Wednesday, July 31, 2013
ဟိုနေရာအရင်းမှာ အသားပိုလိုအဖုလေး ပေါက်နေလို့ပါ
အရင်​ဆုံး မိတ်​ဆက်​ပါရ​စေ ကျွန်​​တော့်​နာမည်​ ကို_ပါ အသက်​က ၃၃ ပါဆရာ ..မန်းတ​လေးကပါပဲ ဆရာ့​ဆေးခန်းကိုလဲလာပြဘူးပါတယ်​ ..ကျွန်​​တော်​​မေးချင်​တာတစ်​ခု​လောက်​ရှိလို့ပါ ​ဆေးခန်းလာပြရမှာလဲနဲနဲရှက်​လို့ပါ ...:ဒီလိုပါ ကျွန်​​တော့်​ လိင်​တန်​ အရင်းမှာ လွန်​ခဲ့တဲ့ ၆ လ​လောက်​ အသားပိုလိုဟာ​လေး အဖု​လေး​ပေါ့ဗျာ ​ပေါက်​လာတယ်​ ကျွန်​​တော်​လဲ ကြာရင်​​ပျောက်​သွားမှာပဲဆိုပီး ထားတာ ခုပိုပိုကြီးလာပီး ​ပြောင်းဖူး​စေ့​လောက်​ရှိလာပါတယ်​ဆရာ နာကျင်​မှု​တော့မခံစားရပါဘူး ..သူ့ပုံစံက ​ပန်း​ဂေါ်ဖီအ​သေးစား​လေးလိုပဲ အ​ပေါ်ယံက အဖု​လေး​တွေနဲ့ပါ အဲဒါကြီးကြီးလာရင်း တခုခု ဖြစ်​မှာဆိုးလို့ ဘာလုပ်​သင့်​သလဲတိုင်​ပင်​ကြည့်​တာပါ အကြံညဏ်​​လေး​ပေးပါ​ပြောပြပါဦးဆရာ ​ကျေးဇူးအများကြီးတင်​ပါတယ်​ဗျာ ​ဆေးခန်းလာပြမှရမယ်​ဆိုလည်း ပြရမှာ​ပေါ့ဆရာ ကြို​မေးထားတာပါ...​ညွှန်​ကြားမှုကို​မျှော်​​နေပါ့မယ်​ဆရာ
ဟုတ်ကဲ့ပါ ကို_၊ကျွန်တော် လည်း မမြင်ရတော့ ပြောရနည်းနည်း ခက်ပါတယ်။ ပြောပုံအရ ခန့်မှန်းကြည့်ရရင် လိင်အဂါင်္ကြွက်နို့ ဖြစ်နိုင်ပါတယ်။ လိင်အဂါင်္ကြွက်နို့ဆိုတာ HPVဆိုတဲ့ ဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်စေပါတယ်။ လိင်ဆက်ဆံခြင်းက အဓိက ကူးစက်စေတယ်။ ကနဦးပဲစေ့လောက်ကနေ ဂေါ်လီလုံးလောက် ဖြစ်လာတတ်တယ်။ မျက်နှာပြင်ချောမွေ့နေရာက ပန်းဂေါ်ဖီလို အဖုလေးတွေ ဖြစ်လာတတ်တယ်။နာကျင်ခြင်း မရှိတတ်ဘူး။အရေပြားအရောင်ပြောင်းတာဖြစ်နိုင်တယ်။ယားတာ၊သွေးထွက်တာမျိုး ရှိနိုင်တယ်။အမှန်က ထိတွေ့ပါများ၊ကလိပါများတဲ့အခါမျိုးမှာ ဖြစ်စေတယ်။ ကံကောင်းတဲ့ ၁၅ရာခိုင်နှုန်းဟာ သူ့ဘာသာပြန်ပျောက်နိုင်တယ်။ပုံမှန်အားဖြင့် ပျောက်ဖို့ လပိုင်းထိကြာတတ်တယ်။ နှစ်ချီပြီးကြာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဖြစ်တဲ့အဖုက ပိုကြီးလာရင် ဆရာဝန်နဲ့ ပြသသင့်တယ်။ ဒါက လိင်အဂါင်္ကြွက်နို့အကြောင်း ယေဘုယျပြောတာပါ။ မမြင်ရ မတွေ့ရတဲ့အတွက် ပြောရတော့ခက်ပါတယ်။ ပြရမှာရှက်နေရင် ဓာတ်ပုံပို့ပေးပါ။အကောင်းဆုံးက အရွယ်အစားကြီးလာတာဖြစ်လို့ ဆရာဝန်တစ်ဦးဦးနဲ့ပြပါ။ ကျွန်တော်နဲ့မှ မဟုတ်ပါဘူး။ ဘယ်သူနဲ့မဆိုပြနိုင်ပါတယ်။လောလောဆယ်တော့ ဖြစ်တဲ့အဖုကို ထိတာ၊ကလိတာ ရှောင်ထားပေးပါဦး။
ဒေါက်တာ အေးမင်းထူး
၂၉.၇.၁၃
10 comments:
  1. ​မေးစရာရှိလို့​မေးလို့ရမလား
    ReplyDelete
  2. ​မေးလို့ရမလား
    ReplyDelete
  3. မေးခွန်းတွေကို မေးလို့ရမလားမမေးဘဲ တိုကိရိုက်မေးပါ
    ReplyDelete
  4. ဆရာ
    ကျွန်​​တော်​နဲ့ ကျွန်​တာ့​ကောင်​မ​လေးက ဝန်​ထမ်း​တွေပါမကြာခင်​မှာလက်​ထပ်​ကြမှာပါ
