Sunday, August 10, 2014

ESR ဆိုတာ ရောဂါတပ်ဖို့မဟုတ်


ဆရာခင်ဗျာ
ကျွန်တော့် အသက်က ၆၀ ပါ...အခုတလော တစ်တောင်ဆစ်အရမ်းကိုက်လို့ ဆေးခန်းပြတော့ လိုတာအားလုံးစစ်ပါတယ် ..ကျန်တာတွေက ပုံမှန်ဖြစ်ပြီး ESR က 30 mm/hr ဖြစ်နေပါတယ်
ESR များတာ ဘာတွေဖြစ်နိုင်တယ်...ဘာတွေရှောင်ရမယ်ဆိုတာ လေးသိချင်ပါတယ်...ဆီးချို၊ သွေးတိုးရှိပေမဲ့ထိန်းထားနိုင်ပါတယ်...ဆရာဝန်ပြပေမဲ့ လက်ကိုက်တာ မသက်သာလို့ ပါ...အခု ဇက်ကြောလည်းကိုက်နေပါတယ်..လက်ကောက်ဝတ်နဲ့ တစ်ထောင်ဆစ်က အဆိုးဆုံးပါပဲ...ကူညီပေးပါဆရာ...ကျေးဇူးတင်ပါတယ်..


ESR စစ်တယ်ဆိုတာ ရောဂါအမည်တပ်ဖို့ စစ်တာမဟုတ်ပါဘူး။ အဓိကသိချင်တာက ရောင်ရမ်းဖြစ်စဉ်ရှိလား သိဖို့ပါ။ ESR တက်နေရင် ခန္ဓာကိုယ်မှာ ရောင်ရမ်းဖြစ်စဉ် ရှိနေပြီလို့ ပြောနိုင်တယ်။ ဒီထက်ပိုတိကျချင်ရငိ CRPဆိုတာ စစ်ရပါတယ်။ တခြားသွေးအဖြေတွေနဲ့ ချိန်ထိုးပြီးမှ ရောဂါအမည်တပ်လို့ရပါတယ်။ အခုလေးတင် အသက်(၄၀)ကျော်အရွယိ အမျိုးသမီးတယောက် ပခုံးနာလို့ မေးထားတာရှိလို့ ဖြေထားပါတယ်။ ဇက်ကြောတက်ရင် အာရုံကြောရောင်တာ ဖြစ်နိုင်တယ်။ သွေးတိုးဖြစ်နိုင်တယ်။ ဂေါက်ရောဂါတချက်စစ်ပါ။ လေးဖက်နာစစ်ပါ။အဆစ်အမြစ်ရောင်ဖြစ်နိုင်တယ်။ အသက်ကြီးလို့ နှလုံးရောဂါတချက်စစ်ပေးပါ။ လိုအပ်ရင် ဓာတ်မှန်ရိုက်ရမယ်။ အရိုးပျက်ဆီးတာမျိုးရှိရငိ အထူးကုနဲ့သေချာပြသငိ့တယ်။

ဘာတွေ ဆက်လုပ်မလဲ
-naproxen 250mg တနေ့သုံးကြိမ်သောက်နိုငိတယ်။ နှစ်ပတ်လောက် သောက်ကြည့်ပါ။
-အစာအိမ်ရောဂါအခံရှိရင် omeprazole 20mg တနေ့နှစ်ကြိမ် ထညိ့သောက်ပါ။
-အာရုံကြောဆေး neurobion အပြာကဒ်တနေ့သုံးကြိမ် တလ သောက်ပါ။
-vitamin B12 500mcg(methicol,neuroxl) တနေ့ သုံးကြိမ် နှစ်ပတ်သောက်ပါ။
-အဆစ်ရောင်ခြင်းအတွက် mega 3 တနေ့ သုံးကြိမ် သုံးလသောက်ပါ။ 
-အရိုးထဲကနာရင် calcium 500 တနေ့ ၂ကြိမ်ထည့်သောက်ပါ။
-သံဓာတ်ကို တချက်စစ်ပါ။ လိုရင် elemental iron 100mg တနေ့၁ကြိမ်သောက်ပါ။
-လိမ်းဆေး လိမ်းပေးနိုင်တယ်။ naproxen သို့ nimesulide cream လိမ်းပေးပါ။
-ဒီနည်းတွေမှ မရရင် ထိုးဆေးလိုပါလိမ့်မယ်။ ဒါကတော့ ပြတဲ့ ဆရာဝန်အပိုင်းဖြစ်သွားပါပြီ။ လိုတာကို ဆက်လုပ်ပေးပါလိမ့်မယ်။
-ရှောင်ရန်ထဲမှာ နီတဲ့အသား၊အရက်၊ဆေးလိပ်၊ကော်ဖီ၊လက်ဖက်ရည် ရှောင်ပါ။
-ကညွတ်၊ကမာ၊ပင်လယ်စာရှောင်ပါ။
-အအေးခန်း(အဲယားကွန်းခန်း)ထဲအိပ်ရင် ပိုဆိုးတတ်တယ်။
-ဖြစ်တဲ့ဖက်ကို အနားပေးပါ။

ဒေါက်တာ အေးမင်းထူး
၁.၈.၁၄

No comments:

Post a Comment