Wednesday, November 20, 2013

ဘီပိုးရှိရင် ယားတတ်သလား

ဆရာရှင့်
ကျွန်မက HBV Positive
တစ်ယောက်ပါ၊ဆေးကုသမှုခံယူခြင်းမရှိခဲ့ပါဘူး၊ပြီးခဲ့တဲ့
၁နှစ်ကျော်လောက်ကစပြီး
blood allergy ဖြစ်လာပါတယ်။အရင်ကတော့ ၃..၎
လနေမှတစ်ခါလောက်ဖြစ်ပါတယ်.အစပိုင်းကတော့သတိမထားမိပါဘူး
အရင်ကလဲတစ်ခါမှမဖြစ်ဖူးပါဘူး
အခုနောက်ပိုင်း၁လကျော်ရင်တစ်ခါလောက်ဖြစ်လာပါတယ်၊၊ဖြစ်တဲ့အခါတိုင်းညမအိပ်နိုင်လောက်အောင်
အရမ်းယားပါတယ် ဖြစ်နေကျနေရာတွေ(နှုတ်ခမ်း၊မျက်နှာ၊လက်ကောက်ဝတ်၊ခြေညိုး
နဲ့ ခြေဖ၀ါးအစပ်)မှာပဲဖြစ်ပါတယ်။အဲဒီနေရာတွေမှာ
ယောင်လာပြီးသွေးတွေကသွားစုနေသလိုညိုနေပြီးတခါတလေ
ခရမ်းရောင်တောင်သမ်းနေပါတယ်။ကိုင်ကြည့်ရင်လဲအရမ်းပူနေပြီး
၃..၄..ရက်လောက်ကြာတတ်ပါတယ်
ပျောက်သွားတဲ့အခါမှာ
အဲဒီနေရာတွေမှာအမာရွတ်(ရေနွေးပူလောင်သလိုမဲမဲအကွက်)ကျန်ခဲ့ပါတယ်..အရင်က
အစားအသောက်နဲ့မတည့်လို့ လို့ထင်ပြီးရိုးရိုးဆေးခန်းသွားပြပါတယ်
..ဆေးခန်းကဆေးထိုးဆေးသောက်လုပ်ပေးလိုက်၇င်ယားတာနဲနဲသက်သာပြီး
ယောင်တာလဲကျသွားပါတယ်..ဆေးရှိန်ပျယ်ရင်ပြန်ယားပါတယ်..ပြီးရင်အိပ်ရေးလဲဝပေမဲ့
မျက်ကွင်းတွေနှုတ်ခမ်းတွေကအမြဲညိုနေပါတယ်.ဆီးကလဲအရမ်းဝါပါတယ် ..menses
လဲမှန်ပါတယ်..
အဲဒါ B ပိုးကြောင့်ဖြစ်တာလား...ဒါမှမဟုတ်ဘယ်လိုမျိုးကြောင့်ပါလဲ..ဘယ်လိုဆေးဝါးကုသမှုခံယူသင့်ပါသလဲဆိုတာသိချင်ပါတယ်ရှင့်။

ဆရာကျန်းမာချမ်းသာပါစေ။

လေးစားစွာဖြင့်


အသည်းရောင်အသားဝါ ဘီပိုးက အဖြစ်များတယ်။ ပိုးရှိသူတိုင်း ကုစရာမလိုတတ်ဘူး။ သွေးထဲမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်အပိုင်းအစတွေ၊အသည်းရဲ့ အခြေအနေကို ကြည့်ပြီးကုသရတယ်။ ဆေးကုတဲ့အခါ viral loadဆိုတာပါကြည့်ပြီး ကုသတယ်။ HBs Ag positiveပြရင် အသည်းရောင်ဘီပိုးရှိတယ် လို့သတ်မှတ်ထားတယ်။ HBV positiveလို့ မသုံးရပါဘူး။ HBV presentရှိတယ်လို့ပဲ သုံးကြတယ်။အကယ်၍ HBs Ag (+)ရှိခဲ့ရင် နောက်ထပ်စစ်ဆေးမှုတွေ ဆက်လုပ်ရတယ်။ တချို့မှာ ၆လကျော်တဲ့အခါ ဒီဓာတ်ကို မတွေ့ရတော့ဘူး။ ခန္ဓာကိုယ်က သူ့ဘာသာတိုက်ဖျက်သွားလို့ ဖြစ်ပါတယ်။ ဘီပိုးကို တိုက်ဖျက်ဖို့ အင်တီဘော်ဒီ(Ab)ထွက်လာတာကြောင့် နောက်ပိုင်းမှာ ဘီပိုးမဝင်နိုင်တော့ဘူး။ ကာကွယ်ဆေးထိုးဖို့လည်း မလိုတော့ဘူး။ ၆လကျော်တဲ့ထိ HBs Ag (+)ပြတုန်းပဲဆိုရင် chronic hepatitis B(CHB)လို့ သတ်မှတ်ပါတယ်။ ဘီပိုးရှိသူအများစုဟာ CHBတွေ ဖြစ်ကြပါတယ်။ ဆေးကုဖို့လိုမလိုဆိုတာ သွေးစစ်၊ဓာတ်မှန်ရိုက်တာလုပ်ပြီး စောင့်ကြည့်ရတယ်။ ပုံမှန် ၆လတကြိမ်ဆေးစစ်ဖို့ လိုအပ်တယ်။ အသည်းအခြေအနေဆိုးလာတဲ့အခါ ဆေးကုရတတ်တယ်။ အခုမေးတဲ့သူမှာ တွေ့ရတဲ့လက္ခဏာတွေဟာ အသည်းပုံမှန်မလုပ်ဆောင်နိုင်တဲ့(liver dysfunction)ရဲ့ လက္ခဏာနဲ့ ပိုတူပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့ သေချာပြန်ပြသင့်တယ်။HBVကို ကုဖို့လို၊မလို ဆိုတာတော့ အဖြေresultတွေအရ ဆုံးဖြတ်ပါလိမ့်မယ်။ ဆေးကုသမှုကို ဆရာဝန်တယောက်နဲ့ သေချာပြသပြီး တိုင်ပင်ပါ။လိုတာကို ဆက်လုပ်ပေးပါလိမ့်မယ်။ 
 
ဒေါက်တာ အေးမင်းထူး
၉.၁၁.၁၃

No comments:

Post a Comment