ကျွန်မ ယောင်္ကျားနဲ့ လိင်ဆက်ဆံပြီး နောက် ကျွန်မ သွေးနဲနဲ ဆင်းနေတယ် တခါဆင်းရင် 2 ရက်လောက် ဆင်းတယ် ဆရာ အရင်ဆေးကဒ်နာမည်က OK ပါ ကိုယ်ဝန်တားဆေးပြောင်းသောက်တာ 1 လ ခွဲ လောက်ရှိပြီ (ပြောင်းသောက်ရတဲ့ အကြောင်းအရင်း ကလဲ OKဆးကဒ်ကသောက်ရင် ခေါင်းမူးမူးနေလို့ ပါ) ဆရာ အဲဒီ ဆေးကဒ် ပြောင်း သောက်ထဲ က ဖြစ်နေတာ သွေးနဲနဲဆင်းတယ် လိင်ဆက်ဆံ ပြီးတိုင်း ဖြစ်တာတော့ မဟုတ်ဘူး တခါတခါ မှ သွေးဆင်းတာ ကျွန်မ တို့ က 1 ရက်ခြား 1 ခါတော့ ဆက်ဆံတယ် တလ ကို 3 ခေါက်လောက်တော့ သွေးဆင်းတယ် ဆရာ အဲဒါ ဘယ်လိုကြောင့် ဖြစ်နေတာ လဲ ဆိုတာ ကို သိချင်လို့ပါဆရာ ရောဂါ ပုံစံ လိုဖြစ်နေမှာ စိုးရိမ်လို့ပါဆရာ
.... (ခေတ္တမလေးရှား)
၁။oestrogen +progestogen နှစ်မျိုးပါတာ(combined oral contraceptive pill)
၂။progestogenတမျိုးထဲပါတာ(progestogen only pill)
ပထမအမျိုးအစားက OK pills,microgynon ,marvelon စတဲ့နာမည်တွေနဲ့ ဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့သာမက တချို့လူနာတွေမှာ ရာသီမှန်ဖို့၊ဝက်ခြံပျောက်ဖို့ လည်း အသုံးပြုနိုင်တယ်။ ဘေးထွက်ဆိုးကျိုး ရာသီမမှန်တာလည်း ဖြစ်နိုင်တယ်။
အကြံပြုချက်
၁။ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ အခြေအနေကို စောင့်ကြည့်နိုင်ပါတယ်။ post-coital လိင်ဆက်ဆံပြီးချင်းဖြစ်တာလား တချက်ပြန်စစ်ပါ။
၂။တားဆေးကဒ်ပြောင်းသောက်တဲ့အခါ ရာသီမမှန်တာ ဖြစ်နိုင်တယ်။ ရာသီသွေးတစက်စက်ပေါ်တတ်တယ်။
၃။သေချာချင်ရင် (၂)ပတ်လောက် အတူနေတာရှောင်ကြည့်ပါ။ အကယ်၍ သွေးနဲနဲ ဆင်းတုန်းဘဲဆိုရင် တားဆေးကြောင့် ဖြစ်ဖို့များတယ်။
၎။ဒီလို ဖြစ်တာ ၆-လ ကျော်ရင် ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
၂.၃.၁၄
No comments:
Post a Comment