setting spray အကြောင်းလေးအချိန်ရရင်ရှင်းပြပေးပါဆရာ
Setting spray ဆိုတာ မိတ်ကပ်ကို မပျက်စီးစေဘဲ ကြာရှည်ခံအောင် လုပ်တဲ့ပစ္စည်းဖြစ်ပါတယ်။ makeup setting spray ထဲမှာ matte type နဲ့ dewy type ဆိုပြီး နှစ်မျိုးရှိတယ်။ matte type ကို နွေရာသီမှာ အသုံးပြုပြီး dewy type ကို ဆောင်းရာသီမှာ အသုံးများတယ်။setting sprayကို အများကြီး ဖြန်းဖို့ မလိုအပ်ပါဘူး။ ခပ်ပါးပါးပဲ ဖြန်းပါ။ မျက်နှာနဲ့(၈)လက်မအကွာကနေ ဖြန်းသင့်တယ်။ မျက်နှာရဲ့ X သို့မဟုတ် T ပုံစံမျိုး ဖြန်းပက်ရမယ်။ တခါဖြန်းပြီး ခြောက်သွေ့အောင်စောင့်ပါ။တချို့ setting spray တွေက မိတ်ကပ်ကို (၁၆)နာရီထိ ခံအောင် ပြုလုပ်ပေးနိုင်တယ်။
Setting powder ကတော့ foundation ပေါ်ကနေ ထပ်သုံးရတဲ့ ပေါင်ဒါမှုန့်တမျုး ဖြစ်ပါတယ်။ အောက်က foundation မိတ်ကပ်ကို ကြာရှည်ခံစေတယ်။ loose powder နဲ့မတူတာက မျက်နှာအပြစ်အနာအဆာကို ဖုံးကွယ်ဖို့ မဟုတ်ဘဲ အောက်ခံ foundationမိတ်ကပ်ကို ကြာရှည်ခံပြီး နေသားကျစေဖို့ အဓိကသုံးတယ်။ ဒါ့ကြောင့် နေသားတကျဖြစ်ချင်တယ် ကြာရှည်ခံချင်တယ်ဆိုရင် Setting powder ကို ထည့်သုံးရမယ်။ concealer သုံးရင် အဲဒီအပေါ်က သုံးရတယ်။NYX, NARS, MAC, Bobbi brownနဲ့ dermablend တွေက နာမည်ကြီးတယ်။
ဒေါက်တာ အေးမင်းထူး
၂၇.၁၀.၁၇
No comments:
Post a Comment