အူခေါက်တာနဲ့ အူထပ်တာ အတူတူပါပဲလား ခင်ဗျာ။ အတူတူဆိုရင် ဘာဆက်လုပ်ရမလဲ။ သူ့ဘာသာပြန်ကောင်းနိုင်လား ဖြေကြားပေးပါဆရာ။
အူခေါက်တာနဲ့ အူထပ်တာ မတူညီပါ။ အူခေါက်တာက intestinal twistingလို့ ခေါ်ပါတယ်။ volvulus လို့လည်း ခေါ်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ လူငယ်တွေမှာ ပိုဖြစ်တယ်။ အူထပ်တာကိုကျတော့ Intestinal Intussusceptionလို့ ခေါ်တယ်။ အူသိမ်ထက် အူမကြီးမှာအဖြစ်များတယ်။ ကလေးတွေမှာ ပိုတွေ့ရတယ်။ အသက်၃လမှ ၃နှစ်အတွင်း အဖြစ်များတယ်။ လေ့လာမှုတချို့က ယောကျာ်းလေးတွေမှာ ပိုတွေ့နိုင်တယ်လို့ ဆိုတယ်။
နှစ်မျိုးလုံးက သွေးလျှောက်အားကို ထိခိုက်စေတယ်။ အူပုပ်တာ၊အူပေါက်တာ ဖြစ်နိုင်တယ်။ ဒီထဲမှာ အူလိမ်တာ၊အူခေါက်တာက ပိုဆိုးတယ်။ ကြာလာရင် အူတွေ သွေးမရတော့ပဲ သုံးမရတော့ဘူး။ ဗိုက်လည်း မခံမရပ်နိုင်အောင် နာကျင်လာတယ်။

အူခေါက်ရင် အများအားဖြင့် ခွဲစိတ်ကုသရတယ်။ ခွဲဖို့ အဆင်မပြေတဲ့ လူကြီးတွေမှာ အခြေအနေစောင့်ကြည့်တယ်။ အူမှာ necrosis ရှိရင် သေချာပေါက် ဗိုက်ဖွင့်ပြီး မကောင်းတဲ့အပိုင်းကို ဖြတ်ထုတ်ရတယ်။ ဆေးရုံတက်ရောက်ကုသသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၂၇.၆.၁၄
No comments:
Post a Comment