စိတ်ဖိစီးမှု၊ မျိုးရိုးနဲ့ အသက်အရွယ်နဲ့သက်ဆိုင်တယ်။ ဗီတာမင်ဓာတ်ချို့တဲ့လို့လည်းဖြစ်နိုင်ပါတယ်။ ဆံပင်ဖြူတဲ့အခါ အောက်ပါဓာတ်တွေ သုံးစွဲဖို့ လိုအပ်ပါတယ်။
(၁) vitamin B5
စိတ်ဖိစီးမှုကြောင့် ဆံပင်ဖြူတဲ့အခါ panthothenic acid လိုအပ်ပါတယ်။ adrenal gland ကို သွားရောက်တားဆီးပေးတယ်။ ဒါ့ကြောင့် ကော်တီဇုန်း စိတ်ဖိစီးမှုဟော်မုန်း မထွက်တော့ပါ။
(၂) vitamin B6
ပရိုတင်း ဇီဝဖြစ်စဉ်မှာပါဝင်တဲ့ Pyridoxine ဓာတ်ဟာ ဆံပင်ဖြူခြင်းကို တားဆီးပေးတယ်။ ဆံပင်အခြေမှာရှိတဲ့hair follicle အမြစ်တွေဟာ melanin နဲ့ keratin ထုတ်ဖို့ အမိုင်နိုအက်ဆစ်တွေ လိုအပ်ပါတယ်။
ထောပတ်၊ နေကြာစေ့၊အခွံမာသီး၊ အစေ့အဆန်၊ ငါး၊ ငှက်ပျော၊ ဆီးသီးခြောက်
vitamin B6 များဖို့ အစားသောက်သာမက ဖြည့်စွက်အားဆေးတွေပါ သောက်ဖို့ လိုပါတယ်။
(၃) Folic acid
vitamin B9 လို့လည်း ခေါ်ပါတယ်။ Folic acid နည်းရင် ဆံပင်ပေါက်တာ နှေးသလို ဆံသားကို ပျက်ဆီးစေတယ်။ဒါ့ကြင် ဆံပင်ဖြူခြင်းကိုလည်း ဖြစ်စေတယ်။ဆံပင်အတွက် အရေးပါတဲ့ ပရိုတင်းဓာတ် Keratin နဲ့ Melaninဖွဲ့စည်းရာမှာ ကူညီပေးတယ်။ ဟင်းနုနွယ်၊ ဂေါ်ဖီစိမ်း၊ကညွတ်၊ ပဲနီလေး၊ ခါကြက်ဥ၊ ထောပတ်၊ နေကြာ၊ ချဉ်တဲ့အသိးတွေကနေရရှိနိုင်တယ်။
(၄)Biotin
Biotin ကို vitamin H လို့လည်း လူသိများတယ်။ လေ့လာမှုတွေအရ biotin 500mg ပမာဏပေးရင် ဆံပင်ပြန်ဖြူလာတယ်။ မြေပဲ၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ ကြက်ဥ စတာတွေ စားသုံးပေးသင့်တယ်။ တခြားဗီတာမင်တမျိုးဖြစ်တဲ့ vitamin B5 နဲ့ ရောစပ်နိုင်ရင်ာအာနိသင်ပိုကောင်းတယ်။
(၅) Vitamin B12
အသက်(၅၀)ကျော်တာနဲ့ ဗီတာမင် ဘီတွဲချို့တဲ့မှုကြောင့် ဆံပင်က ဖြူလာပါတယ်။ အသက်ကြီးရင့်သူတွေမှာ ဒီအချက်ကို ဂရုစိုက်ရမယ်။ အမဲသား၊ ငါး၊ ပင်လယ်စာ(ခရု၊ကမာ)စတာတွေမှာ ဘီတွဲပါတယ်။သက်သက်လွတ်သမားတွေ ဘီတွဲချို့တဲ့နိုင်ခြေပိုများတယ်။
(၆) PABA
ဆံပင်နက်ဆေးအများစုမှာ PABAဓာတ် ပါတယ်။ PABAက ဆံပင်ကို ပြန်နက်စေတဲ့အာနိသငိရှိတယ်။ နေ့စဉ်PABA 6-24 grams လောက်ပေးရင် ဆံပင်ဖြူသူရဲ့ ၂၅% ဟာ ဆံပင်ပြန်နက်လာတာတွေ့ရတယ်။ ဒီဆေးကို အနည်းဆုံးခြောက်ပတ်ပေးဖို့ လိုပါတယ်။ PABA က folic acidရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ နေ့စဉ် တင်လဲ၊ ကြက်ဥ၊အသည်း၊ ဆန်၊ ဟင်းနုနွယ် ၊ မှို စတာတွေ စားသုံးပေးဖို့ လိုပါတယ်။
ဒေါက်တာ အေးမင်းထူး
၁၂.၉.၁၈
No comments:
Post a Comment