Sunday, April 13, 2014

ခေါင်ရည်သောက်၍ ငပိစား ရေယုန်ပေါက်လား

အခုကျွန်တော်ရေယုန်ပေါက်နေတယ် အဲဒါဘာကြောင့်လဲ။လွန်ခဲ့တဲ့နှစ်ရက် ပုသိန်မှာမြစ်ရေချိုးခဲ့တယ်၊ခေါင်ရည်သောက်ခဲ့တယ်၊တစ်ခါမှငပိရည်ချိုကိုမစားဘူးပဲစားခဲ့တယ်အဲဒါကြောင့်လား။sex ကိစ္စက လဲကျွန်တော့ကောင်မလေးကလွဲရင်ဘယ်သူနဲ့မှမလုပ်ဘူး ထူးစပ်းတယ်



ရေယုန်ဆိုတာ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့် ဖြစ်ရတာပါ။ အစားအသောက်၊အနေအထိုင်ကြောင့် မကူးစက်စေဘူး။ မြစ်ရေချိုးတာ၊ရေကူးတာကြောင့်လည်း မဖြစ်စေဘူး။ ခေါင်ရည်၊ငပိရေချိုကြောင့်လည်း မဟုတ်ဘူး။ လိင်ဆက်ဆံခြင်းကြောင့်လည်း မဖြစ်စေဘူး။ အသားအရေချင်းထိတွေ့မှုကြောင့် ကူးစက်နိုင်တယ်။ အထူးသဖြင့် acute eruptive phaseမှာ ကူးစက်နိုင်တယ်။ ခန္ဓာကိုယ်မှာ အနီစက်၊အရည်ကြည်ဖုတွေပေါက်လာတာ တွေ့ရမယ်။ အထူးသဖြင့် အာရုံကြောတွေ စပ်ဖျဉ်းဖျဉ်း နာနေလိမ့်မယ်။ 
-ရေယုန်ပေါက်တာ သေချာပါသလား
-နာကျင်တာ၊ဖျားနာတာ ရှိပါသလား
-အနီစက်တွေအရင်ပေါ်လာပြီး အရည်ကြည်ဖုပြောင်းသွားတာ ရိှပါသလား
-ငယ်စဉ်က ရေကျောက်ဖြစ်ခဲ့ဖူးပါသလား
-မိမိအနီးအနားပတ်ဝန်းကျင်မှာ ရေယုန်ပေါက်သူ ရှိပါသလား
-လောလောဆယ် ရေယုန်ပေါက်သူကထွက်တဲ့အရည်နဲ့ ထိတွေ့ဖူးပါသလား
-လိင်ဆက်ဆံဖက်မှာ လတ်တလောရေယုန်ပေါက်တာရှိရင် ကူးနိုင်ပါတယ်
-အစားအသောက်ကြောင့်လည်း မကူးစက်စေပါဘူး
-မသေချာရင် ဆရာဝန်နဲ့ သေချာပြန်ပြကြည့်ပါ
-စပ်ဖျဉ်းဖျဉ်းနာကျင်တာမရှိရင် ရေယုန်မဟုတ်ဖို့ များပါတယ်

(ရေယုန်အကြောင်းကို ဆေးပညာဆောင်းပါးဘလော့ခ် လိပ်စာ http://drayeminhtoo.blogspot.com/2013/02/blog-post_13.html#more မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။)

ဒေါက်တာ အေးမင်းထူး
၆.၄.၁၄

No comments:

Post a Comment