Friday, November 22, 2019

Somewhere in love

(1)

"What the hell! Are you crazy?"
In contrast with her dolly-face, she started frowning her brow prominently by looking down at me with despised manner, together with the action of slapping, the offering love letter in front of her face.
It was not unusual for giving such letter to a popular beautiful girl like her, but the weird thing was that those who came to offer the letter was only a skinny, dry-skinned and dull face young teenage like a rustic.
There was no lure to impress anymore and the more subtle, underestimated thing was she knew well that the little medical student was in the same class and was born of a normal family. She spoke out something to me.
"A meat bone that should show more respect for the curry pot."
With this word, she turned back by handing up her friend and went away. Meanwhile, I heard her friend shouting aloud, just before leaving.
"Right, It is a shame as he looks."
When she left, I remained alone by staring at the back of the haughty girl until the shadow disappeared gradually and fade away.

Sunday, November 17, 2019

သင့်ကလေးငယ် သန်ချဆေးသုံးရင် သတိထား...

တချို့ သန်ချဆေးတွေကို ၂နှစ်အောက် ကလေးငယ်တွေ မပေးရဘူးဆိုတာ တကယ်လားဆရာ...

ဟုတ်ပါတယ်၊ ၂နှစ်အောက်(အထူးသဖြင့် ၁နှစ်)အောက်မှာ မသုံးစွဲသင့်ဘူး၊ ဘာ့ကြောင့်မသုံးသင့်လဲဆိုတော့စနစ်တကျလေ့လာထားတာ မရှိလို့ပဲ။ သီအိုရီအရ ဆေးက ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ အသညိးကို ထိခိုက်နိုင်တယ်။ သွေးဖြူဥ၊သွေးဥမွှားနည်းတာမျိုးလည်း ဖြစ်စေ

Friday, November 15, 2019

ဆေးဝါးထဲက ကယ်စီယမ်

မင်္ဂလာပါ...ဆရာ...
ကျွန်​​တော်​ ​ဆေးပညာဗဟုသုတနဲ့ပတ်သက်ပြီးသိချင်တာလေးမေးလျှောက်ခွင့်ပြုပါ...
Anhydrous dibasic Calcium phophate, Calcium Carbonate စသည်ဖြင်
Calcium ​ဆေးဝါးတွေမှာ ကွဲပြားနေပါတယ်​..ဘယ်အမျိုးအစားက ခန္ဓာကိုယ်အတွက်သင်တော်မလဲသိချင်ပါတယ်ဗျ။
Nano Calcium နှင် နွားနို့မှာပါတဲ့calcium ကဘယ်အရာက အရိုးအတွက်စုပ်ယူမှုကောင်စေပါသလဲ ...နွားနို့ မှာပါဝင်တဲ့ calciumက Nano Calicum ပဲလားသိချင်ပါတယ်ဗျ...
ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ....

Thursday, November 14, 2019

မျက်နှာ အမွှေးပေါက်ခြင်း

ဆရာရှင့်
ညီမက ဆံပင်ကျွတ်လို့ အရေပြားအထူးကုနဲ့ ပြနေသူပါ
လွန်ခဲ့တဲ့ ၂လလောက်က ပြတာပါ
ပြနေရင်းနဲ့ မျက်နှာတစ်ပြင်လုံး.(ပါး၂ဖက်နှုတ်ခမ်းမွေးကော နားရွက်မှာပါ အမွှေးတွေ ထွက်လာလို့ပါဆရာ
ဆရာဝန်က သောက်ဆေးကြောင့်ပြောပြီး ဆေးပြောင်းပေးပါတယ်
အမွှေးတွေက ဆက်ထွက်နေတုန်းပါပဲ
အမွှေးတွေကို ဖယ်ရှားချင်ပါတယ်
ညီမ ပြနေတဲ့ဆရာက IPL နဲ့ ဖယ်ရမယ်ပြောပါတယ်

ဒါဖတ်ပြီးမှ မျက်ကပ်မှန်တပ်ပါ

ဒီဖက်ခေတ် လူသုံးများလာတဲ့ မျက်ကပ်မှန်အကြောင်း နည်းနည်းပြောပါရစေ။ မျက်ကပ်မှန်ဆိုတာ မျက်စိပေါ်မှာဖုံးအုပ်လို့ရတဲ့ သေးငယ်တဲ့ မှန်အသေးစား တမျိူး ဖြစ်တယ်။ မှန်ဆိုပေမယ့် ပလတ်စတစ် အကြည်တမျိုးပဲ။ မျက်ကပ်မှန်ကို polymethyl methacrylate (PMMA),silicone acrylate, hydrogels စတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။မျက်ကပ်မှန်တခုမှာ အရေးကြီးဆုံးက  အောက်စီဂျင်ဝင်ရောက်လွယ်ဖို့နဲ့ အစိုဓာတ်ထိန်းဖို့က ဖြစ်ပါတယ်။ ဒါမှမျက်ကြည်လွှာကို မထိခိုက်စေမှာ ဖြစ်ပါတယ်။ 

