Monday, December 30, 2013

ကျန်းမာစေကြောင်း နှစ်သစ်ဆုတောင်း

နှစ်သစ်ရောက်တော့မှာဖြစ်လို့ လူတိုင်းပျော်ရွှင်နေကြလိမ့်မယ်ထင်ပါတယ်။နှစ်သစ်ဆိုတာ အမှန်တော့ လူသစ်၊စိတ်သစ်၊ခွန်အားသစ်နဲ့ ဘဝသစ်စတင်ဖို့ အကောင်းဆုံး အခွင့်အရေးတခုဖြစ်ပါတယ်။ နှစ်ဟောင်းက စိတ်ပျက်ဝမ်းနည်းစရာတွေကို မေ့ထားပြီး နေ့သစ် ဆီကို မျှော်လင့်ချက်ကိုယ်စီနဲ့ ဆက်လက်လျှောက်လှမ်း ရမှာ ဖြစ်ပါတယ်။ နှစ်သစ်မှာ လူတိုင်း ပျော်ရွှင်ချမ်းမြေ့ချင်ကြတယ်။ ပိုမိုပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတယ်။ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကောင်းမွန်ဖို့ ဆုတောင်းကြတယ်။ ဒီလိုလုပ်တဲ့အခါ ဆုတောင်းရုံမျှနဲ့ မပြီးသေးဘူး။ ကိုယ်တိုင်လိုက်နာနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာတယ်ဆိုရင် လူအများထင်လိုက်တာက သန်သန်မာမာလှုပ်ရှားသွားလာနိုင်ရင် ကျန်းမာတယ်ပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ်တဲ့ စံနှုန်းအရဆိုရင် ကျန်းမာခြင်းဆိုတာ လူကျန်းမာဖို့သာမက စိတ်ချမ်းသာဖို့လည်း လိုအပ်ပါတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတမှ ကျန်းမာခြင်း အစစ်အမှန်လို့ ဆိုထားတယ်။ ဒီနှစ်ခုလုံး ညီညွတ်မျှတဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ လူဖြစ်လို့ ဝမ်းနည်းတာ၊ဝမ်းသာတာ၊စိတ်ဓာတ်ကျတာ၊စိတ်လှုပ်ရှားတာခံစားရတယ်။ ခန္ဓာဖြစ်လို့ ဖျားနာကိုက်ခဲ ဝေဒနာမျိုးစုံ ခံစားရတယ်။ နှစ်သစ်အတွက် ဆုမွန်မတောင်းခင် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာဖို့ လိုက်နာရှောင်ကြဉ်ရမယ့် အချက်တွေကို အရင်ဖော်ပြပါရစေ။

Monday, December 23, 2013

ဆောင်းရာသီမှာ ဆင်ခြင်စရာ

ရာသီအကူးအပြောင်းတိုင်းမှာ ကျန်းမာရေးအတွက် သတိထား၊ဆင်ခြင်စရာ ပေါများပါတယ်။ ဒီနှစ်မှာ မန္တလေးဆောင်းရာသီက အဝင်နှေးတယ်။ အအေးကြမ်းတယ်။ ရာသီဥတုက ပိုပြင်းလာတယ်။ သိသိသာသာအေးလာတာက ဒီရက်ပိုင်းတွေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သတိပြုနေထိုင်စရာတွေလည်း တပုံတပင်နဲ့ပါပဲ။ ဒီတပတ်အတွက် ဆောင်းရာသီမှာ အဖြစ်များတဲ့ရောဂါတွေနဲ့ နေထိုင်ပုံတွေကို ဖော်ပြပေးပါမယ်။

အအေးမိခြင်း
အအေးမိ၊နှာစေးဆိုတာ ဆောင်းရာသီမှာ အဖြစ်များဆုံးပါ။ နှာချေ၊ချောင်းဆိုးခြင်းကတဆင့် ကူးစက်နိုင်တယ်။ ရောဂါရှိသူ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ထိတွေ့၊ကိုင်တွယ်ခြင်းမှ ကူးစက်နိုင်တယ်။ အသုံးအဆောင်တွေ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်တယ်။ ကာကွယ်ဖို့အတွက် ရေနွေးနဲ့ လက်ဆေးတဲ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဆပ်ပြာသုံးပါ။ ရေများများသောက်ပါ။ အေးတာမှန်သမျှ ရှောင်ပြီး ပူတာတွေကိုဆောင်ပါ။ 

Monday, December 16, 2013

ကျန်းမာရေးအတွက် အိပ်စက်ခြင်း

ကျွန်တော်တို့ဟာ နေ့စဉ် နေ့တိုင်း အိပ်စက်နေကြတယ်။ အထူးသဖြင့် ညဖက်မှာ လူတိုင်း အိပ်စက်အနားယူကြတယ်။ ကျွန်တော်တို့ ဘာကြောင့် အိပ်စက်အနားယူရပါသလဲ။ တကယ်တော့ လက်ရှိချိန်ထိ အိပ်စက်ခြင်းအကြောင်းကို သေသေချာချာမသိရှိရဘူး။သိထားသမျှက ဦးနှောက်လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်စေဖို့သာ ထင်မှတ်ရတယ်။ လေ့လာမှုတွေအရ နေ့စဉ် ၈နာရီလောက် အိပ်စက်ခြင်းကြောင့် အပိုထွက်လာတဲ့စွမ်းအင်ပမာဏဟာ 50kcalလောက်သာ ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါ့ကြောင့် အားအင်သစ်တွေဖြစ်ထွန်းဖို့ဆိုတဲ့ အယူအဆဟာလည်း အပြည့်အဝမမှန်ကန်တာ တွေ့ရတယ်။ အိပ်စက်ခြင်းကို လူတချို့က အပိုအလုပ်တွေအဖြစ် ထင်မှတ်ကြတယ်။မာဂရက်သက်ချာ၊နိုင်တင်ဂေးနဲ့ နပိုလီယမ်စသူတွေက အိပ်စက်ခြင်းကို အချိန်ဖြုန်းတီးတယ်လို့ ယူဆခဲ့ကြတယ်။ လက်တွေ့ကျကျပြောရရင် အိပ်စက်ခြင်းဟာ လူသားတွေကို ကောင်းကျိုးပြုတယ်။စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ အားအင်သစ်တွေ ဖြစ်ထွန်းစေတယ်။ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကောင်းဖို့ လုံလောက်အောင် အိပ်စက်အနားယူဖို့ လိုအပ်တယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ လူတယောက်ဟာ ၆-၈နာရီထိ အိပ်စက်ဖို့လိုအပ်တယ်လို့ တွေ့ရှိရတယ်။ လူ့ဘဝရဲ့ လေးပုံ(သို့)သုံးပုံ တစ်ပုံကို အိပ်စက်ခြင်းနဲ့ ဖြတ်သန်းနေကြရတယ်။ 

Monday, December 9, 2013

ဆေးပညာကပြောတဲ့ ရေအကျိုးဆယ်ပါး

ရေသောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်းက ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို သွေးကြောကတဆင့် သယ်ဆောင်ပေးနေတာ ရေရဲ့ အာနိသင်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ချွေး၊တံထွေး၊ဆီး၊ဝမ်းစတာတွေကတဆင့် ရေဓာတ်တွေ နေ့စဉ်ဆုံးရှူံးနေရတယ်။ နေ့စဉ်ဆုံးရှူံးတာကို ပြန်လည်မဖြည့်တင်းနိုင်ရင် ခန္ဓာကိုယ်ကို ဒုက္ခပေးတယ်။ ခန္ဓာကိုယ်က ရေလုံလောက်အောင် မရရှိရင် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့ဘူး။ဒီတော့ ပြန်လည်ဖြည့်တင်းရတယ်။ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ နေ့စဉ် ရေဘယ်လောက် သောက်သုံးသင့်ပါသလဲ။ ဒီအမေးအတွက် အဖြေအဆင်သင့် ရှိပြီးသားပါ။ တနေ့ကို ရေအနည်းဆုံး ၈ခွက်သောက်သင့်တယ်လို့ ပညာရှင်အချို့က သတ်မှတ်ကြပါတယ်။ ခြောက်သွေ့တဲ့အပူပိုင်းဒေသမှာ နေထိုင်သူတွေဟာ ရေဓာတ်ပိုမိုလိုအပ်တာ တွေ့ရတယ်။ ဒီဒေသတွေမှာ အမျိုးသားတယောက်အတွက် ရေ ၃လီတာ(ရေသန့်၃ဗူး)၊ အမျိုးသမီးတယောက်အတွက် ရေ၂လီတာ(ရေသန့်၂ဗူး) နေ့စဉ်လိုအပ်ပါတယ်။သတိပြုရမှာက မိမိသောက်သုံးမယ့်ရေဟာ သန့်ရှင်းပြီး ရောဂါကင်းစင်ဖို့တော့ လိုအပ်ပါတယ်။ ဝမ်းသာစရာကောင်းတာတခုက ရေကို  လုံလောက်မျှတအောင် သောက်သုံးပေးခြင်းဖြင့် အောက်ပါအကျိုးအာနိသင်တွေ ရရှိတာကို တွေ့ရှိရပါတယ်။

Saturday, December 7, 2013

အရေပြားတွင် အနီဖုများပေါက်ခြင်း

ဒေါက်တာခင်ဗျား
နေ့စွဲ။ ၂၄၊၁၁၊၂၀၁၃ (တနင်္ဂနွေနေ့)
ကျွန်တော့တွင် ပူးတွဲပါ ဓာတ်ပုံထဲမှ အတိုင်းယားနာများ ပေါက်နေပါသဖြင့် မည်သို့ ကာကွယ်၍ မည်သည့်ဆေးဝါးများ မှီဝဲသင့်ကြောင်း ပြန်ကြားပေးပါခင်ဗျာ။ 
၆၊၁၁၊၂၀၁၃ နေ့ညနေပိုင်းတွင် ယားဖုလေးတစ်ဖု လက်ဖျံတွင် စပေါက်ပါသည်။ ၄ ရက်ကြာပြီး လက်ဖျံနေရာ ကျဲကျဲတွင် ထပ်ထွက်လာ၍ ဆရာဝန်နှင့် သွားတွေ့ပါသည်။ 
ဆရာဝန်မှ ပထမ chickenpox ဆိုပြီး 
CHLORPHENIRAMINE 4MG 10 TAB
(၁၀) လုံး ကို ညနေပိုင်းတစ်နေ့တစ်လုံးသောက်ခိုင်း၍
CETIRIZINE 10MG (၁၀) လုံး ကို မနက်ပိုင်း တစ်နေ့တစ်လုံး သောက်ခိုင်းပါသည်။ လိမ်းရန် ပန်းနုရောင် CALAMINE LOTION လည်း ပေးပါသည်။
(၁၀) ရက်ပြည့်၍ မပျောက်သောအခါ chickenpox မဟုတ်ဟုဆိုကာ CETIRIZINE 10MG ကိုသာ မနက်တိုင်း တစ်နေ့ တစ်လုံးသောက်ရန် ညွှန်ကြားပါသည်။ လိမ်းဆေးပန်းနုရောင် CALAMINE LOTION လည်းပေး၍လိမ်းရပါသည်။ ပျောက်ကင်းရန် ၆ ပတ်ခန့် အချိန်ယူရမည်ဟုလည်း ပြောပါသည်။ ယခုအခါ မသက်သာပဲ ပို၍ အနီစက်များ များလာပါသဖြင့် မည့်သို့ပြုလုပ်သင့်သည်ကို ပြန်ကြားအကြံဥာဏ် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။

