Tuesday, July 3, 2018

တင်းတိပ်အတွက် ဆန်မှုန့်မျက်နှာဖုံး

တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံးနည်းတခုကတော ဆန်မှုန့်မျက်နှာဖုံးဖြစ်ပါတယ်။ ဒီနည်းက နေပူထဲအထွက်များသူတွေမှာ အထူးကောင်းမွန်ပြီး  တင်းတိပ်တွေ၊အမဲစက်တွေကို သိသိသာသာ သက်သာစေတယ်။အခုလို အပူချိန်ပြင်းတဲ့ ကာလတွေမှာ ကောင်းတယ်။ နေ့စဉ်ပြုလုပ်ရုံနဲ့ ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။  ဆန်မှုန့်သဘောက နေလောင်တဲ့အသားအရေတွက် အထူးကောင်းမွန်တယ်။ အမဲစက်၊ အမဲကွက်ကို ပျောက်ကင်းစေတယ်။ အသားရေကို နဂိုတိုင်းပြန်ဖြစ်စေပြီး အရေပြားအရောင် ညီညာစေတယ်။အာရှအသားအရေနဲ့လည်း အထူးသင့်တော်တယ်။

အဖြစ်များတဲ့ သွေးပြန်ကြော အားနည်းခြင်း

ကမ္ဘာပေါ်မှာ လူ (၁၀)ယောက်မှာ (၈)ယောက်ဟာ သွေးပြန်ကြောအားနည်းတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပါတယ်။ သို့သော် အများစုဟာ သတိမပြုမိဘဲ သာမန်ခြေထောင်ရောင်ခြင်းအဖြစ်  ပေါ့ဆ နေတတ်ကြပါတယ်။ ဒီဆောင်းပါးဟာ ကမ္ဘာ့လူဦးရေ သန်း(၇)ထောင် ကျော်မှာ သန်း(၅)ထောင်ကျော်နီးပါး သတိမထားမိတဲ့ သွေးပြန်ကြောအားနည်းခြင်း၊ခြေထောက်ရောင်ခြင်း အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ သွေးပြန်ကြောရောဂါအကြောင်းမပြောခင် သွေးကြောတွေ အကြောင်း အရင်နားလည်စေချင်ပါတယ်။

Thursday, April 19, 2018

လူ့အချင်းက ထုတ်တဲ့ဆေး

လူ့အချင်းဟာ လက်တဖဝါးစာ ပမာဏလောက်ရှိတယ်လို့ ဆေးကျောင်းမှာ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာလက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ ကျက်မှတ်ရပြန်တယ်။ အတိုင်းအတာ အလျား ၉-လက်မ၊ အထူ ၁-လက်မလောက် ရှိတဲ့ ပျော့ဖတ်ဖတ် အစိုင်ခဲကြီးက အလေးချိန် တပေါင်မက လေးလံတယ်။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာ ထူပြီး ဘေးဖက်ရောက်လေ ပါးလေဖြစ်တယ်။ တကယိတော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို မပြန်အလှန်တွယ်ဆက်ထားတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့အာဟာရဓာတ်ဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားဆီရောက်တယ်။ ဒီလိုပဲ သန္ဓေသားသွေးကတဆင့် စွန့်ပစ်ပစ္စည်းမှန်သမျှဟာ အချင်းကိုဖြတ်ပြီး အမေဆီပြန်ရောက်တယ်။ သန္ဓေသားလောင်းတွယ်ကွယ်ပြီး ၈ ရက်ကြာတဲ့အခါ အချင်းကို စတင်ဖွဲ့စည်းပါတယ်။