မျက်ကပ်မှန်တပ်နည်း

မျက်ကပ်မှန်တပ်တဲ့အခါ မျက်မှန်ပါဝါ အတိုင်း လိုက်တပ်လို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မျက်လုံးနဲ့ မျက်မှန်ရဲ့ ကြားအကွာအဝေးက 12mm လောက် ရှိနေလို့ ဖြစ်ပါတယ်။ ဒီအကွာအဝေးကို ထည့်သွင်းတွက်ချက်ရင် မျက်ကပ်မှန်ရဲ့ ပါဝါကို ၅၀ လောက် လျှော့ပေးရတယ်။ မျက်မှန်ပါဝါ ၃၀၀ ရှိသူတဦးဟာ ပါဝါ ၂၅၀ ရှိတဲ့ မျက်ကပ်မှန်ကိုပဲ တပ်သင့်တယ်။ မျက်ကပ်မှန်တခုရွေးချယ်တဲ့အခါ မျက်လုံးအနေအထား၊ မျက်ကြည်လွှာ အတိုင်းအတာ၊အခုံးအခွက်သာမက မျက်ခွံအနေအထားတွေကိုပါ ထည့်သွင်းတွက်ချက်ရတယ်။ 

အရပ်ရှည်ဆေး ထိုးခြင်း

အရပ်ရှည်ဖို့ဟော်မုန်းဆေးထိုးလို့ရတယ်လို့ သတင်းစာထဲတွင် ကျွန်တော်ဖက်ဖူးပါတယ် တစ်ကယ်ရှိတယ်လို့လည်းထင်ပါတယ်။ ဘယ်လိုနေရာမျိုးတွင်ထိုးလို့ရပါသလည်း ထိုးသင်မထိုးသင့်လည်းပြောကြားပေးပါ။

အရပ်ရှည်ဖို့ ဟော်မုန်းဆေးထိုးတာ ၁၉၅၀ကျော်လောက်ကစပြီး အသုံးပြုခဲ့ကြပါတယ်။ ကြီးထွားဟော်မုန်း human growth hormone(HGH)ကို ပြင်ပကနေထိုးတာပါ။ ပုံမှန်အားဖြင့် ဦးနှောက်ရဲ့ pituitary glandကနေ HGHတွေထုတ်လုပ်ပါတယ်။ ကြီးထွားမှုကို သူကဖြစ်စေတယ်။ တလောက စင်ကာပူနိုင်ငံမှာ သွားရောက်ခွဲစိတ်တဲ့ ဝင်းဇော်ဦး ဆိုတာ ကြားမိလိုက်မလားမသိဘူး။ သူကpituitary glandမှာ အကျိတ်ဖြစ်ပြီး ကြီးထွားဟော်မုန်းတွေပိုထုတ်လို့

နှာခေါင်းအဆီချနည်း

နှာခေါင်းမှာ ရှိတဲ့အဆီပိုတွေကို ဂျင်းသုံးပြီး ချလို့ရတယ်ပြောတယ်။ လတ်လတ်ဆတ်ဆတ်ဂျင်း လက်တဆစ်စာယူပြီး ညက်အောင်သေချာထောင်းပါ။ ပြီးရင် ရေနည်းနည်းထပ်ရောပြီး paste ဖြစ်အောင်လုပ်ပါ။ နှာခေါင်းမှာလိမ်းပြီး ၁၀မိနစ်ထားပါ။ပြီးရင် ရေပြန်ဆေးပါ။(ဆယ်မိနစ်ထက် ပိုမထားပါနဲ့)

အသားအရေနူးညံ့စေမယ့် နှင်းဆီရည်လုပ်နည်း

နှင်းဆီရည်လုပ်နည်း အမျိုးမျိုးရှိတယ်။ ပေါင်းခံတဲ့နည်းကတော့ အာနိသင်ပိုကောင်းတယ်။ သို့သော် ဒီနည်းကအလွယ်ကူဆုံးလို့ ယူဆတဲ့အတွက် နည်းတမျိုးထဲကိုသာ  ဖော်ပြလိုက်ပါတယ်။

• လောလောလတ်လတ် ခူးထားတဲ့ နှင်းဆီပန်း ()ပွင့်ယူပါ။ 
• နှင်းဆီ ပွင့်ဖတ်တွေကို ချွေပြီး ကြက်သီးနွေးရေထဲစိမ်ပါ။(ပိုးမွှားနဲ့ ဓာတုဆေးဝါးကင်းစင်ဖို့ ဖြစ်ပါတယ်