ကို__

Monday, December 2, 2013

ညီညွတ်မျှတ အာဟာရဖြစ်ဖို့

အရင် တပတ်က ကယ်လိုရီအကြောင်းကို ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ ကယ်လိုရီအကြောင်း သိပြီးတဲ့နောက် အင်နာဂျီကိုအဓိက ပေးစွမ်းနိုင်တဲ့ အစားအသောက်မှာ ပါဝင်တဲ့ အာဟာရဓာတ်သုံးမျိုး ကို ဆက်လက်ဖော်ပြပါမယ်။ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအသောက်တွေမှာ ကစီဓာတ်(carbohydrate)၊ ပရိုတင်းဓာတ်(protein)၊ အဆီဓာတ်(fat)ဆိုပြီး အာဟာရသုံးမျိုးပါဝင်ပါတယ်။ ဒီအစားအစာသုံးမျိုးကနေ စွမ်းအင်ကယ်လိုရီတွေ ရရှိနေပါတယ်။ကျန်းမာချင်တယ်ဆိုရင် အာဟာရဓာတ်သုံးမျိုးကို ညီညွတ်မျှတအောင် စားသုံးပေးရမှာ ဖြစ်ပါတယ်။

Sunday, November 24, 2013

ကယ်လိုရီနဲ့ အင်နာဂျီ

ကယ်လိုရီ(calories)ဆိုတာ အစားအသောက်တွေရဲ့ စွမ်းအင်(energy)တန်ဖိုးဖြစ်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့စွမ်းအင်တန်ဖိုးကို ကယ်လိုရီ(Calories)နဲ့ တွက်ချက်ကြတယ်။ နိုင်ငံခြားကလာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ထည့်သွင်းကြတယ်။  ဆေးတော်တော်များများမှာ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို ၂၀၀၀ကယ်လိုရီပေါ် အခြေခံပြီး တွက်ချက်ကြတယ်။ အစားအသောက်ထုပ်ပိုးမှုအချို့မှာ အလေးချိန်ဂရမ်ပေါ်မူတည်ပြီး ကယ်လိုရီဘယ်လောက်ပါဝင်လဲ သိရှိနိုင်တယ်။ စားသောက်ကုန်ပစ္စည်းအများစုမှာ ကယ်လိုရီဆိုတာ မပါမဖြစ်စကားလုံးဖြစ်လာတယ်။ အဝလွန်သူ၊ပိန်ချင်သူတွေပေါများတဲ့ ဒီနေ့ခေတ်ကာလမှာ ကယ်လိုရီနည်းတာတွေက ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။  ကယ်လိုရီနည်းမှ လူရာဝင်တယ်၊ပိန်တယ် ဖြစ်လာတယ်။ ဒါ့ကြောင့် ကယ်လိုရီအကြောင်း ပိုမိုသိဖို့ လိုအပ်လာပါတယ်။

Wednesday, November 20, 2013

ဘီပိုးရှိရင် ယားတတ်သလား

ဆရာရှင့်
ကျွန်မက HBV Positive
တစ်ယောက်ပါ၊ဆေးကုသမှုခံယူခြင်းမရှိခဲ့ပါဘူး၊ပြီးခဲ့တဲ့
၁နှစ်ကျော်လောက်ကစပြီး
blood allergy ဖြစ်လာပါတယ်။အရင်ကတော့ ၃..၎
လနေမှတစ်ခါလောက်ဖြစ်ပါတယ်.အစပိုင်းကတော့သတိမထားမိပါဘူး
အရင်ကလဲတစ်ခါမှမဖြစ်ဖူးပါဘူး
အခုနောက်ပိုင်း၁လကျော်ရင်တစ်ခါလောက်ဖြစ်လာပါတယ်၊၊ဖြစ်တဲ့အခါတိုင်းညမအိပ်နိုင်လောက်အောင်
အရမ်းယားပါတယ် ဖြစ်နေကျနေရာတွေ(နှုတ်ခမ်း၊မျက်နှာ၊လက်ကောက်ဝတ်၊ခြေညိုး
နဲ့ ခြေဖ၀ါးအစပ်)မှာပဲဖြစ်ပါတယ်။အဲဒီနေရာတွေမှာ
ယောင်လာပြီးသွေးတွေကသွားစုနေသလိုညိုနေပြီးတခါတလေ
ခရမ်းရောင်တောင်သမ်းနေပါတယ်။ကိုင်ကြည့်ရင်လဲအရမ်းပူနေပြီး
၃..၄..ရက်လောက်ကြာတတ်ပါတယ်
ပျောက်သွားတဲ့အခါမှာ
အဲဒီနေရာတွေမှာအမာရွတ်(ရေနွေးပူလောင်သလိုမဲမဲအကွက်)ကျန်ခဲ့ပါတယ်..အရင်က
အစားအသောက်နဲ့မတည့်လို့ လို့ထင်ပြီးရိုးရိုးဆေးခန်းသွားပြပါတယ်
..ဆေးခန်းကဆေးထိုးဆေးသောက်လုပ်ပေးလိုက်၇င်ယားတာနဲနဲသက်သာပြီး
ယောင်တာလဲကျသွားပါတယ်..ဆေးရှိန်ပျယ်ရင်ပြန်ယားပါတယ်..ပြီးရင်အိပ်ရေးလဲဝပေမဲ့
မျက်ကွင်းတွေနှုတ်ခမ်းတွေကအမြဲညိုနေပါတယ်.ဆီးကလဲအရမ်းဝါပါတယ် ..menses
လဲမှန်ပါတယ်..
အဲဒါ B ပိုးကြောင့်ဖြစ်တာလား...ဒါမှမဟုတ်ဘယ်လိုမျိုးကြောင့်ပါလဲ..ဘယ်လိုဆေးဝါးကုသမှုခံယူသင့်ပါသလဲဆိုတာသိချင်ပါတယ်ရှင့်။

ဆရာကျန်းမာချမ်းသာပါစေ။

လေးစားစွာဖြင့်

Monday, November 18, 2013

ဒဏ်ရာရတဲ့အခါ အပူနဲ့အအေး ဘယ်လိုရွေးမလဲ


ရှေးယခင် နှစ်ပေါင်းများစွာကတည်းက လူတွေဟာ နာကျင်မှုကို အံတုဖို့ အပူဖြစ်စေ၊အအေးဖြစ်စေ အလျှင်းသင့်သလို အသုံးပြုခဲ့ကြပါတယ်။ တကယ်လည်း နှစ်မျိုးလုံးဟာလည်း သူ့ဟာနဲ့သူ အကျိုးရှိကြပါတယ်။ ဒါကြောင့်လဲ ဆေးပညာမှာ ရောဂါတွေ၊ဒဏ်ရာတွေကို ကုသဖို့ အအေးနည်း(cold therapy)နဲ့ အပူနည်း(hot therapy)ကို အသုံးပြုကြတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ တချို့က ကြပ်ထုပ် ထိုးတယ်။ အပူကပ်တယ်။ တချို့က ရေခဲကို သုံးတယ်။ရေအေးဝတ်ကပ်တယ်။ မေးစရာကောင်းတာတခုက ဘယ်အချိန်မှာ ဘယ်နည်းလမ်းက သင့်တော်လဲ၊မှန်ကန်လဲ ဆိုတာပါ။ အပူနဲ့ အအေး ကျွန်တော်တို့ ဘယ်လိုရွေးချယ်ကြမလဲ။

Monday, November 11, 2013

သကြားအစားထိုးပစ္စည်းတွေကြား ဘာကွာခြားလဲ

သကြားတစ်ဇွန်းမှာ အချိုဓာတ်အပြင် အင်နာဂျီကို ဖြစ်စေတဲ့ ကယ်လိုရီဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်တာကြောင့် အဆီပိုတွေစုပြီး ဝိတ်တက်နိုင်တယ်။ ဆီးချိုသမားတွေနဲ့ မသင့်တော်ဘူး။ သွားတွေ ပျက်ဆီးနိုင်တယ်။ နောက်ပိုင်း ကျန်းမာရေးပြဿနာတွေ များလာတယ်။ ဒါ့ကြောင့် ၁၉၆၀နောက်ပိုင်းကစပြီး သကြားအစားထိုးဆိုတာတွေ ခေတ်စားလာတယ်။ သကြားအစားထိုးဆိုတာ သကြားလို အချိုဓာတ်ပါဝင်ပေမယ့် ကယ်လိုရီနည်းတာကြောင့် low calorie sweetenerလို့လည်း ခေါ်ကြတယ်။ artificial sweetenerလို့လည်း တမျိုးခေါ်နိုင်တယ်။

Thursday, November 7, 2013

စိတ်ညစ်စရာ အရေပြားရောဂါ(သို့)ခရုသင်း

ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။လက်တင်စကားမှာ  "vitium"အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။"ligo"ဆိုတာ နောက်ဆက်စကား ပေါင်းစည်းခြင်း၊အကြောင်းရင်းတဲ့။ တော်တော်များများ မှားနေတာက vitiligoရဲ့ အသံထွက်ပါ။တကယ့်အသံထွက်က "ဗစ်တယ်လိုက်ဂို"ဆိုမှ မှန်တယ်။ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁၀ရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။နာမည်ကျော်တွေထဲက မိုက်ကယ် ဂျက်ဆင်၊ဒေါ့ဂ် ဟမ်မာ၊ဂျိုး ရိုဂမ်နဲ့ ဟိုလီ မယ်ရီကွန်းတို့မှာ ဒီရောဂါရှိနေတာ တွေ့ရပါတယ်။ရောဂါဆိုတာထက် စိတ်ညစ်စရာလို့ပြောရင် ပိုမှန်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်လို့ပါ။

