Thursday, November 14, 2019

အရပ်ရှည်ဆေး ထိုးခြင်း

အရပ်ရှည်ဖို့ဟော်မုန်းဆေးထိုးလို့ရတယ်လို့ သတင်းစာထဲတွင် ကျွန်တော်ဖက်ဖူးပါတယ် တစ်ကယ်ရှိတယ်လို့လည်းထင်ပါတယ်။ ဘယ်လိုနေရာမျိုးတွင်ထိုးလို့ရပါသလည်း ထိုးသင်မထိုးသင့်လည်းပြောကြားပေးပါ။

အရပ်ရှည်ဖို့ ဟော်မုန်းဆေးထိုးတာ ၁၉၅၀ကျော်လောက်ကစပြီး အသုံးပြုခဲ့ကြပါတယ်။ ကြီးထွားဟော်မုန်း human growth hormone(HGH)ကို ပြင်ပကနေထိုးတာပါ။ ပုံမှန်အားဖြင့် ဦးနှောက်ရဲ့ pituitary glandကနေ HGHတွေထုတ်လုပ်ပါတယ်။ ကြီးထွားမှုကို သူကဖြစ်စေတယ်။ တလောက စင်ကာပူနိုင်ငံမှာ သွားရောက်ခွဲစိတ်တဲ့ ဝင်းဇော်ဦး ဆိုတာ ကြားမိလိုက်မလားမသိဘူး။ သူကpituitary glandမှာ အကျိတ်ဖြစ်ပြီး ကြီးထွားဟော်မုန်းတွေပိုထုတ်လို့
လူကောင်က ကြီးထွားလာတယ်။ ပြောင်းပြန်ပြောရရင် ကြီးထွားဟော်မုန်းချို့တဲ့ခြင်းဟာ လူကို သေးကွေးစေတယ်။ အရပ်ပုတယ်။ ဒါကိုအတုယူပြီး ကြီးထွားဟော်မုန်းတွေပေးကြတယ်။ ပေးတဲ့အခါ ထိုးဆေးအနေနဲ့ ပေးရတယ်။ အသားဆေး(သို့)အဆီလွှာထဲကို ထိုးပေးရတယ်။ နေ့စဉ်ပေးတယ်။ ညစဉ်ထိုးရတယ်။ အနည်းဆုံး -၁၂လထိုးရတယ်။ ၆လအတွင်း အရပ် ၁လက်မရှည်လာရင်ကောင်းတယ်။ အစားအသောက်၊အနေအထိုင်၊လေ့ကျင့်ခန်းပါ လုပ်ရတယ်။ စျေးကလည်းကြီးသလားမမေးနဲ့။ တလုံးကိုသောင်းဂဏာန်းရှိတယ်။ တလကို၆၀၀၀၀၀-၉၀၀၀၀၀ထိ ကုန်ကျနိုင်တယ်။16နှစ်နဲ့ 45နှစ်တွင်းအရွယ်တွေမှာလည်း အလုပ်ဖြစ်နိုင်တယ်။ ဆေးပမာဏက အလေးချိန်ပေါ်မူတည်ပြီး ထိုးရတယ်။  ၃လတခါဆေးပမာဏကို ပြန်တွက်ပေးရတယ်။ ပေါင်၊လက်မောင်း၊တင်ပါး၊ချက် စတဲ့နေရာတွေမှာ တနေရာနဲ့တနေရာ မတူအောင် ပတ်ပြီးထိုးပေးရတယ်။ အခုနောက်ပိုင်းက စိတ်ချရတဲ့ recombinant DNAနည်းသုံးပြီးထုတ်ထားတဲ့ HGH ထိုးဆေး တွေဖြစ်ပါတယ်။

ကောင်းကျိုး
-အရပ်ရှည်ခြင်း
-ကြွက်သားထွက်ခြင်း
-အဆီနည်းခြင်း
-အရိုးမာခြင်း
-လက်သည်းခြေသည်းကြီးထွားစေခြင်း

ဘေးထွက်ဆိုးကျိုး
-ဆေးမတဲ့တာ
-အညိုကွက်၊အမဲကွက်များ
-ခေါင်းကိုက်ခြင်း
-ပျို့အန်ချင်ခြင်း
-နေမကောင်းခြင်း
-နုံးချိခြင်း
-ခြေဆစ်လက်ဆစ်ကိုက်ခြင်
-ဂလူးကို့စ်ယာယီတက်ခြင်း

