Tuesday, April 14, 2015

သမင်ဖြူလိုအကွက်

ဆရာဆေးခန်းထိုင်ပါသလား။ သမီးလာပြချင်လို့ပါ။

မန္တလေးက ဆိုရင်တော့ လာပြလို့ရတယ်။ ညနေ (၅)နာရီနောက်ပိုင်းမှ လာပြပါ။ သောက်တဲ့ဆေးတွေ တခါတညိး ယူလာပါ။ ဆေးခန်းလိပ်စာကိုတော့ ဘလော့ခ်ညာဖကိခြမ်းမှာ ရေးထားတယ်။ အဲဒီမှာ ဖတ်ကြည့်ပေးပါ။



ရန်ကုန်ဖြစ်နေတယ် ဆရာ ။ Tacriz forte ,Melanocyl Tab , Orofer , Lipochol ,Gencare and ချိုဇင်လင်း no.4 ပေးထားတယ် ဆရာ 


ဆရာဝန်နဲ့ပြပြီးသားထင်တယ်။ ဆေးတွေထဲမှာ ဂရုစိုက်ရမှာက Melanocyl Tab ဖြစ်တယ်။ အဲဒီဆေးက ခရုသင်းအဖြူကွက်မှာပေးတဲ့ဆေး။ ဘေးထွက်များလို့ တကိုယ်လုံး ခရုသင်းစွဲသူမှာပဲ သုံးသင့်တယ်။ ကွက်ဖြစ်ရင် လိမ်းဆေးက ပိုကောင်းတယ်။ ဒီဆေးသုံးရင် ဂရုစိုက်ရတယ်။လိမ်းဆေးလိမ်းပြီးတနာရီနေရင် နေရောင်ပြ စစချင်း မိနစ်ဝက် နောက်တဖြည်းဖြည်းနဲ့ တမိနစ်ပြ စသည်ဖြင့် သွားရတယ်။သောက်ဆေးကို ရက်ဆက်မပေးရဘူး။ ဆေးသောက်ပြီး နေပြရတယ်။လိမ်းဆေးကော သောက်ဆေးပါ ဆရာဝန်ရဲ့ အနီးကပ်ညွှန်ကြားမှုလိုပါတယ်။ ရောဂါကတော့ အဲလောက်ကြီးမလိုဘူးလို့ယူဆရတာပဲ။ 

ကျန်တာတွေက သံဓာတ်အားဆေး အသည်းဆေးနဲ့ ဗီတာမင်အေဖြစ်တယ်။အဖြူကွက်သမား တွေကို လေ့လာကြည့်တော့ ဗီတာမင် အေ၊စီ၊ဒီ၊အီး၊ဘီတွဲ၊ဖောလစ် မဂ္ဂနီစီယမ်စတာတွေ ချို့တဲ့တာတွေ့တယ်။ biotin နဲ့ ဗီတာမင်အီးက အရေပြားဆဲလ်အတွက်ကောင်းတယ်။တချို့ကျတော့ ginkgo biloba ၆လသောက်ပြီး သက်သာကြတယ်။ အလှအပမက်သူတွေအတွက် camouflage ဆေးနဲ့ သွင်ပြင်ကို သက်သာစေနိုင်တယ်။အခုနောက်ဆုံးပေါ်vitix လိမ်းဆေးက ခရုသင်း အဖြူကွက်မှာ သုံးတာပဲ။ ဆေးတွေက အမျိုးမျိုးပဲ။ ကောင်းတာကဘာ့ကြောင့်ဖြစ်တာလဲ အရင်အဖြေရှာပါ။ သွေးစစ် ဟော်မုန်းစစ်ပြိး လိုတာတွေကိုပဲ ကုသင့်တယ်။ အရေပြားရောဂါတွေက ရမ်းကုလို့မရပါ။ ရောဂါပျောက်ဖို့ကတော့ အနာနဲ့ဆေး ဟပ်ဖို့လိုတယ်။ ဆေးသုံးတဲ့အခါ လူနာအတွက်သင့်တော်တဲ့ ဘေးထွက်နည်းတဲ့ဆေးမျိုးပဲ ရွေးသုံးသင့်တယ်။ 

"အကွက်ဖြူတိုင်း သမင်ဖြူထင်ရင် မှားပါတယ်"

ဒေါက်တာ အေးမင်းထူး
၅.၄.၁၅


ဆရာ ကျေးဇူးတင်ပါတယ်။ ဘယ်ဆရာဝန်နဲ့ပြသင့်လည်းဆရာ ဒေါက်တာခိုင်ခိုင်ဇော်ဆိုရင်ကောင်းလားဆရာ ။ သမီးလည်း ခရုသင်းဆင့်မဟုတ်ဘူးလို့ထင်တယ် ။ဆေးသောက်ရင်ခေါင်းနည်းနည်းတော့မူးတယ်ဆရာ 

ဆောရီး ရန်ကုန်ကဆရာဝန်တွေ ကျနော်မသိပါ။  ဆရာဝန်နဲ့ ပြသင့်တာတော့ အမှန်ပဲ။ ကိုယ်ကောင်းမယ်ထင်တဲ့ဆရာဝန်တယောက်ယောက်နဲ့ ပြကြည့်ပါ

No comments:

Post a Comment