Wednesday, November 6, 2013

ကွမ်းယာမစားခင် ဖတ်စေချင်

ဒီရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ဆိုးကျိုးတွေကို သတိပေးချက် ထုတ်ပြန်လာတာ တွေ့လာရပါတယ်။ ရှေးမြန်မာမင်းလက်ထက် အစဉ်အဆက်စားလာတာမို့ ရှေးထုံးကိုမပယ်ချင်သူတွေက မေးခွန်းထုတ်ကြတယ်။ နည်းနည်းဗဟုသုတရှိသူက ကွမ်းရွက်ဆိုတာ ဆေးဖက်ဝင်တယ်။ လွန်ခဲ့တဲ့နှစ်၂၀၀၀ကျော်လောက်ကတည်းက သုံးခဲ့ကြတယ်။ ဘယ်ကဘယ်လို ဆိုးကျိုးပေးတာလဲ မေးကြတယ်။ တချို့ကလည်း ကွမ်းယာထဲမှာ ဆေးရွက်ကြီးမထည့်ရင် ဆိုးကျိုးမပေးနိုင်ပါဘူး ငြင်းကြတယ်။ ကွမ်းယာ သဘောက စားပါများရင် ဆေးရွက်ကြီးမပါလည်း ရေရှည်မှာ ဆိုးကျိုးပေးတာ တွေ့ရပါတယ်။ ဘယ်လိုဆိုးကျိုးပေးလဲဆိုတာ ကျန်းမာရေးရှုထောင့်အရ သုံးသပ်ပြီး ဖော်ပြပါမယ်။

Sunday, October 6, 2013

ပန်ကရိယ ရောင်ရမ်းခြင်းနဲ့ ကုသခြင်း

ကျွန်တော် ဆေးပညာဆောင်းပါးတွေ၊ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဂျာနယ်၊မဂ္ဂဇင်း၊သတင်းစာနဲ့ ကိုယ်ပိုင်ဘလော့ခ်တွေမှာ ရေးခဲ့တာ ကြာပါပြီ။ ကိုယ်တိုင်ရေးတာတွေသာများပြီး တိုက်ရိုက်ကူးချတာမျိုး တတ်နိုင်သမျှ ရှောင်ပါတယ်။ကျွန်တော့ဘဝမှာ ဆေးကုမ္ပဏီရဲ့ဖိတ်ကြားချက်နဲ့ ဆေးဝါးမိတ်ဆက်ပွဲတွေ တက်ခဲ့တာ မနည်းပါဘူး။ ဒါပေမယ့် ဆောင်းပါးအနေနဲ့တော့ မရေးဖြစ်ခဲ့ဘူး။ ဒီရက်ပိုင်းတွေမှာ ဆေးကုမ္ပဏီရဲ့ sponsorနဲ့ အထူးကုတွေက symposiumတွေလုပ်ကြ၊ပြောကြတဲ့အခါ အဲဒီအကြောင်းတွေ ဖော်ပြချင်လာတယ်။ဆိုင်ရာအထူးကုတွေ ဆွေးနွေးကြတဲ့ ပြောင်းလဲလာတဲ့ ဆေးပညာ ကုထုံးတွေ၊သဘောတရားတွေကို ပြန်လည်ဖော်သည်ချချင်လာတယ်။ အထူးသဖြင့် symposiumမတက်လိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေ၊ ဆေးပညာစိတ်ဝင်စားသူတွေ အလွယ်တကူဖတ်လို့ရအောင် ကိုယ်ပိုင်ဘလော့ခ်မှာ တင်ပေးဖို့ စိတ်ကူးရလာတယ်။နောက်တချက်က သူတို့ပင်ပင်ပန်းပန်းကြိုးစား စုဆောင်းထားတဲ့စာတွေ အလကားဖြစ်မှာ စိုးရိမ်လို့တချက်လည်း ပါပါတယ်။ ဒါ့ကြောင့် ဒီနောက်ပိုင်းကစပြီး ဆေးပညာဆိုင်ရာ နောက်ဆုံးကုထုံးများ ခေါင်းစဉ်အောက်မှာ ဆိုင်ရာအထူးကုတွေရဲ့ တင်ပြချက်များကို အနှစ်ချုပ်ပြီး ပြန်လည်မျှဝေပေးပါမယ်။

Friday, October 4, 2013

ဖိုးဖိုးဖွားဖွား သတိထားစရာ ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါဆိုတာ အသက်ကြီးတဲ့လူတွေမှာ အဖြစ်များတယ်။ ဖြစ်ပွားမှုက Alzheimer's ရောဂါပြီးရင် ဒုတိယလိုက်ပါတယ်။လူ့သက်တမ်းဟာ တိုတောင်းလှပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အို၊နာ၊သေဘေးကို ဘယ်သူမှ ပြေးမလွတ်နိုင်ဘူး။ အိုမင်းယိုယွင်းမှုရဲ့နောက်မှာ ပျက်စီးခြင်းဆိုတာပါလာတယ်။ အသက်ကြီးလာတဲ့အခါ ဦးနှောက်နာ့ဖ်ကြောတွေ ယိုယွင်းပျက်ဆီးလာပါတယ်။  "ပျက်အစဉ် ပြင်မရတာထဲမှာ ဦးနှောက်နဲ့ အာရုံကြောရောဂါ"တွေလည်းပါတယ်။  လူငယ်သဘောက နှေးကွေးတာကို မကြိုက်ဘူး။ သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှားရှိမှ လူရာဝင်တယ်။ အသက်ကြီးတဲ့အခါ လေးတိလေးကန်သွားနေတဲ့အခါ စိတ်မရှည်ချင်ဘူး။ အမှန်က လှုပ်ရှားမှုနှေးကွေးတာ ဇရာသဘောပါ။ ဆေးပညာအရ အာရုံခံကြောတွေ ပျက်ဆီးလာတဲ့အခါ ဒီလိုပဲ တုန်တုန်ရီရီနဲ့ လေးလံလာတယ်။ နှေးကွေး၊လေးလံမှုနဲ့ ဇရာသဘောကို ဆောင်တဲ့ရောဂါတွေထဲမှာ ပါကင်ဆန်ရောဂါလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပါကင်ဆန်ရောဂါဆိုတာက slow progressive degenerative diseaseတဖြည်းဖြည်း ပိုဆိုးလာတဲ့ရောဂါမျိုး ဖြစ်ပါတတယ်။ အသက်၆၀ကျော်ရင် ဖြစ်ဖို့ရာခိုင်နှုန်းက ၁ရာခိုင်နှုန်း၊ ၈၀ကျော်အရွယ်မှာ ၂-၄ရာခိုင်နှုန်းရှိတယ်။ အသက်၅၀မတိုင်မှီ ရောဂါဖြစ်သူ ၁၀ရာခိုင်နှုန်း ရှိပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် တစ်ဆခွဲလောက် ပိုအဖြစ်များတယ်။ 

Monday, September 23, 2013

သိုင်းရွိုက်ဟော်မုန်းများတဲ့အခါ ဘယ်လိုဓာတ်စာ စားမလဲ

thyroid ကြောင့် ဟော်မုန်းများတဲ့ရောဂါကိုဘယ်လိုကုသရမလဲဆရာ။ နောက်ပြီး ဘယ်လိုဓာတ်စာတွေစားရမလဲသိချင်လို့ပါ။အခုလောလောဆယ် YGN ဆေးရုံကြီးကပေးထားတဲ့ဆေးတွေသောက်နေပါတယ်။


သိုင်းရွိုက်ဆိုတာ အသက်၂၀-၅၀အတွင်း သက်လတ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များတယ်။သိုင်းရွိုက် ဟော်မုန်းများတာကို thyrotoxicosis လို့ခေါ်တယ်။ ရောဂါဆိုတာထက် လက္ခဏာလို့ပြောရင် ပိုမှန်တယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေက autoimmune ရောဂါအခံရှိလို့၊အစားအသောက်၊ဆေးဝါး၊ ဗိုင်းရပ်စ်ပိုး တခုခုကြောင့် ဖြစ်နိုင်တယ်။ ၇၀ရာနှုန်းက grave's diseaseခေါ်တဲ့ ခုခံအားချင်း ပြန်တိုက်လို့ thyrotoxicosis လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ဆေးသောက်တာ၊အိုင်အိုဒင်းဓာတ်ရောင်ခြည်ပေးတာ၊ခွဲစိတ်တာ စသည်ဖြင့် အမျိုးမျိုးလုပ်နိုင်တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးမှ ပြသပြီး ဖြစ်တာကြောင့် သိပ်မစိုးရိမ်ပါနဲ့။ ရောဂါကုသဖို့ လိုအပ်တာကို သူတို့က ဆက်လုပ်ပေးပါလိမ့်မယ်။ အစားအစာဆောင်ရန်၊ရှောင်ရန်တွေကိုတော့ အောက်မှာ ဖော်ပြပေးပါမယ်။

Wednesday, August 21, 2013

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကျက်မြန်အောင်

၁။ထိခိုက်ဒဏ်ရာရရင် အနာကို ရေနွေးနဲ့ သန့်စင်အောင် ၁၀မိနစ် အရင်ဆေးကြောပါ။ ပြီးရင် drip lineချိတ်တဲ့ စလိုင်းပုလင်းကို ဖောက်ပြီး အနာကို ထပ်မံဆေးကြောပါ။
၂။သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရ သွေးထွက်တဲ့နေရာကို compressလုပ်ပြီး ဖိရင် 50mmHgဖိအားလောက်သာ သုံးရပါတယ်။ သွေးလွတ်ကြောရောဂါအခံရှိလျင် 25mmHgဖိအားလောက်သာ သုံပေး သင့်ပါတယ်။
၃။အမှိုက်သရိုက်များ၊ ပျက်ဆီးနေသော ဆဲလ်များအား ဖြတ်ထုတ်၊ဖယ်ရှားပါ။ ယေဘုယျအားဖြင့် ပျက်ဆီး၊ယိုယွင်းသော အနာများသည် နာကျင်ခြင်းမရှိသလို ဖြတ်တောက်သည့်အခါ သွေးမထွက်နိုင်ပါ။ အရေးကြီးဆုံးအချက်မှာ အနာကိုဆေးမလိမ်းမှီ၊ပတ်တီးမစီးမှီ သေချာသန့်စင်အောင် ဆေးကြောဖို့လိုအပ်ပါတယ်။

