Thursday, July 17, 2014

အရွယ်မတူ စိတ်ညစ်နေသူ

ဆရာ ခင်​ဗျား
ကျွန်​​တော်​ကအင်​ဂျင်​နီယာတစ်​​ယောက်​ပါ။နာမည်​က​တော့​ ......​ဖြစ်​ပါတယ်​။ကျွန်​​တော်​ကိုတစ်​ခု​လော်​ရှင်းပြ​ပေးဖို့ရို​သေ​လေးစားစွာ​ပြောပြချင်​ပါသည်​။
ဆရာခင်​ဗျားမရို​သေစကားကျွန်​​တော်​၏testic မှာဘယ်​ဘက်​ကပိုကြီး၍ညာဘက်​က​သေး​နေပါသည်​။၎င်းtestic အ​ခြေအ​နေ​ကြောင့်​က​လေးမရမှာစိုးရိမ်​မိပါသည်​။အကယ်​၍မရနိုင်​လျှင်​  ​ရ​အောင်​လုပ်​၍ရနိုင်​ပါသလားသိချင်​ပါသည်​ဆရာ။က​လေးမရမှာစိုးရိမ်​​သော​ကြောင့်​ကျွန်​​တော်​အားရှင်းပြ​ပေး​စေလိုပါသည်​။ကျွန်​​တော်​သည်​မကြာမီအိမ်​​ထောင်​ပြု​တော့ဖြစ်​ပါ​သော​ကြောင့်​ရှင်းပြ​ပေး​စေလိုပါသည်​ဆရာ။
လေးစားစွာဖြင့်
........


ကျွန်တော်တို့ ဆေးကျောင်းတက်တော့ ရောဂါတွေမသင်ခင်မှာ နော်မယ်ဆိုတာဘာလဲ သိအောင် အရင်လုပ်ရတယ်။ ယောကျာင်္းလေးတယောက်နဲ့ တယောက် testis sizeတွေ မတူညီကြပါဘူး။အလားတူ လူတယောက်ထဲမှာကို တဖက်နဲ့ တဖက်လည်း size အကြီးအသေးပြောင်းလဲနိုင်တယ်။ ယေဘုယျအားဖြင့် testisတခုရဲ့ ဆိုက်က အရှည် ၂ လက်မရှိပြီး အကျယ် ၁.၂လက်မလောက် ရှိတယ်။ ယောကျာင်္းလေးအများစုမှာ ဘယ်ဘက် testis က ပိုကြီးကြတယ်။ ညာသန်ဖြစ်ရင် ဘယ်ဘက်testis က အောက်ဖက်ကို ပိုကျနေတတ်တယ်။ ပုံမှန်ဖြစ်လို့ မစိုးရိမ်ပါနဲ့။ အကယ်၍ ဖြစ်တဲ့ဖက်က တဖြည်းဖြည်းပိုကြီးလာတာ၊မခံမရပ်နိုင် နာကျင်လာတာ၊အလုံးအကျိတ်ထွက်တာမျိုး ရှိရင် ဆရာဝန်နဲ့ ပြသသင့်တယ်။ အထက်ပါအကြောင်းတွေ ဘာမှမရှိရင်တော့ စိုးရိမ်ဖို့မလိုအပ်သလို ဆရာဝန်နဲ့ ပြဖို့လည်း မလိုအပ်ဘူး။ ဆိုက် အကြီး၊အသေး အပြောင်းအလဲက သူရဲ့ မျိုးပွားနိုင်စွမ်းကို တစုံတရာ မထိခိုက်စေနိုင်ဘူး။ ဒီအတွက် ကလေးမရမှာကိုလည်း စိုးရိမ်သောက ရောက်မနေပါနဲ့တော့။ မိမိစိတ်ချမ်းသာသလို အိမ်ထောင်ပြုလို့ရပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၄.၇.၁၄



ယခုလိုရှင်းပြ​ပေး​သော​ကြောင့်​​ကျေးဇူးအထူးတင်​ပါတယ်​ဆရာ။ဆရာကိုစိတ်​နှစ်​ဖြာကျန်းမာချမ်းသာပါ​စေ။

No comments:

Post a Comment