    သိချင်​တာ​လေး​တွေရှိလို့်ပါဆရာ
    ကျွန်​​တော်​သိချင်​တာက
    ၁။ လက်​မထပ်​ခင်​ HIV အပြင်​တစ်​ခြားဘယ်​အချက်​​တွေများ
    ၂။ ကျွန်​​တော်​လက်​ထပ်​ပီးရင်​က​လေးယူဖို့အဆင်​မ​ပြေ​သေးလို့
    ဘာ​တွေများကြိုတင်​ကာကွယ်​ရမလဲသိချင်​ပါတယ်
    ၃။ Ecee 2 ဆိုတဲ့တား​ဆေးက တစ်​ရက်​အတွင်း​သောက်​ရင်
    ၉၅% ကာကွယ်​နိုင်​တယ်​လို့​ရေးထားပါတယ်​ဆရာ
    ကိုယ်​ဝန်​မရ​အောင်​တားနိုင်​လား​သေချာသိချင်​ပါတယ်​ရမရစစ်​​ဆေးချင်​တယ်​ဆိုရင်​ဘယ်​နှစ်​ရက်​ကြာမှစစ်​​ဆေးနိုင်​မလဲသိချင်​ပါတယ်​ဆရာ
    ၄။ ဒီ​ဆေးကို​သောက်​တဲ့အတွက်​ ​ခေါင်းမူးခြင်း၊ ​ခေါင်းကိုက်
    ခြင်း၊ ​ဗိုက်​နာ၊ ​ဗိုက်​​အောင့်​ခြင်း​တွေက ဆိုးဆိုးရွားရွားဖြစ်
    နိုင်​လားသိချင်​ပါတယ်​ဆရာ
    ၅. တစ်​နာရီအတွင်းပျို့အန်​ခဲ့မယ်​ဆိုရင်​ ​နောက်​တစ်​လုံးကို
    ချက်​ခြင်း​သောက်​ရမယ်​လို့သိရပါတယ်​ဆရာ တစ်​နာရီ
    ရမှာလားအချိန်​ပြည့်​မှ​သောက်​ရမှာလားသိချင်​ပါတယ်
    ဆရာ
    ၆။ တစ်​ခါဆက်​ဆံပြီးတဲ့အခါ ဒီ​ဆေးတစ်​ကဒ်​​သောက်​ရုံနဲ့
    လုံ​လောက်​လား ထက်​ပီ​သောက်​ဖို့လိုအပ်​လားသိချင်​ပါတယ်​ဆရာ
    ၇။ ဒုတိယတစ်​လုံးမ​သောက်​ခင်​ထပ်​ပီးဆက်​ဆံတယ်​ဆိုရင်
    ဒီ​ဆေးကအကျုံးဝင်​လားသိချင်​ပါတယ်​ဆရာ
    ၈။ နှစ်​လမှာတစ်​ခါ​လောက်​ဘဲဆက်​ဆံဖြစ်​တဲ့သူ​တွေအ
    တွက်​​ကော အမြဲ​သောက်​လို့အဆင်​​ပြေပါ့မလားသိချင်
    ပါတယ်​ဆရာ
    ကျွန်​တော့သိချင်​တာ​လေး​တွေကို​ဖြေကြား​ပေးပါခင်​​ဗျာ
    ReplyDelete
  5. ဆရာ
    Ecee 2 တား​ဆေးအကြာင်း​မေးချင်​လို့ပါဆရာ
    ReplyDelete
  6. ကျွန်​​တော့​ကောင်​မ​လေးနဲ့ ရာသီလာပီး​လေးရက်​​မြောက်​​နေ့မှာ အတူ​နေပါတယ်
    သူက ပီးပီဆိုလို့ပါ
    ပြန်​ထုတ်​​တော့ ​သွေး​တွေပါလာပါတယ်
    သူ့ထဲမှာလဲထွက်​​နေတာ​ပေါ့
    ဒါနဲ့ဘဲဆက်​မလုပ်​​တော့ပါဘူး မပီး​သေးဘူးဆိုပီး
    အပြန်​ကြ​တော့ NOW WAY တိုက်​လိုက်​ပါတယ်
    အဲ့လိုနဲ့တစ်​ပတ်​​လောက်​ကြာ​တော့ ပီးပီဆိုပီးဆက်​​နေပါတယ်
    မ​နေခင်​က​တော့ သူ့မှာဘာ​သွေးမှမထွက်​ပါဘူးတဲ့
    အဲ့ကြ​တော့ ​သွေး​ပေ​နေတာကျွန်​​တော်​​တွေ့လိုက်​တယ်
    သူ့ထဲကလဲထွက်​လာပါတယ်
    အဲ့လိုနဲ့ ​နောက်​နှစ်​ရက်​​လောက်​ထိ ထွက်​လိုက်​ မထွက်​လိုက်​ဖြစ်​​နေပါတယ်​တဲ့ခဗျာ
    အကြံ​လေး​ပေးပါဆရာရယ်
    ဆိုးရိမ်​ရလား
    သားအိမ်​တစ်​ခုခုဖြစ်​သွားလို့လား
    အားကိုးပါတယ်​ဆရာ
    ReplyDelete
  7. ကျွန်​​တော်​ပို့တာ ​ရောက်​လား
    ReplyDelete
  8. ကိုယ်​ဝန်​ရှိ​နေတာမယူလို့မဖြစ်​လို့ မရှိ​အောင်​လုပ်​လို့ရသလားဆရာ
    ReplyDelete
  9. ဆရာ
    ကျွန်​မဆီးခဏခဏသွား​နေပါတယ်​ဆရာ။၁၀မိနစ်​ကိုတခါသွားပါတယ်​။စိုးရိမ်​ရလားဆရာ။
    ReplyDelete