Saturday, August 17, 2013

အူလှုပ်ရှားမှုမမှန်တာ ပျောက်နိုင်ပါ့မလား


ဆရာခင်ဗျား
              ကျွန်တော်က အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါ ဖြစ်နေတာပါ။ အူလမ်းကြောင်းနဲ့ အစာအိမ်ကိုလဲ မှန်ဘီလူးကြည့်ဖူးပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တဲ့ရောဂါ ဟုပြောပါသည်။ မနက်တိုင်း ဝမ်း၃ ၄ ခါ သွားပါသည်။ တစ်ခါတစ်လေ ပိုအကြိမ်ရေများပါသည်။ ဝမ်းမှာလည်း တစ်အားပျော့လွန်းပါသည်။ အခုနောက်ပိုင်း အစာမရှိလျှင် ဗိုက်ထဲတွင် လေတွေများလာပြီး သိသိသာသာကို ဖောင်းလာပါသည်။ အစာမှာလည်း တစ်ခါစားလျှင် အရင်လို အများကြီးမစားနိုင်ဘဲ နဲနဲဘဲ စားနိုင်ပါတော့သည်။ ခန ခနလဲ ဆာပါသည်။ ဆရာခင်ဗျား ပျောက်နိုင်မပျောက်နိုင် သိလိုပါသည်။ အဆိုးဆုံးမှာ ဝမ်းသွားခြင်း ဖြစ်ပါသည်။
                                                                                                 လေးစားစွာဖြင့်

Thursday, August 15, 2013

ဝချင်လှချင် ဝိတ်တက်လိုလျှင်

ငယ်စဉ်ကတည်းက "ဝလို့ လှလို့ပါလား"၊"ဝမှလှတာ" ဆိုတာတွေ ကြားဖူးခဲ့ကြပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုသလိုပဲ ပိန်တဲ့ သူက ဝချင်ကြတယ်။ဝနေတဲ့သူကလည်း ပိန်ချင်ပြန်တယ်။  ပိန်သွားတဲ့အခါ စိတ်တိုင်းမကျသေးဘဲ ပြန်ဝချင်လာပြန်ရော။ ကျန်းမာရေးအရ လူတယောက်ဟာ ဝလွန်းရင် မကောင်းသလို ပိန်လွန်းရင်လည်း မကောင်းပြန်ဘူး။ အဝလွန်ရင် သွေးတိုး၊ဆီးချိုစတာတွေ အဖြစ်များသလို ပိန်လွန်းပြန်ရင်လည်း ရောဂါပိုးဝင်ရောက်ဖို့ လွယ်ကူပြန်တယ်။ပိန်သေးသေးကလေးငယ်တွေဟာ သာမန်ကလေးတွေထက် ရောဂါပိုမိုထူပြောတာတွေ့ရပါတယ်။ ဒီဆောင်းပါးဟာ ပိန်နေတဲ့အခါ  ဝလာအောင်၊ဝိတ်တက်လာအောင် ဘယ်လိုနေထိုင်စားသောက်မလဲဆိုတာ လမ်းညွှန်ပေးပါလိမ့်မယ်။

Wednesday, August 14, 2013

မျက်စိပါဝါ ဖြေကြားပေးပါ

ဆရာ ကျန်တော်မျက်စိက ပါဝါ ၁၅၀ရှိပါတယ်။ ဘယ်ဖက်က ၁၂၅ပါ။မနေ့က မျက်စိသွားစမ်းတော့ ပါဝါနဲနဲတက်တယ်ပြောပါတယ်။ အစိတ်တက်သွားပြီတဲ့။အဲဒါမျက်မှန်ထပ်လုပ်ရမယ်ဆိုလို့လုပ်ခဲ့ပါတယ်။ သိချင်တာက မျက်စိပါဝါက ဒီလိုဘဲအမြဲတက်နေမှာလား။မတက်အောင်ဘာလုပ်ရမလဲ။ဆောင်ရန်၊ရှောင်ရန်သာမက ဘယ်လိုမျက်စိအားဆေးမျိုးသောက်ရမလဲ။ကျွန်တော်အသက်က အခုမှ ၁၉နှစ်ပဲ ရှိပါတယ်။ GTCတက်နေတာပါ။ကွန်ပျူတာတော့ နှိပ်ဖြစ်ပါတယ်။ မျက်စိပါဝါကျအောင် ဘာလုပ်သင့်လဲ ဖြေကြားပေးပါခင်ဗျာ။
(မျက်စိအဖြေစာရွက်ကိုပါ ပူးတွဲပေးပို့လိုက်ပါတယ်။)

လေးစားစွာဖြင့်
_

Thursday, August 8, 2013

အင်ကြင်းဖြူ၊ ဓူဝံနှင့် Hi Techဓာတ်ခွဲခန်း

အင်ကြင်းဖြူ ဓာတ်ခွဲခန်း
အမှတ်(၅၁)၊ လမ်း ၃၀၊ ၇၇နှင့် ၇၈လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၂၃၇၁၄၊ ၆၀၆၁၃


ဓူဝံ ဓာတ်ခွဲခန်း
အမှတ်(၁၀၂)၊၂၈လမ်း၊ ၇၅နှင့် ၇၆လမ်းကြား၊မန္တလေးမြို့။
ဖုန်း ၀၂-၆၅၃၇၀၊ ၀၉-၂၀၁၉၄၈၉

လင်းရောင်ခြည် ဓာတ်ခွဲခန်း

Center(1)
၆၂လမ်း၊ခတ္တာလမ်းနှင့် စွယ်တော်လမ်းကြား၊သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်၊မြို့သစ်(၁)၊မန္တလေးမြို့။
ဖုန်း ၀၉-၂၀၀၇၂၅၄၊ ၀၉-၇၃၂၄၆၉၉၀

Center(2)
မြနန္ဒာလမ်းပေါ်၊ ဘုရင့်နောင်လမ်းနှင့် ယင်းမာလမ်းကြား၊ mobile နဂါးနှင့်ကပ်လျက်၊အမှတ်(၂)၊မြို့သစ်၊မတ္တရာမြို့။
ဖုန်း ၀၉-၄၀၂၆၅၀၈၄၀

Right Labဓာတ်ခွဲခန်း

Centre(1)
အမှတ်(၁)၊ ၇၇လမ်း၊ ၂၉နှင့် ၃၀လမ်းကြား၊မန္တလေး ပြည်သူ့ဆေးရုံကြီးအနီး၊သွေးလှူဘဏ်ရှေ့၊မန္တလေးမြို့။
ဖုန်း ၀၂-၃၁၂၄၉

Centre(2)
အေးချမ်းသာအထူးကု ဆေးခန်း
အမှတ်(၁၄၁)၊လမ်း၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊မန္တလေးမြို့။
ဖုန်း ၀၂-၃၁၅၉၃

ချမ်းငြိမ်းအောင် ဓာတ်ခွဲခန်း

Centre(1)
အမှတ်(၇၁/က)၊၂၉လမ်း၊ ၇၃နှင့် ၇၄လမ်းကြား၊ မန္တလေးမြို့။
ဖုန်း- ၀၂ ၃၉၇၇၅၊ ၆၁၅၉၇၊ ၆၆၀၉၇

Centre(2)
အမှတ်(၁၅၅)၊ ၈၃လမ်း၊ ၂၄နှင့် ၂၅လမ်းကြား၊ မန္တလေးမြို့။
ဖုန်း- ၀၂ ၃၉၇၇၁၊ ၇၂၈၈၁

ဆေးရုံဓာတ်ခွဲခန်းများ လိပ်စာသိလိုပါသလား

နန်းတော်ဆေးရုံ ဓာတ်ခွဲခန်း
၇၁လမ်း၊ ၂၈နှင့် ၂၉လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၆၀၄၄၃၊ ၆၀၄၄၅၊ ၆၀၄၄၆၊ ၆၀၄၄၇၊ ၆၀၄၄၈၊ ၆၀၄၄၉


ငြိမ်းဆေးရုံ ဓာတ်ခွဲခန်း
အမှတ်(၃၃၃)၊ ၈၂လမ်း၊ ၂၉နှင့် ၃၀လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၃၂၀၅၀၊ ၃၄၇၉၅၊ ၆၅၄၆၀


Cityဆေးရုံ ဓာတ်ခွဲခန်း
သိပ္ပံလမ်း၊ ၆၅နှင့် ၆၆ကြား၊ မန္တလေးမြို့။
ဖုန်း ၀၂-၆၆၈၅၁၊ ၆၆၈၅၂၊ ၆၂၃၀၇

Wednesday, July 31, 2013

ဟိုနေရာအရင်းမှာ အသားပိုလိုအဖုလေး ပေါက်နေလို့ပါ

အရင်​ဆုံး မိတ်​ဆက်​ပါရ​စေ ကျွန်​​တော့်​နာမည်​ ကို_ပါ အသက်​က ၃၃ ပါဆရာ ..မန်းတ​လေးကပါပဲ ဆရာ့​ဆေးခန်းကိုလဲလာပြဘူးပါတယ်​ ..ကျွန်​​တော်​​မေးချင်​တာတစ်​ခု​လောက်​ရှိလို့ပါ ​ဆေးခန်းလာပြရမှာလဲနဲနဲရှက်​လို့ပါ ...:ဒီလိုပါ ကျွန်​​တော့်​ လိင်​တန်​ အရင်းမှာ လွန်​ခဲ့တဲ့ ၆ လ​လောက်​ အသားပိုလိုဟာ​လေး အဖု​လေး​ပေါ့ဗျာ ​ပေါက်​လာတယ်​ ကျွန်​​တော်​လဲ ကြာရင်​​ပျောက်​သွားမှာပဲဆိုပီး ထားတာ ခုပိုပိုကြီးလာပီး ​ပြောင်းဖူး​စေ့​လောက်​ရှိလာပါတယ်​ဆရာ နာကျင်​မှု​တော့မခံစားရပါဘူး ..သူ့ပုံစံက ​ပန်း​ဂေါ်ဖီအ​သေးစား​လေးလိုပဲ အ​ပေါ်ယံက အဖု​လေး​တွေနဲ့ပါ အဲဒါကြီးကြီးလာရင်း တခုခု ဖြစ်​မှာဆိုးလို့ ဘာလုပ်​သင့်​သလဲတိုင်​ပင်​ကြည့်​တာပါ အကြံညဏ်​​လေး​ပေးပါ​ပြောပြပါဦးဆရာ ​ကျေးဇူးအများကြီးတင်​ပါတယ်​ဗျာ ​ဆေးခန်းလာပြမှရမယ်​ဆိုလည်း ပြရမှာ​ပေါ့ဆရာ ကြို​မေးထားတာပါ...​ညွှန်​ကြားမှုကို​မျှော်​​နေပါ့မယ်​ဆရာ

