသောက်ရတယ်။ အသုံးများတဲ့ ဆေးက Deriphyllin retard 150 ဖြစ်ပါတယ်။ Etofylline 115mgနဲ့ Theophylline 35mg ဆေးနှစ်မျိုးပေါငိးထားတယ်။
ဘေးထွကိဆိုးကျိုး-မူးမောပျို့အန်ဗိုက်နာဗိုကိအောင့်-ရင်တုန်လက်တုန် -ခေါင်းမူးခေါင်းကိုက်-စိတ်လှုပ်ရှားလွယ်တာ -ဆီးသွားများတာ-အသက်ရှုမြန်၊ချွေးထွက်၊ခြေလက်ကပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆေးများလို့ ဖြစ်နိုငိတယ်။ တက်တာလည်း ရှိနိုင်တယ်။ အသောက်များရင် အစာအိမ်နာ ဖြစ်နိုင်တယ်။
အတူတွဲမသောက်သင့်တဲ့ဆေးတွေလည်း ရှိတယ်။
- carbamazepine (Carbatrol, Tegretol);
- cimetidine (Tagamet);
- enoxacin (Penetrex);
- ephedrine or similar medications found in cold medicine or diet pills;
- erythromycin (E.E.S., E-Mycin, Ery-Tab);
- fluvoxamine (Luvox);
- propranolol (Inderal, InnoPran);
- rifampin (Rifadin, Rifater, Rifamate, Rimactane);
- St. John's wort; or
- thiabendazole (Mintezol)
ကိုယိဝန်ဆောင် နို့တိုက်မိခင်တွေမှာ တတ်နိုင်သမျှ မပေးဘူး။နို့ထဲမှာ ပါနိုင်တယ်။နှလုံး၊ဆီးချို။သိုင်းရွိုက်၊ကျောက်ကပ်၊အသည်း၊ရေတိမ်ရှိသူတွေမှာ ဆေးပေးတဲ့အခါ ဂရုစိုက်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
၂၂.၅.၁၅
No comments:
Post a Comment