Friday, July 4, 2014

ကလေးနှလုံးခုန်တာ ဘယ်တော့လဲ

ဆရာ မရှင်းတာလေး တခုလောက် ထပ်မေးခွင့်ပြုပါ။ ကလေးရှိရင်ဘယ်အချိန်ဆို ကလေးနှလုံးခုန်ပါပြီလဲ။တချို့က သုံးလကျော်မှ ကလေးနှလုံးခုန်တယ် ပြောလို့ပါ။ ဘယ်လောက်နေရင် ဓာတ်မှန်ရိုက်လို့ ရပါသလဲ။ ပြန်လည်ဖြေကြားပေးပါဦးဆရာ။


ဘယ်အချိန်မှာ ကလေးနှလုံးစခုန်လဲ
သားအိမ်မှာ တွယ်ကပ်ပြီး ၂၃ရက် ကြာတာနဲ့ ကလေးနှလုံးက စခုန်ပါတယ်။တနည်းအားဖြင့် ရာသီထိန်တဲ့ရက်က စတွက်ရင် ၄၄ရက်လောက်နေရင် နှလုံးစခုန်ပြီ ဖြစ်တယ်။ ဒါ့ကြောင့် ရာသီထိန်ပြီး ၆ပတ်ကျော်တာနဲ့ ကလေးနှလုံးခုန်မှု ရှိ၊မရှိ စတင်သိရှိနိုင်ဖို့ sonogram(obstetrical ultrasound) ရိုက်ပေးနိုင်တယ်။ ၁၂ပတ်(၃လ)ကျော်ရင် fetal Doppler
USGနဲ့ ကလေးနှလုံးခုန်နှုန်းကို ကြားသိနိုင်တယ်။ စစ်ခါစမှာ ကလေးနှလုံးခုန်နှုန်း ၁၄၀အထက်မှာ ရှိတယ်။ လေ့လာမှုတွေအရ ကလေးတကြိမ်လှုပ်ရင်  ပုံမှန်မွေးဖွားနိုင်စွမ်းက ၉၅ရာခိုင်နှုန်း ရှိပါတယ်။ 

တခါတရံ သွေးထဲမှာ ရှိတဲ့ beta hCG ပမာဏကို စစ်ကြည့်ပြီး ကလေးရဲ့ sex(ဖို၊ မ သဘာဝ) ကို ယေဘုယျ ပြောနိုင်တယ်။ hCG ဟော်မုန်း ပုံမှန်ထက်ပိုများနေတာက မိန်းကလေးကိုယ်ဝန် ရှိနေလို့ ဖြစ်နိုင်တယ်။ ယောကျာင်္းလေးကိုယ်ဝန်မှာ ဒီလောက်မတက်ကြဘူး။ မိန်းကလေးကိုယ်ဝန်မှာ ဟော်မုန်းအတက်မြန်တာကြောင့် သွေးထဲမှာ စောသိနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
၂.၇.၁၄

No comments:

Post a Comment