Wednesday, July 24, 2013

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ 

နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းခန့်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကြေငြာချက် ထုတ်ပြန်ပြီး သတိပေးထားပါတယ်။ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်ပြောကြပေမယ့် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် မနည်းလှပါဘူး။ ဖြစ်စေတဲ့အကြောင်းအရင်းတွေအများအပြား ရှိပါတယ်။ ခေါင်းကိုက်တဲ့ အမျိုးအစားတွေကိုလည်း ထပ်မံ ခွဲခြားထားသေးတယ်။ ခေါင်းကိုက်ဝေဒနာတွေထဲမှာ ဒုတိယအဖြစ်များဆုံးက migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်ဟာ မိုက်ဂရိန်းခေါ်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။ အချိုးချကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက် ရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၃ဆလောက် ပိုအဖြစ်များတယ်။ အမျိုးသမီး ၄ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပြီး အမျိုးသား ၁၂ယောက်မှာ တစ်ယောက်သာ ဖြစ်ကြတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း အမျိုးသမီးတွေမှာ ပိုဖြစ်စေတဲ့ အကြောင်းတစ်ချက်အဖြစ် ပါဝင်ပါတယ်။ လေ့လာချက်တွေအရ မျိုးရိုးနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုပါတယ်။ ဆွေမျိုးထဲမှာ တစ်ယောက်မက ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်အနေအထားက မိုက်ဂရိန်းဖြစ်စေတဲ့ အခြေခံအကြောင်းအချက်အဖြစ် ပါဝင်နေပါတယ်။ လှုပ်ရှားမှုကလည်း ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်တယ်လို့ ဆိုထားပါတယ်။ 

Friday, July 19, 2013

ဘာကြောင့် ကိုယ်ဝန်မရသေးတာလဲ

ဆရာ
ကျွန်မအိမ်ထောင်ကျတာ ၈လ ရှိပါပြီ
ဒါပေမဲ့ ကလေးမရဘူးဖြစ်နေတယ်
တားဆေးလည်း၁လပဲသုံးတယ်
ဘာကြောင့်မရလည်းဆိုတာသိချင်ပါတယ်

ခြေသည်းရောဂါဆေး သိချင်လို့ပါဗျာ


ဆရာခင်ဗျာ
ကျွန်တော်၏အသက်မှာ 49 နှစ်ရှိပါပြီ၊
ကျွန်တော်၏ခြေမ ခြေသည်းတွင် ထိပ်ဖက်မှကြည့်လျင် အသားနှင့်ကပ်နေသောဖက်တွင်
အခေါင်းပေါက်ကဲ့သို့ အပ်ပေါက်အရွယ်လေးများ 3-4 ပေါက်ဖြစ်နေပါသည်
အပေါ်မှကြည့်လျင် သာမန်ခြေသည်းအရာင်နှင့်မတူသော ဖြူညစ်ညစ် အလိုင်းလေးများဖြစ်နေပါသည်
ပိုးထိုးသလိုလို မှိုတက်သလိုလို မျိုးတူပါသည်
အပေါ်ယံသားမှာ ပုံမန်ချောနေပါသည်    ( ကြမ်းတမ်းနေခြင်းမရှိပါ )
ဖြစ်နေသည်မှာ ၅လ ၆လ ခန့်ရှိနေပြီဟုထင်ပါသည်
ကျေးဇူးပြုပြီး ဆေးနည်း ရေးပေးပါရန် အကူအညီတောင်းလိုက်ပါသည်
အဆင်ပြေမယ်ဆိုရင် e mail နှင့်စာပြန်ပေးစေလိုပါသည်။
      ( ကိုမိုး )

ဆီးပူဆီးအောင့် ဖြစ်နေလို့ပါ


ဒေါက်တာ... ကျနော်အသက်က ၂၀ပါ။
မလေးရှားမှာနေပါတယ်။ဒီရောက်တာ ၂နှစ်ကြာပါပြီ။
ဒီရောက်ကတည်းက ကျန်းမာရေးချူချာပါတယ်ဆရာ။
ဒီမှာက အရမ်းပူတော့ ဆီးရောဂါ ခဏခဏ ဖြစ်တယ်ဆရာ။
ဆေးခန်းသွားတဲ့ အခါလည်း သွားပါတယ်။ အခုတစ်လော မလေးရှားက ပြဿနာတွေကြောင့် အပြင်မထွက်ရဲဘူးဆရာ။
ကျနော် သတိထားပြီးတော့ ရေလည်း မျာများသောက်ပါတယ် ဆရာ။ငရုတ်သီးကိုလည်း ဖြတ်နေပါတယ်။
sunday နေ့က ပိတ်ရက်ဆိုတော့ ရေသောက်ဖို့ လိုသွားတယ်ဆရာ။ အဲနေ့ ညနေကတည်းက အခုထိ ဆီးအရမ်းအောင့်ပါတယ်ဆရာ။
ရေလည်း ကြိုးစားပြီသောက်ပေမဲ့ အဆင်မပြေပါဘူး။ ဆီသွားချင်ပြီးတော့ မထွက်ဘူးဆရာ။ တစ်စက်နှစ်စက်လောက်ထွက်ဖို့ သေမတတ်ခံစားရပါတယ်ဆရာ။
ဆရာ ကျနော် ဆေးခန်းသွားလို့ မရပေမဲ့။ ဆေးဆိုင်နဲ့ နီးပါတယ်ဆရာ။  ကျနော် ဘာဆေးသောက်ရမလည်း ဆိုတာ ညွန့်ကြားပေးပါဆရာ။
ဆေးနာမည်သိရင် ၀ယ်လို့ရနေပါပြီဆရာ။ ကျနော် အလုပ်လုပ်ဆဲမို့ ဒိလောက်ဘဲ အချိန်ရတယ်ဆရာ။ညရောက်ရင် မေးတစ်ဆောင် ထပ်ပို့ပေးပါမယ်ဆရာ။

Thursday, July 18, 2013

Osteoarthritis အရိုးအဆစ်ရောင်ခြင်း


ပုံမှန်လူတယောက်မှာ သိသာထင်ရှားတဲ့အရိုးပေါင်း ၂၀၆ခု ရှိပါတယ်။ သက်ရှိတွေရဲ့ရပ်တည်မှုမှာ အရိုးရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တခုလုံးကို ထောက်ပံ့ပေးထားတယ်။ အရိုးချင်း တွယ်ဆက်တဲ့နေရာကို အဆစ်လို့ခေါ်ပါတယ်။လူ့ခန္ဓာကိုယ်မှာ အဆစ်စုစုပေါင်း ၃၆၀ခန့် ရှိပါတယ်။အဆစ်သဘောက လှုပ်ရှားမှုကို အဓိကဖြစ်စေတယ်။ နေ့စဉ်လှုပ်ရှားနေရတဲ့  အရိုးအဆစ်တွေရဲ့ လုပ်ဆောင်မှုကို လျှော့မတွက်သင့်ဘူး။လှုပ်ရှားမှုများတာလာနဲ့အညီ ပျက်ဆီးမှုလည်း များလာတာ သဘာဝပါ။ ဒါ့ကြောင့်ပဲ အသက်အရွယ်မရွေး အရိုးအဆစ်ရောဂါတွေ အတွေ့များလာတယ်။လက်ရှိချိန်ထိ အဆစ်ရောင်ရောဂါတွေထဲမှာ  အဖြစ်များဆုံးက Osteoarthritis ခေါ်တဲ့  အဆစ်ရောင် ရောဂါ ဖြစ်ပါတယ်။ အခေါ်အဝေါ်အရ  အရိုးအဆစ်ရောင်ခြင်း (osteoarthritis)ဆိုပေမယ့် အဆစ်ရောင်ရမ်းရုံမက ကြာလာတဲ့အခါ ပျက်ဆီးတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။အချိန် ကြာလေ အဆစ်ပျက်ဆီးမှု ပိုဆိုးလေဖြစ်လို့ degenerative joint diseaseလို့ ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူပေါင်း သန်း၂၅၀ လောက်ဟာ osteoarthritis ခေါ်တဲ့အရိုးအဆစ်ရောင်ရမ်းပျက်ဆီးတဲ့ ဝေဒနာ ခံစားကြရပါတယ်။

Wednesday, June 26, 2013

မွေးကျွတ်နာ(သို့) အနာစိမ်းတမျိုး

မွေးကျွတ်နာကို အင်္ဂလိပ်လို boil လို့ခေါ်ပါတယ်။ ဆေးအခေါ်အရ furuncleလို့လည်း ခေါ်နိုင်သေးတယ်။မြန်မာလို အနာစိမ်းလို့ တချို့က  ဘာသာပြန်ကြတယ်။ Staphylococcus aureusလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ ကူးစက်မြန်တယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူတွေမှာ အဓိကဖြစ်တယ်။ လတ်တလော ခုခံအားကျဆင်းမယ်လို့ ယေဘုယျသိရှိနိုင်တယ်။ folliculitisမွေးညှင်းပေါက် ပိုးဝင်တာလည်း တမျိုးရှိသေးတယ်။ ပိုးဝင်တဲ့နေရာမှာ ပြည်ဖုသေးသေးလေးတွေ တစ်လုံးစ၊နှစ်လုံးစ တွေ့ရှိနိုင်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မွေးကျွတ်နာဆိုတာ deep folliculitis မျိုးဖြစ်လို့ မွေးညင်းနုပိုးဝင်ရုံသာမက အဆီဂလင်းဆိုတာ ပါလာတယ်။ရိုးရိုးfolliculitisထက် နေရာပိုကျယ်ပြန့်လာတဲ့ သဘောရှိတယ်။အာရုံကြောဆိုတာလည်းပါလာလို့ နာကျင်မှုပါ ပိုလာတယ်။ ထိမိကိုင်မိရင် အလွန်နာတယ်။

Thursday, June 6, 2013

လိုက်နာရှောင်ကြဉ် ပွေးကင်းစင်

အရင်အပတ်က ဝဲအကြောင်း ဆွေးနွေးခဲ့ပြီဆိုတော့ ဒီအပတ်ပွေးအကြောင်း ဆက်လက်သွားကြတာပေါ့။ ပွေးနဲ့ဝဲ တူညီမှုမရှိကြောင်း ပြောပြခဲ့ပြီးပါပြီ။ပွေးဆိုတာလည်း အဖြစ်အများဆုံး အရေပြားရောဂါတွေအနက် တခုဖြစ်ပါတယ်။