သူများတိုင်းပြည်မှာ ရရှိနိုင်တဲ့ဆေးနာမည်များ
-Genotropin(somatropinum)
-Humatropin
-Norditropin
-Omnitrope
-Nutropin AQ

(၂၀၁၃မှာ တပတ်တကြိမ်ထိုးရတဲ့ HGHတွေ ပေါ်ပေါက်လာပြီလို့ ဖတ်ရတယ်။)

ဆေးတိုင်း ဘေးထွက်ဆိုးကျိုးကိုယ်စီနဲ့ပေါ့။ ဟော်မုန်းဆေးတွေ ပိုဆိုးတယ်။ မထိုးတာက ပိုကောင်းတယ်။သတင်းစာမှာ ကြေငြာတာ ဘယ်ဟော်မုန်းကိုဆိုလိုသလဲ မသိပါဘူး။ ကြေငြာသဘောကတော့ ကောင်းတာပဲကြေငြာတယ်။ မကောင်းတာတော့ ပြောမှာမဟုတ်ဘူး။ အစားအသောက်၊လေ့ကျင့်ခန်းက ပိုကောင်းမယ်။
-ကယ်လ်ဆီယမ်၊ဇင့်၊ဖော့စဖားရပ်၊မဂ္ဂနီစ်းပါဝင်တဲ့ဆေးသောက်ပါ။
-နွားနို့များများ၊ရေများများ သောက်ပါ။
-ကြွက်သားတင်းစေတဲ့လေ့ကျင့်ခန်းလုပ်ပါ
-ရေကူး၊ဘတ်စကတ်ဘော ကစားပါ
-အရပ်ရှည်ဖို့ မျိုးရိုးက အရေးကြီးပေမယ့် ဂျပန်တွေကို ကြည့်ခြင်းအားဖြင့် အစားအသောက်၊အနေအထိုင်နဲ့ပြုပြင်နိုင်တယ်လို့ သိရှိရပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၇.၁၂.၁၃

(English Version)

HGH injection for height growth

I think I used to say in the newspaper that there is a hormone injection that can be longevity. Tell me where you can get it, but you shouldn't.

Hormone injections have been used since the 1950s. The hormone, human growth hormone (HGH), is injected externally. Normally, HGH is produced from the pituitary gland of the brain. It causes growth. I don't know about Win Zaw Oo, who recently went to Singapore for surgery. He is a tumor in the pituitary gland and produces more growth hormones.

In other words, growth hormone deficiency can make people less sensitive. I was pretty tall. This is imitated by the growth hormone. When given, it is given as an injection. They are injected into the skin or in the skin. Give it daily. It is given every night. At least 6-12 months. It is good to be 1 inch tall within 6 months. You have to eat, drink, and exercise. Is the price too expensive? There are tens of thousands. It can cost up to 600,000-900,000 per month. The dose depends on the weight. Every three months, the dose was recalculated. They had to be pierced in different places in the thigh, arm, hip, chin, and so on. Recently, HGH injections have been made using reliable recombinant DNA.

Advantages
- height
-Muscle cramps
-Low fat
-Bone Hardening
-Nails growth 

Side effects
- drug allergy
- Brown spots
- Headache
- Nausea
- being sick
- Fatigue
- Knee joint pain
- High Glucose temporary

Drug names available in other countries
-Genotropin (somatropinum)
-Humatropin
-Norditropin
-Omnitrope
-Nutropin AQ

(It has been reported that HGH cases are given once a week in 2013).

Each medicine has its own side effects. Hormone pills are worse. Not injecting is better, and I don't know what hormones are being reported in the newspaper. Advertising is good. It's not a bad thing to say. Food and exercise would be better.
- Take calcium, zinc, phosphate, magnesium.
Drink plenty of milk and water.
Exercise for muscle building
- Swim and play basketball
Although heredity is important for longevity, it is known that Japanese diet can be modified by eating food.

Dr. Aye Min Htoo 
17.12.13

No comments:

Post a Comment