ကော် ဖီအလွန် အကျွံ သောက် ခြင်းက အမျိုးသမီး တွေအတွက် ရင် သား သေး စေတယ် လို့ စာထဲမှာ ဖတ်ဖူးတယ် အဲ့တာ ဖြစ် နို င် ခြေ ရှိလား ဆရာ :-)
၂၀၀၈ ခုနှစ်က အွန်လိုင်းမီဒီယာနဲ့ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ကော်ဖီကြောင့် ရင်သားသေးငယ်စေမယ်ဆ်ုတဲ့ သတင်းက အကြီးအကျယ် လှုပ်ခတ်သွားခဲ့ဖူးပါတယ်။ အခုထိလည်း အရှိန်ပြေသေးဟန် မတူပါ။ လေ့လာမှုကဆွီဒင်နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်းသုံးရာကို စစ်တမ်းကောက်ပြီး ကောက်ချက်ချခဲ့တာဖြစ်တယ်။ ဒီလေ့လာမှုအရ
နေ့စဉ် ကော်ဖီ သုံးခွက်ထက်ပိုသောက်သူတွေဟာ ရင်သားပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပိုမိုသေးငယ်လာတယ်လို့တွေ့ရတယ်။ သို့သော် ယတိပြတ်သက်ဆိုင်တယ် ပြောဖို့တော့ စောနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီသုံးခွက်ထက် ပိုမသောက်တာတော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ ဒီတော့...ကိတ်ချင်တဲ့ မမများရှိရင် ကော်ဖီလျှော့သောက်ကြပါခင်ဗျာ...
ဒေါက်တာ အေးမင်းထူး
၉.၁၀.၁၇
No comments:
Post a Comment