ပွေးဆိုတာ ဘာ့ကြောင့်ဖြစ်လဲ။
ပွေးကို အင်္ဂလိပ်လို ringwormလို့ ခေါ်ပါတယ်။အမှန်စင်စစ် fungusမှိုပိုးတစ်မျိုးကြောင့် ဖြစ်စေပါတယ်။ ဘယ်လိုမှိုအမျိုးအစားတွေလဲဆိုတော့ microsporum,epidermophyton,trichophytonအစရှိတဲ့ မှိုပိုးတွေကြောင့်ပါ။ သေဆုံးနေတဲ့ အရေပြားဆဲလ်တွေပေါ်မှာ ရှင်သန်နေထိုင်တတ်ကြတယ်။ ringwormကိုဆေးပညာအခေါ်အဝေါ်အရ tineaလို့ ခေါ်ပါတယ်။ လက်တင်ဘာသာက ဆင်းသက်လာတယ်။ "ကြီးထွားရှင်သန်နေသော တုပ်ကောင်"လို့ အဓိပ္ပါယ်ရတယ်။ ယခင်က worm ကြောင့်ဖြစ်တယ် ထင်ခဲ့တဲ့အတွက် ringwormဆိုပြီး ယနေ့ထက်တိုင် အမည်တွင်နေတာ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အမျိုးမျိုးခေါ်ဆိုကြတယ်။

Sunday, June 2, 2013

မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

မိုးရာသီရောက်လာပြီမို့  သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။  ကလေးမိဘတွေလဲ သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလဲ မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။လူနာတွေကြားထဲမှာသာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။

Thursday, May 30, 2013

အဖြစ်များလာတဲ့ အသည်းရောင်အသားဝါအေ ရောဂါ

လူနာတစ်ယောက် အသားဝါပြီးလာတယ်၊ မျက်လုံးဝါပြီးလာတယ်ဆိုရင်  အသည်းရောင်အသားဝါပိုးတွေ စစ်ဆေးကြတယ်။ တခါတရံ သွေးစစ်တဲ့အခါ ရောဂါတချို့ ထည့်စစ်ဆေးဖို့ မေ့သွားတတ်တယ်။ မှတ်မှတ်ရရ တခါက သွေးစစ်ဖို့ အသည်းရောင်လူနာတစ်ယောက်ကို လွှတ်လိုက်တော့ အသည်းရောင်အေပိုး ထည့်စစ်ဖို့ မေ့သွားခဲ့တယ်။ လူနာအခြေအနေကြောင့်လည်း တပိုင်းတော့ ပါတယ်။ အသည်းရောင်အေ စစ်တာ သောင်းဂဏာန်းလောက် ကုန်ကျတယ်။ လူနာက အရက်သောက်တတ်တော့ အရက်ကြောင့် အသည်းရောင်တယ်ပဲ စိတ်ထဲကထင်ပြီး ဘီပိုး၊ စီပိုးလောက်နဲ့  တခြားလိုအပ်တဲ့ testတွေ လုပ်ခိုင်းလိုက်မိတယ်။ ဗိုက်လည်းနာနေတော့ ultrasound ပါ တခါတည်းစစ်ခိုင်းလိုက်တယ်။

Wednesday, May 22, 2013

ခွေးကိုက်ခံရတဲ့ အခါ......

အခုတလော ခွေးလေခွေးလွင့်တွေ နေရာတကာမှာ တွေ့နေရတယ်။ အခု ဒီဆောင်းပါးကို ရေးနေချိန်မှာတောင် ခွေးဟောင်သံကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ပတ်ဝန်းကျင်မှာ ခွေးတွေကလည်း ပိုများလာသလိုပဲ။ မြို့တော် စည်ပင်သာယာကတော့ ခွေးလေခွေးလွင့် ရှင်းလင်းရေးတွေ အုပ်စုလိုက်လုပ်တယ်လို့ဆိုတယ်။ ထားပါတော့။ ဆိုလိုချင်တာက မိမိပတ်ဝန်းကျင်မှာ ခွေးလေခွေးလွင့်များခြင်းဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မက ကျန်းမာရေး ရှုထောင့်က ကြည့်ရင်လည်း မကောင်းပြန်ဘူး။ ခွေးဆိုတာ အစုံစားသတ္တဝါ။ နောက်ဆုံးကုန်ကုန်ပြောရရင် ရောဂါပိုးမွှား စုံလင်ပါတယ်ဆိုတဲ့ မစင်ကိုတောင် ချမ်းသာမပေးဘူး။ ဒီတော့ သူ့ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ စုံလင်မယ်ဆိုတာ မေးစရာတောင် မလိုဘူး။ တွေးကြည့်တာနဲ့ကို သိနိုင်တယ်။ 

Monday, May 20, 2013

အအေးမိတုပ်ကွေး ကင်းဝေးအောင်

အခုတလောမန္တလေးမှာ  အရမ်းအေးလာတယ်။ အေးတာမှ စိမ့်ပြီးတော့ကိုအေးတာ။ထုံးစံအတိုင်း အေးပြီဆိုတာနဲ့ တရာခံရှာစရာမလိုဘူး။ အအေးလှိုင်းဖြတ်တာဘဲ။ လူတွေကလည်း တစ်ခုခုမဖြစ်လိုက်နဲ့၊ ဖြစ်ပြီဆိုတာနဲ့ တရာခံကအသင့်ရှိပြီးသား ။ မအေးလိုက်နဲ့ အေးပြီဆိုတာနဲ့ အအေးလှိုင်းဖြတ်ပြီဆိုတာကအရင်။အဲ့ဒီလိုအေးပြီဆိုရင် ကျွန်တော်တို့ဆရာဝန်အများစုက သိပ်ကြိုက်တာကလား။ ရာသီဥတုကိုကြိုက်တာ မဟုတ်ဘူး။ ရာသီဥတုအပြောင်းအလဲဆိုရင် ဖြစ်တတ်တဲ့ ရောဂါတွေကိုကြိုက်တာ။ တုပ်ကွေးတို့၊ အီကြာကွေးတို့ပေါ့။ အဲ့ဒီလိုဆို လူနာတွေကလည်း ပေါတာကိုး။

Friday, May 17, 2013

အဆီလွှာထဲရောက်အောင် ဆေးဘယ်လိုထိုးမလဲ

ဆရာဝန်တွေဆေးထိုးတဲ့အခါ အကြောဆေး၊အသားဆေးစသည်ဖြင့် နေရာအမျိုးမျိုးမှာ ထိုးတတ်ကြပါတယ်။ အကြောဆေးဆိုရင်  intravenous သွေးပြန်ကြောထဲ ရောက်အောင် ဆေးထိုးပေးရတယ်။ အသားဆေးထိုးရင်လည်း intramuscular ကြွက်သားထဲထိရောက်အောင် ထိုးမှ မှန်တယ်။ muscleကြွက်သားထဲ တကယ်ရောက်ရင် အနည်းနဲ့အများ အောင့်တတ်တယ်။ တခါတရံထိုးနည်းမမှန်ရင် ဒါမှမဟုတ် အဆီပြင်သိပ်များသူတွေမှာ အသားဆေးက အဆီပြင်ထဲ ရောက်သွားတတ်တယ်။ တကယ်အသားထဲရောက်ရင် resistance sensation ဆိုတာ သိရှိခံစားရတယ်။ဒီလိုနေရာတွေမှာ ဆေးထိုးနေကျသူတွေ ပိုကျွမ်းမယ်။ တချို့ဆေးတွေကျတော့ subcutaneous အရေပြားအောက်က အဆီပြင်ထဲထိရောက်အောင် ထိုးပေးရတယ်။ အထူးသဖြင့် နာတာရှည်ရောဂါသည်တွေမှာ subcutaneous ထိုးပေးရတယ်။ အဆီပြင်ထဲထိုးတာလဲ လွယ်တယ်မထင်ပါနဲ့။ပညာသားပါတယ်။ အခန့်မသင့်ရင် အရေပြားအောက် ဒါမှမဟုတ် ပိုနက်ပြီးဝင်သွားရင် အသားဆေးဖြစ်သွားနိုင်တယ်။

Monday, May 13, 2013

ဘီပိုးအဖြေတွေကို တချက်ကြည့်ပေးပါ

Result အဖြေတွေကို လေ့လာကြည့်ရင် အောက်ပါအတိုင်း တွေ့ရတယ်။


2012 စက်တင်ဘာ ရဲ့ result
-plt count သွေးဥမွှားက 150 ဖြစ်လို့ lower limitဖြစ်တယ်။ သွေးဥမွှားဆိုတာ သွေးခဲဖို့ လိုအပ်တဲ့ ဓာတ်တမျိုးပါ။
-အက်ထရာဆောင်းမှာ အသည်းကြီးတာမရှိ၊အဆီနည်းနည်းဖုံးတယ်လို့ ရေးထားတယ်။
-အသည်းခြောက်၊မခြောက်စစ်တာ အသည်းမခြောက်ဘူးလို့ တွေ့ရတယ်။
-HAV IgG (+)veဖြစ်လို့ တခါက အသည်းရောင်အေ ဝင်ခဲ့ဖူးတယ်လို့ သိရှိရတယ်။(အခုဝင်တာ မဟုတ်ပါ)

2013 ဇန်နဝါရီ result
-AFPဆိုတဲ့ အသည်း ကင်ဆာဖြစ်နိုင်ချေစစ်တော့ အဖြေကောင်းတယ်။
-အသည်းလုပ်ငန်းစစ်တော့ resultတွေ အကုန်ကောင်းတယ်။
-သွေးနီဥ၊သွေးဖြူဥအဖြေလည်းကောင်းတယ်။

Saturday, May 11, 2013

Sinusitis ထိပ်ကပ်နာ ဆိုတာ

Sinusitis နှာခေါင်းဆိုင်းနပ်စ် အမြှေးရောင်ခြင်းဖြစ်စေတဲ့ ထိပ်ကပ်နာရောဂါအကြောင်း ဖော်ပြပေးသွားပါမယ်။တွေ့ရှိချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းက sinusitis ဖြစ်ခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူဦးရေ သန်း၃၀လောက်ဟာ sinusitis ထိပ်ကပ်နာ ရောဂါဝေဒနာ ခံစားနေရပါတယ်။

Sinusitis ထိပ်ကပ်နာဟာ ဘာ့ကြောင့်ဖြစ်ရသလဲ။
-common cold၊fluစတဲ့ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုး ဝင်တာ၊
-allergyဓာတ်မတဲ့တာ၊
-nasal polyp နှာခေါင်းအသားပိုထွက်တာ၊
-autoimmune ခုခံအား ကိုယ့်ဘာသာ ပြန်တိုက်တာ၊
-deviated septum နှာခေါင်းအကွဲကြောင်း ပုံမှန်မဟုတ်တာ၊
စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

