Sunday, February 15, 2015

အရပ်ကြည့်ပြီး အလေးချိန်တွက်လို့ရတယ်

လူတစ်ယောက်ရဲ့ အရပ်အမောင်းပေါ်မူတည်ပြီး ရှိသင့်တဲ့ အလေးချိန်ကို အလွယ်တကူ တွက်ချက်ကြည့်နိုင်ပါတယ်။ ဒီလိုတွက်ချက်ပြီး ခန္ဓာကိုယ်အချိုးအစား ကျ၊မကျ ဆိုတာ ကိုယ့်ဘာသာ သိရှိနိုင်တယ်။
 အရပ်အမောင်းကို တိုင်းတာပြီး  ရှိသင့်တဲ့အလေးချိန်ကို အရင်ခန့်မှန်းကြည့်ရအောင်။ အလွယ်ဆုံးနည်းကို ဖော်ပြပေးပါမယ်။

အရပ်အမြင့်ကြည့်ပြီး အလေးချိန်တွက်ခြင်း

၁။ဒီနည်းနဲ့ တွက်မယ်ဆိုရင် အရပ်အမြင့် ၅ပေကို စံယူသတ်မှတ်ရပါတယ်။ 
၂။အရပ်၅ပေမြင့်တဲ့ အမျိုးသမီးဟာ သတ်မှတ်ချက်အရ ပေါင် ၁၀၀ရှိသင့်ပါတယ်။
၃။အမျိုးသမီးတွေမှာ ၅ပေထက် ၁လက်မစီ ပိုတိုင်း ၅ပေါင် ထည့်ပေါင်းပေးရတယ်။
ဥပမာ- ၅ပေ                 =    ၁၀၀ပေါင် (၁လက်မ မြင့်တိုင်း ၅ပေါင် ထပ်ပေါင်းထည့်ပါ။)
              ၅ပေ ၁လက်မ=    ၁၀၀+(၅*၁)     =  ၁၀၅ပေါင်           
              ၅ပေ ၃လက်မ=     ၁၀၀+(၅*၃)    =  ၁၁၅ပေါင်

၎။အမျိုးသားတွေမှာ တွက်ချက်တဲ့အခါ အရပ် ၅ပေမြင့်တဲ့သူဟာ ၁၀၆ပေါင် ရှိတယ်ဆိုတာ အရင်မှတ်ထားသင့်တယ်။
၅။အမျိုးသားတွေမှာ ၅ပေထက် ၁လက်မမြင့်တိုင်း ၆ပေါင် ထည့်ပေါင်း ပေးရတယ်။
ဥပမာ-၅ပေ                   =    ၁၀၆ပေါင်(၁လက်မ မြင့်တိုင်း ၆ပေါင် ထပ်ပေါင်းထည့်ပါ။)
             ၅ပေ ၁လက်မ  =   ၁၀၆+(၆*၁)       =   ၁၁၂ပေါင်       
             ၅ပေ ၃လက်မ  =    ၁၀၆+(၆*၃)      =   ၁၂၄ပေါင်
(မှတ်ချက်- ပေါင် အလေးချိန်ကို ကီလိုဂရမ်နဲ့ တွက်ချင်ရင် ၂.၂နဲ့ စားပါ။)

ဒီနည်းက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးတွက်တဲ့ နည်းတခုပါ။ ဒီနည်းလေး အသုံးချပြီး မိမိတို့မှာ ရှိသင့်တဲ့အလေးချိန်ကို တွက်ချက်နိုင်ကြပါစေ။

ဒေါက်တာ အေးမင်းထူး
၁၆.၅.၁၃

No comments:

Post a Comment