ဘယ်သန်လား...ညာသန်လား

ဆရာ ကလေးဘယ်သန်နဲ့ညာသန်ဘယ်လိုခွဲလဲသိချင်ပါတယ်ရှင်
ခွဲနည်းလေးပြောပေးပါဦး။

မေးတဲ့သူက မိခင်ဖြစ်မယ်ထင်တယ်။ မိဘတိုင်းဟာ ကိုယ့်သားသမီးကို အမြဲမပြတ်လေ့လာတတ်တဲ့ အကျင့်မျိုး ရှိပါတယ်။ အထူးသဖြင့် မွေးကင်းစအရွယ်မှ သုံးနှစ်၊လေးနှစ်ထိ အချိန်ဟာ မိဘတိုင်းအတွက် အရိပ်တကြည့်ကြည့်ကြည့်ရတဲ့အချိန်တွေဖြစ်ကြတယ်။ စကားပြောတာ၊ ပြုံးတာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာကအစ အရာအားလုံးဟာ မိဘတွေအတွက်တော့ ကြည်နူးစရာတွေချည်းပဲ။ အရေးသိပ်မကြီးဖူးပြောလို့ရပေမယ့် ကလေးမိဘတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတခုလည်း ရှိနေသေးတယ်။ အဲဒါကတော့ သူတို့ကလေးဟာ ဘယ်သန်ဖြစ်မလား၊ညာသန် ဖြစ်မလား ဆိုတဲ့ကိစ္စပါ။ 

ခေါင်းလျှော်ပြီး ဆံပင်ပါးခြင်း

ဆရာငါးရက်မြောက်မှာ ခေါင်းလျှော်ပေးပြီးဆံပင်ပေါင်းလိုက်တာ အရင်လိုဆံပင်ပါးပဲပြန်ဖြစ်သွားတယ်ဖြေပေးပါအုံးဆရာ..

ဆံပင်အခြေမှာ hair follicle လေးတွေ ရှိပါတယ်။ အဲဒီအခြေလေးတွေရှိရင် ဆံပင်ပြန်ပေါက်လာမယ်။ ပေးထားတဲ့ဆေးတွေက ဆံပင်ပေါက်ဆေးတွေနဲ့ အားဖြည့်ဆေးတွေပါ။ ဆံပင်အားဖြည့်နေစဉ် ခေါင်းလျှော်တာကို အထူးတားမြစ်ထားပါတယ်။ နောက်ပြီး ဆံပင်ဖြန်းဆေးသုံးပြီး လေးနာရီအတွင်း ဆံပင်ဆီလိမ်း၊ ခေါင်းလျှော်၊ ပေါင်းတင် လုံးဝမလုပ်ဖို့ လိုပါတယ်။ 

စပါကလင်နဲ့ မျက်နှာသန့်စင်နည်း

အခုပြောမယ့်နည်းက လူသိနည်းတဲ့နည်းတခု ဖြစ်တယ်။ စပါကလင် အချိုရည်(sparkling water ) ကိုသုံးပြီးမျက်နှာသစ်တဲ့ နည်းဖြစ်ပြီး comedone အဆီဂလင်းဝက်ခြံတွေမှာ အသုံးပြုကြတယ်။  ဂျပန်နဲ့ ကိုရီးယားမှာတော့ခေတ်စားလာပါပြီ။ sparkling ရဲ့အာနိသင်က မွေးညင်းပေါက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေတယ်လို့ ဆိုတယ်။ ဒါ့ကြောင့် ဆားဝက်ခြံပေါက်သူတွေ အနေနဲ့ စပါကလင်ရည်နဲ့ သန့်စင်နိုင်တယ်။ 

နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်

နေ့ပိုင်းနဲ့ ညပိုင်း အသားအရေထိန်းသိမ်းပုံမတူညီတာကြောင့် နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်ဆိုပြီး ကွာခြားသွားတယ်။ နေ့ပိုင်းမှာ နေရောင်ကြောင့် အသားအရေပျက်ဆီးတတ်တာမို့ မပျက်စီးအောင် ကာကွယ်ဖို့ နေ့လိမ်းခရင်တွေကို သူံးကြတာဖြစ်ပါတယ်။ ညပိုင်းမှာတော့ အသားအရေပျကိဆီးစရာမရှိတော့ဘူး။ ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ထိန်းသိ်မ်းဖို့ သာလိုအပ်တယ်။ အဆိုပါ ရည်ရွယ်ချက်နဲ့ ညလိမ်းခရင်တွေသုံးကြတာဖြစ်ပါတယ်။ နေ့လိမ်ခရင်တွေမှာ နေလောင်ကာလိမ်းဆေးတွေနဲ့ အစိုဓာတ်ထိန်းဆေးတွေ ပါလေ့ရှိတယ်။ ညလိမ်းခရင်တွေမှာ အစိုဓာတ်ထိန်းဆေးနဲ့ အရေပြားအားဖြည့်ဆေး(serum, essence)လိုု ဆေးတွေ လိမ်းရတာဖြစ်ပါတယ်။