Friday, May 3, 2013

အမျိုးသမီးတွေ မျိုးဥကြွေရက်သိရှိဖို့ 

 အမျိုးသမီးတွေဟာ ကလေးယူချင်တဲ့အခါ မျိုးဥကြွေတဲ့ရက်ကို ကြိုတင်သိရှိနိုင်ပါက ပိုမိုအဆင်ပြေတာတွေ့ရပါတယ်။ကလေးရဖို့ ကြိုတင်ပြင်ဆင်နိုင်သလို အခွင့်အရေးပိုများတယ်။ ဆေးပညာအရ မျိုးဥကြွေမယ့်ရက် ကြိုတင် သိရှိနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ 
ကိုယ်အပူချိန်တိုင်းတာခြင်း၊
မွေးလမ်းကြောင်းမှ တီဗွီဓာတ်မှန်ရိုက်ခြင်း၊
သွေးစစ်ခြင်း၊
ဆီးစစ်ခြင်း၊
သားအိမ်ခေါင်းမှ အရည်ကို စမ်းသပ်ခြင်း၊
သားအိမ်တွင်းနံရံမှ အသားစယူခြင်း၊
စသည်ဖြင့် အမျိုးမျိုးစစ်ဆေးနိုင်ပါတယ်။

Wednesday, April 24, 2013

24hour urinary VMA ဆိုတာ

-VMAဆိုတာ Vanillyl Mandelic Acidရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။
-ပုံမှန်အားဖြင့် ကျောက်ကပ်အထက် ကပ်လျက်တည်ရှိတဲ့ အက်ဒရီနယ်ဂလင်း(adrenal gland)ကနေ catecholamine  ဆိုတဲ့ ဟော်မုန်းတွေထုတ်လုပ်ပါတယ်။
-catecholamine ဆိုတာ dopamine,epinephrine,norepinephrineစတဲ့ ဟော်မုန်းတွေ ကို ခေါ်ပါတယ်။
-ဇီဝဖြစ်ပျက်မှုသဘောအရ ဟော်မုန်းတွေဟာလည်း ပြင်ပကိုစွန့်ထုတ်ဖို့ ပျက်ဆီးပြိုကွဲပေးရပါတယ်။
-အဲလိုပြိုကွဲပြီး ထွက်လာတဲ့အကြွင်းအကျန်ပစ္စည်းကို  စွန့်ပစ်ပစ္စည်းmetabolite ခေါ်ပါတယ်။ 
-အသုံးမဝင်တဲ့ metaboliteပစ္စည်းတွေကို ဆီးထဲကတဆင့် စွန့်ထုတ်ပြစ်ရတယ်။

လေးဖက်နာ အဆစ်ရောင်ရောဂါ

 အဆစ်ရောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ လူကိုဒုက္ခပေးနိုင်တဲ့ အဆစ်ရောင်ရောဂါတမျိုးဖြစ်ပါတယ်။ လေးဖက်နာဆိုတာ မြန်မာစကားမှာ အတော်အသုံးများပါတယ်။ ဘာဖြစ်ဖြစ်၊ဟုတ်ဟုတ် မဟုတ်ဟုတ် ခြေဆစ်လက်ဆစ်လေးများနာရင် လေးဖက်နာလိုက်ကြတာပဲ မဟုတ်လား။ အမှန်ပြောရရင် လေးဖက်နာမှာကို ဆရာဝန်တွေ အတော်ကြောက်ကြတယ်။ လေးဖက်နာဆိုတဲ့ ခေါငိးစဉ်အောက်မှာပဲ  ရောဂါတွေ မတူညီကြသလို ကုသပုံလဲ သိသိသာသာကွဲပြားသွားလို့ ဖြစ်ပါတယ်။ သူတို့က လေးဖက်နာဆိုလိုက်ပေမယ့် ဆရာဝန်လုပ်သူက လေးဖက်မကအောင် စမ်းသပ်ရ ကြည့်ရှုရတယ်။ လိုအပ်ရင် သွေးဖောက်၊ဆီးစစ် လုပ်ရတယ်။ ထပ်လိုရင် ဓာတ်မှန်၊အက်ထရာဆောင်း ရိုက်ရတယ်။ လေးဖက်နာ အဖျားရောဂါလား၊လေးဖက်န

Monday, April 22, 2013

မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး



အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင်  အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။  အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

Wednesday, April 10, 2013

ခရမ်းလွန်ရောင်ခြည်နဲ့ နေရောင်ပြင်းပြင်း သင်္ကြန်တွင်း


ဒီရက်ပိုင်းတွေမှာ နွေနေ့ခင်းက ပူပြင်းလှတယ်။ ဒီကြားထဲ ခရမ်းလွန်ရောင်ခြည် သတိပေးချက်တွေလဲ ထွက်ပေါ်လာတယ်။မကြာခင် သင်္ကြန်နှစ်သစ်ကူးပွဲတော်လဲ ကျင်းပဦးမှာမို့ လည်ချင်ပတ်ချင်ကြသူတွေ သတိထားနိုင်မှ တန်ကာကျမယ်။ ဒီနှစ်နွေက သိသိသာသာပူပြင်းလာတာလဲ အမှန်ပဲ။ မန္တလေးတင်မက မေမြို့မှာလည်း ပူပြင်းတာ တွေ့ရတယ်။ ရာသီဥတုက တဖြည်းဖြည်း ပြောင်းလဲဖောက်ပြန်လာတာ ပိုမိုသိသာလာတယ်။ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ အိုဇုန်းလွှာ ပျက်ဆီးလာတာ ပိုမိုသတိထားစရာ ဖြစ်လာခဲ့တယ်။ 

ခရမ်းလွန်ရောင်ခြည် ဆိုတာ
ခရမ်းလွန်ရောင်ခြည်ကို ultraviolet radiation(UV) လို့ ခေါ်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဆိုတာ အလင်းထက်လှိုင်းအလျား ပိုတိုတယ်။ ပုံမှန်အားဖြင့် 10-400nm အတွင်းရှိရတယ်။သီအိုရီအရ လှိုင်းအလျားတိုလေ စွမ်းအင်ပမာဏ ပိုမိုမြှင့်မားလေ

Thursday, March 28, 2013

ရူမက်တစ် လေးဖက်နာ အဖျားရောဂါ

 Rheumatic ဆိုတဲ့စကားလုံးကို ဆေးပညာဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ရူမက်တစ်ဆိုတာ အကြော၊အဆစ်၊ကြွက်သားစတဲ့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် နာကျင်စေတဲ့အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုးရှိပါတယ်။ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးတယ်။ ဆေးပညာမှာ rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲကို ရှိသေးတယ်။ autoimmuneခေါ်တဲ့ ခုခံအားအချင်းချင်းပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ဒါ့ကြောင့် ရူမက်တစ်နဲ့ ပက်သတ်တဲ့ ရောဂါတွေမနည်းလှသလို စိတ်ရှုပ်စရာလဲကောင်းလှတယ်။ ရောဂါတွေဘယ်လိုများပေမယ့် rheumatic နဲ့ ပတ်သက်တဲ့ အဓိကအချက်နှစ်ချက်က တူညီကြတယ်။ ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ဒုတိယအချက်က ကုသရခက်ခဲတတ်တယ်။ရူမက်တစ်ခေါင်းစဉ်အောက်က ရောဂါ တော်တော်များများမှာ ဒီအချက်တွေ သွားတူတာတွေ့ရတယ်။နောက်သီအိုရီတခုက rheumatic ရောဂါတွေဟာ လေထုအပြောင်းအလဲနဲ့ သက်ဆိုင်နေတတ်ပြန်တယ်။ပတ်ဝန်းကျင်ရုတ်တရက်အေးလာတဲ့အခါ အထူးသဖြင့် မိုးတွင်းကာလတွေမှာ

Thursday, March 21, 2013

Ginkgo ကမ္ဘာဦးပင်၊နှစ်တစ်ရာသီးနှင့် ပဲကော

သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံး၊ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးက ginkgo bilobaခေါ်တဲ့ ကမ္ဘာဦးပင် ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၇၀ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရတယ်။ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ယနေ့ထက်တိုင် တွေ့နေဆဲဖြစ်တာကြောင့်ကမ္ဘာဦးပင်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ 

နောက်ကြောင်းရာဇဝင်လိုက်ကြည့်ရင် တရုတ်ပြည်က ဇာတိချက်ကြွေဖြစ်နေတာ တွေ့ရတယ်။ပုံမှန်အားဖြင့် မီတာ ၃၀လောက်ရှိတဲ့အပင်ဟာ တရုတ်ပြည်မှာ မီတာ၅၀ကျော်လောက် ဖြစ်နိုင်တယ်။သက်တမ်းရင့်လာတာနဲ့အမျှ အပင်ဟာ ကြီမားသလို ပိုမိုကျယ့်ပြန့်လာတယ်။အမြစ်ဟာ နက်ရှိုင်းစွာတွယ်ဝင်နေသလို ပျက်ဆီးဖို့လည်း ခက်ခဲလာတယ်။လေဒဏ်၊မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါကာကွယ်ပေးတယ်။ ရေစီးရေလာကောင်းမွန်တဲ့နေရာမှာ အဓိကပေါက်ရောက်တယ်။အပင်မှာ အဖိုပင်၊အမပင် နှစ်မျိုးရှိတယ်။အပင်ကရတဲ့ အရွက်၊ အသီးတွေ ဟာ ဆေးဖက်ဝင်လို့  သမိုင်းမတင်မီခေတ်တွေကတည်းက သုံးစွဲခဲ့ကြပြီး ဖြစ်ပါတယ်။

Wednesday, March 13, 2013

ဆီးကျောက်တည်နေသလား

 လောကမှာ ကျောက်ဆိုရင် တန်ဖိုးရှိမယ်၊အဖိုးတန်မယ်သာ ထင်တတ်တယ်။အထူးသဖြင့်မြန်မာနိုင်ငံက ကျောက်နဲ့နာမည်ကြီးတာမလား။ ကျောက်ဆိုရင် လူမျိုးတိုင်း၊နိုင်ငံတိုင်းက တန်ဖိုးထားချင်ကြတယ်။တချို့နေရာတွေမှာ တန်ဖိုးထားချင်စရာမကောင်းတဲ့ကျောက်လည်း ရှိတတ်တာပဲ။လူ့ခန္ဓာကိုယ်ထဲက ထွက်တဲ့ကျောက်မှန်သမျှတော့ ကောင်းတယ်ကိုမရှိဘူး။bladder stoneသည်းခြေကျောက်၊kidney stoneဆီးကျောက် စသည်ဖြင့် ကျောက်အမျိုးမျိုးထွက်နေပေမယ့် တန်ဖိုးမရှိတာသာများတယ်။ တခါတရံ တန်ဖိုးမရှိတဲ့ကျောက်က တန်ဖိုးရှိလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဥပမာ ဆေးရုံဆေးခန်းတက်ရပြီဆို သူ့တန်ဖိုးကတက်လာတယ်။ ပြောမယ်ဆို ကြီးရင် ကြီးသလောက်တန်ဖိုးတက်သလို အရင်းအနှီးပိုများလာတယ်။ ကရိကထ ပိုများလာတယ်။ 

