Saturday, March 14, 2015

ခွေးကြောင် ချစ်တတ်သူများ ဖတ်ရန်


မင်္ဂလာပါဆရာ။ သမီးအမည်က ဖြူဖြူလို့
ခေါ်ပါတယ်။ သမီးက မကွေးမှာနေပါတယ် သမီးမေးချင်တာကတော့ သမီးရဲ့ အရေပြား ယားယံမှုပါ သမီးက ခွေးတွေ ကြောင်တွေ ချစ်တတ်တော့ ကြောင်တွေဆိုထွေးပွေ့ထားတတ်တယ်ရှင့် ဒါပေမယ့် နောက်တော့ အဲဒီ အ၀တ်ကိုဝတ်ရင် ယားယံလို့ မ၀တ်ရဲ ပြီး စွန့်ပစ်နေတာ အ၀တ်အထည်ပေါင်း များစွာပါ။ နောက်ပြီး သမီးက အရမ်း အသန့်အရှင်းကြိုက်တယ် ယားတော့ မနေတတ်ဘူးရှင့် ဆရာ အခုနောက်ပိုင်း ခွေးတွေကြောင်တွေနဲ့ လည်း မဆော့ပါဘူး အ၀တ်တွေလည်း အဟောင်းဆိုတာ မရှိသလောက်ပါ အားလုံးအသစ်တွေချည်းပါ ဒါပေမယ့် အရေပြားက ယားယံနေတုန်းပဲရှင့် ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်ရှင့် ကျေးဇူးပြု၇်ျ ဖြေကြားပေးပါ့ရှင့် ဘယ်လို ကာကွယ်ရမလဲ သိချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်

ဆေးကုတဲ့အခါ ဆရာဝန်တွေစဥိးစားရမှာတွေ ရှိတယ်။ တိရိစ္ဆာန်မကိုင်ခင်ကတည်းက ဖြစ်တာလား၊အရင်ကတခါမှမဖြစ်ဘူးပဲကိုင်ပြီးမှ ဖြစ်တာလား သေချာသိအောင်လုပ်ရမယ်။ နောက်ပြီး အရေပြားမှာ ထူးခြားတာတွေ(အနီစက်၊အဖုအပိန်)ပေါက်လာသလား။ ဒီအချက်တွေနဲ့ ညှိပြီးမှ ကုရတယ်။ သမားရိုးကျ အယားအယံဆိုရင် အယားပျောက်ဆေး fexofenadine 120mg တနေ့ တကြိမ်သောက် ပျောက်တယ်။ အရေပြားရောဂါရှိရငိ လိမ်းဆေးလိုမယ်။ dettol လိုဆေးဆပ်ပြာလည်း သုံးရဦးမယ်။ ဆေးခန်းကို အရေပြား လူနာ မလာပါဘူးဆိုရင် တနေ့ (၂)ယောက်လောက်လာပြတယ်။ ကြာတော့ အရေပြားအထူးကုဆရာဝန် ဖြစ်မှန်းမသိဖြစ်လာတယ်။ အရေပြားရောဂါတွေက ဆေးနဲ့ သေချာတွေ့ရင် ပျောက်ပါတယ်၊စိတ်မပူပါနဲ့။ စိတ်က ယားတယ်လို့ ထင်နေတဲ့ လူနာလည်း တွေ့ဖူးတယ်။ များတော့ မများပါ။ flea allergy ဆိုတဲ့ရောဂါလည်း ရှိသေးတယ်။ တိရိစ္ဆာန်ကနေ လှေးတို့၊သန်းတို့ ကူးစက်နိုင်တယ်။ ivermectin ဆိုတဲ့ဆေးတမျိုးသောက်ရမယ်။ လောလောဆယ်မသောက်ပါနဲ့ဦး၊ရောဂါဖြစ်စဉ်ကို သေချာရေးပေးပါ။ လောလောဆယ် အပေါ်ကပြောတဲ့ fexofenadine အရငိသောက်ချင်သောက်ကြည့်ပါ။

ဒေါက်တာအေးမင်းထူး
၁၁.၂.၁၅

No comments:

Post a Comment