တပတ်အတွင်း မျက်နှာအသားအရေကို သိသိသာသာပြောင်းလဲနိုင်တဲ့ နည်းတခုရှိတယ်။ လုပ်ရတာ မခက်ဘူး။သုံးရမယ့် ပစ္စည်းတွေကလည်း သုံးမျိုးတည်း။ ကြက်ဥ(အကာ)၊ ခါကြက်ဥ(မုန်လာဥနီ) နဲ့ နနွင်းနည်းနည်း သုံးရုံပါပဲ။လုပ်ရလွယ်ပြီး ရလာဒ်ကလည်း မနည်းလှပါ။၂-၃ကြိမ်ခန့်လုပ်ရုံနဲ့ ထူးခြားတဲ့ ပြောင်းလဲမှုကို မြင်တွေ့နိုင်တယ်။ဒီနည်းက ဝက်ခြံအမဲစက်သာမက အမာရွတ်တွေအတွက်လည်း ကောင်းတယ်။ အရေးအကြောင်းနဲ့ အတွန့်အခေါက်ကင်းစင်စေမယ်။
ဘာလိုသလဲ
ကြက်ဥအကာ - တလုံး
မုန်လာဥနီ အနှစ် - လက်ဖက်ရည် တဇွန်း
နနွင်း - လက်တဆိတ်စာ
(မုန်လာဥနီမရှိရင် လိမ္မော်သီးကို အရည်ညှစ်ပြီး ပြောင်းလဲသုံးနိုင်ပါတယ်၊အဆင်ပြေရာသုံးပါ)
အဆိုပါ ပစ္စည်း သုံးမျိုးကို ရောပြီး ခွက်တခုတည်း ထည့်ပါ။ ပြီးရင် ရောသမအောင် မွှေပါ။ မလိမ်းခင် မျက်နှာအရင်သစ်လိုက်ပါ။ ခဏ ခြောက်သွေ့အောင်ထားပါ။ ဂွမ်းစ သို့မဟုတ် စုတ်တံသုံးပြီး အဆိုပါအရောကို မျက်နှာပေါ်လိမ်းပါ။ ငါးမိနစ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားရင် အပေါ်က ဒုတိယအကြိမ် နောက်တထပ်လိမ်းပါ။၁၅ မိနစ်ကြာတဲ့အခါ ရေနွေးစိမ်အဝတ်နဲ့ မျက်နှာကို သန့်စင်လိုက်ပါ။ အားလုံးပြီးတာနဲ့ မျက်နှာပြန်သစ်ပါ။ ဒီနည်းအတိုင်း တပတ်ကို နှစ်ကြိမ်လုပ်သင့်တယ်။ ပထမတကြိမ်လုပ်ပြီးတာနဲ့ ဝင်းပတဲ့ မျက်နှာ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ကြည်လင်နေတဲ့ မျက်နှာလေးကို တပတ်အတွင်း မြင်တွေ့ရမှာ ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
၂၂.၄.၁၇
No comments:
Post a Comment