Wednesday, March 6, 2013

 ပိန်ဆေးမသုံးခင် ဘာတွေ သိရမလဲ

ပိန်ဆေးဆိုတာ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိကြတယ်။ သုံးစွဲတဲ့အခါ သေချာရွေးချယ်တတ်ဖို့တော့ လိုအပ်ပါသေးတယ်။အဆီဓာတ်ချပေးတဲ့ပိန်ဆေးလား၊ကစီဓာတ်ချပေးတဲ့ ပိန်ဆေးလား၊ဒါမှမဟုတ် အမျှင်ဓာတ်ပါဝင်တဲ့ ဝမ်းသွားစေတဲ့ ပိန်ဆေးမျိုးလား။ ဒါသိရုံနဲ့တင် မပြီးသေးဘူး။ပါဝင်တဲ့ဆေးအမျိုးအစား၊ဘယ်လောက်ပမာဏ ပါဝင်ကြသလဲ။ အရေးကြီးဆုံးက ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်နိုင်လဲ ဆိုတာပဲ။ တွေ့သလောက်ပြောရရင် အများစုဟာ ပိန်ဆေးဆိုတာလောက်သာ သိရှိကြတယ်။ အာနိသင်ဘယ်လိုရှိလဲ။ဘယ်နေရာတွေမှာ အသုံးပြုရလဲ။ ဆေးပမာဏ ဘယ်လောက်ထိ သုံးစွဲရမှာလဲ။မသိသူသာ များကြတယ်။သူများကောင်းတယ်ပြောလို့ လိုက်သောက်ကြသူက ထက်ဝက်ကျော်လောက်ရှိမယ်။ ဆေးဆိုင်ညွှန်းလိုက်တာပါထည့်တွက်ရင် ရာခိုင်နှုန်းက ပိုများသွားမယ်။ ဆေးကြေငြာတွေကလည်း ကောင်းလိုက်တာ ကလား။ဆေးက ဘယ်နှစ်ရက်အတွင်း ဘယ်လိုကျသွားစေရမယ်၊အစာရှောင်စရာ မလိုဘူးဆိုတာက

Thursday, February 21, 2013

Irritable bowel syndrome(IBS)ခံစားမှုရဲ့ စေ့ဆော်ရာ အူလမ်းကြောင်းလှုပ်ရှားမှု ရောဂါ

 လူ့ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ စိတ်ခံစားမှုအတက်အကျပေါ်မူတည်ပြီး ထူးဆန်းဖွယ် လိုက်လံပြောင်းလဲတတ်ကြတယ်။စိတ်စေတသိတ်ရဲ့စေစားမှုနောက်ကို ခန္ဓာကိုယ်က လိုက်လံလှုပ်ရှားပေးနေရတယ်။တချို့ရောဂါတွေမှာစိတ်ရဲ့ခံစားမှုက အရေးကြီးတဲ့အပိုင်းမှာ ပါလာတယ်။စားတာသောက်တာ၊နေတာထိုင်တာ ဝတ်တာစားတာကအစ ပူတာအေးတာလဲ ဒီစိတ်ကပဲ သိတာမဟုတ်လား။သွားချင်လာချင်၊ ပျော်ချင်ပါးချင်တာလဲ ဒီစိတ်ပဲ။စိတ်ဆိုးဒေါသထွက်တာလဲဒီစိတ်ပဲ။ ထိန်းချုပ်ချင်ပေမဲ့ ထိန်းရခက်တာလဲ ဒီစိတ်ပဲ။ တိုင်းရင်းဆေးပညာမှာတော့ ကံ၊စိတ်၊ဥတု၊အာဟာရ မျှတဖို့ အရေးကြီးတယ် လို့ဆိုတယ်မလား။အနောက်တိုင်းဆေးပညာမှာလဲ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာသူကိုမှ well-being ကျန်းမာခြင်းအစစ်အမှန်လို့

Tuesday, February 19, 2013

Steroid အရောင်ကျဆေး အလွန်အကျွံသောက်သုံးခြင်း၏ နောက်ကွယ်

 စတီးရွိုက်အရောင်ကျဆေးတွေ လက်လွတ်စပယ်၊အလွန်အကျွံ သောက်သုံးခြင်း၏ နောက်ကွယ်မှာ ဘာတွေရှိသလဲ။

ဘာ့ကြောင့် ဒီမေးခွန်းမေးရသလဲဆိုတော့ ပတ်ဝန်းကျင်မှာ ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ ဝယ်သောက်နေတာ မျက်မြင်ဖြစ်လို့ပါဘဲ။ ဟိုလူကောင်းတယ်ညွှန်း၊ ဒီလူကောင်းတယ်ညွှန်းတဲ့ ဆေးတွေထဲမှာ steroid အရောင်ကျဆေးတွေ ပါတတ်ကြပါတယ်။ ဆေးသောက်သုံးသူအများစုဟာ ဆေးရဲ့ effect ဖြစ်တဲ့ ကောင်းကျိုးကိုသာ သိကြပါတယ်။ ဆေးရဲ့အခြားတဖက်က side effect ကိုတော့ သိလည်းမသိကြသလို စိတ်ဝင်စားမှုလည်း မရှိဘူး။ သို့သော် ဆရာဝန်တွေကတော့ ဆေးပေးတဲ့အခါ side effectကိုပါ ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါတယ်။ ချိန်ခွင်လျှာလို ကောင်းတဲ့ဖက်နဲ့ မကောင်းတဲ့ဖက် နှိုင်းယှဉ်ချိန်ထိုးပြီးမှ ဆေးပေးရတယ်။ ဒါမှသာ လူနာတွေကို မှန်မှန်ကန်ကန် ကုသနိုင်မှာ ဖြစ်ပါတယ်။ သို့သော် တခါတရံမှာ ဆေးရဲ့ side effect ကို အသုံးချပြီး

Wednesday, February 13, 2013

ရေယုန်နာ(သို့) ရေကျောက်၏ နောက်ဆက်တွဲ ပြဿနာ

 အရင်တပတ်က ရေကျောက်(chicken pox)အကြောင်း ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပေးပြီး ဖြစ်ပါတယ်။ဖြစ်တဲ့ဗိုင်းရပ်စ်ပိုးအကြောင်းနဲ့ ကူးစက်ပုံ၊ရောဂါလက္ခဏာနဲ့ ကုသပုံကို ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ ရေယုန်ဖြစ်တတ်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ငယ်ရွယ်စဉ် ရေကျောက်ဖြစ်ခဲ့ဖူးသူဟာ ကြီးလာစဉ် ရေယုန်ဖြစ်ဖို့ အခွင့်အလန်းပိုများပါတယ်။
ဒီရောဂါ နှစ်မျိုးလုံးဟာ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက ခြားနားမှုမရှိအတူတူပဲ ဖြစ်ပါတယ်။ရေယုန်၊ရေကျောက်ရောဂါဟာ varicella zoster virus ကြောင့် ဖြစ်ကြတယ်။ရောဂါလက္ခဏာပေါ် မူတည်ပြီး အခေါ်အဝေါ် ကွဲပြားသွားကြတယ်။varicella ဟာ chicken pox ရေကျောက်အဆင့်ကို ခေါ်ဝေါ်တာဖြစ်ပြီး zoster က ရေယုန်နာပေါက်တဲ့ အခြေအနေကို

Tuesday, February 12, 2013

အနေအထားပြောင်း အမူးရောဂါ

 ခေါင်းမူးတယ်၊ခေါင်းကိုက်တယ်ဆိုတာမျိုးက လူတိုင်းနီးပါး ဖြစ်ဖူးကြုံဖူးကြပါတယ်။ ခေါင်းအနေထားပြောင်းတဲ့အခါ၊ အထိုင်အထတွေမှာ မူးတတ်တယ်။တချို့တွေကျ လှုပ်ရှားမှုမရှိပဲကိုမူးတာမျိုးရှိပါတယ်။နားအူတာ၊လေထွက်တာမျိုးနဲ့လဲ တွဲလာတတ်တယ်။မူးတဲ့ပုံစံမျိုးစုံရှိသလို ဖြစ်စေတဲ့အကြောင်းရာတွေကလည်း များပါတယ်။ ဒီဘက်ခေတ်မှာ ရောဂါနဲ့မဆိုင်တဲ့ အရက်သောက်၊ဘီယာသောက်ပြီးမူးနေသူတွေကလည်း အများသားလား။ အစားသောက်ပျက်၊အအိပ်ပျက်သူတွေလည်း မူးတတ်ပြန်တယ်။ serotonin များတဲ့အစားစာတွေ(ချီးစ်၊ထောပတ်)စားသူလည်း မူးတတ်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားဖို့ မရှိမဖြစ်လိုအပ်တဲ့ ဂလူးကိုစ့်ဓာတ်ချို့တဲ့ တဲ့အခါလည်းမူးမယ်။ကစားလွန်ပြီး

Thursday, January 31, 2013

ဂျပန်တွေစခဲ့တဲ့ ဦးနှောက်ရောင်ခြင်း

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအကြောင်း မေးတတ်ကြတဲ့ လူနာတွေရှိတာကြောင့် Japanese encephalitis အကြောင်း ဖော်ပြပေးပါမယ်။

                             

ကာကွယ်ဆေးအကြောင်းမပြောခင် ဂျပန်ဦးနှောက်ရောင်ခြင်း အကြောင်းကို စတင်ပြောပါမယ်။

 ဂျပန်ဦးနှောက်ရောင် ရောဂါဟာ Japanese encephalitis virus တမျိုးကြောင့် ဖြစ်ပါတယ်။ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ flavivirus မျိုးနွယ်စု ဗိုင်းရပ်စ်ထဲမှာ ပါဝင်ပါတယ်။single-stranded RNA ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ အာရှဒေသတွေ(အထူးသဖြင့် အာရှအရှေ့စွန်းဒေသ၊အရှေ့တောင်အာရှ နဲ့ အနောက်ပိုင်း ပစိဖိတ်ဒေသတွေ)မှာ အဓိကတွေ့ရပါတယ်။ကမ္ဘာတဝှမ်း တနှစ်ကို လူသုံးသောင်းမှ ငါးသောင်းထိ ကူးစက်ခံရပြီး သေနှုန်းက ၁၀မှ ၂၀ ရာခိုင်နှုန်းလောက်