Ebest 400 ဗီတာမင်အီး အားဆေး

ebest သောက်ရင် အသားဖြူတာဟုတ်လားဆရာ။တကယ်ဖြူရင်သမီးလည်းသောက်ကြည့်ချင်လို့ပါ။ဆရာအားရင် ပြန်ဖြေပေးပါနော်..

Ebest 400 ဆိုတာ ဗီတာမင်အီးပါတဲ့ အားဆေးတစ်မျိုးသာ ဖြစ်ပါတယ်။ အသားဖြူဆေးတော့ မဟုတ်ပါ။ Ebest ထဲမှာ vitamin E 400 IU ပါတယ်။ mgနဲ့တွက်ရင် 266mg လောက်ပါလိမ့်မယ်။ Vitamin E ဟာ အဆီမှာ ပျော်ဝင်တဲ့fat soluble vitaminမျိုး ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်အာနိသင်နဲ့ အသားအရေကို အားဖြည့်ပေးတာကြောင့်အလွန်နာမည်ကြီးပါတယ်။ 

ရင်သားဆိုက်ကြီးအောင်

ဆရာမင်္ဂလာပါ ဒေါက်တာ ကျွန်တော် ကရန်ကုန်ကပါခင်ဗျာ ကျွန်တော့်အမျိုးသမီးကအခု အသက် ၃၁ နှစ်ထဲမှာပါခင်ဗျာ ကလေး  ယောက်မွေးပြီးပါပြီခင်ဗျား ပထမ သားဦးလေးမွေးပြီးတော့ တားတဲ့အနေနဲ့ ဒက်ပို ထိုးလိုက်တာနို့ဖြတ်ပြီးနောက်ပိုင်း ရင်သားတဖြေးဖြေးနဲ့သေးလာပါတယ် ဒုတိယကလေးမွေးချိန်မှာတော့ပြန်ထွက်လာပါတယ်အခု ဒုတိယကလေး နို့ဖြတ်တာ  နှစ်လည်းကျော်လာပါပြီ နို့ဖြတ်ပြီးတည်းက တဖြေးဖြေးပြန်သေးလာတာ အခုကျတော့ လုံးဝနီးပါးမရှိတော့သလောက်ကို ဖြစ်နေပါတယ်ခင်ဗျာ ယခင် ဒက်ပိုမထိုးခင်မချိန်အထိ လူနဲ့အချိုးအစားအရ အရမ်းကြီးတဲ့ထဲမှာပါခဲ့ပါတယ် အဲ့ဒါပြန်ကြီးလာအောင်ဘယ်လို လုပ်ပေးရမလဲမသိဘူးဖြစ်နေလို့ပါ ကျွန်တော်အမျိုးသမီးကမေးရမှာရှက်လို့ မမေးရဲလို့မေးပေးရတာပါခင်ဗျား ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့နည်းလမ်းလေးများ ညွန်ကြားပြသပေးပါခင်ဗျား လေးစားစွာဖြင့်...

ချိုင်းချွေးနံ့ ပျောက်နည်း

မနေ့က ကျန်းမာရေးမေးခွန်းတွေထဲမှာ ချိုင်းချွေးနံ့ပျောက်နည်း မေးထားတာတွေ့တယ်။သုံးယောက်လောက်ရှိမယ်ထင်တယ်။ ကျောက်ချဉ်(alum)သုံးနည်းကတော့ လူတိုင်းသိလို့ အကျယ်တဝံ့မရေးတော့ပါ။ အခုနည်းက လွယ်တယ်ထင်လို့ ရေးပါရစေ။ ချိုင်းချွေးနံ့ပျောက်အောင် အိမ်သုံးနည်းနဲ့ စမ်းလို့ရတယ်။ အားလူးနဲ့ ဆော်ဒါမှုန့်(baking soda)ပဲ လိုတယ်။ 

Tuesday, November 12, 2019

သင် ဂေးတယောက်အဖြစ် မွေးဖွားလာသလား

ဆရာ ယောကျာ်းတွေက ဘာဖြစ်လို့မိန်းမစိတ်ပေါက်သွားကြတာလဲ သူတို့ကမွေးကတည်းက အဲလိုစိတ်မျိုးရှိတာလား ဒါမှမဟုတ် တခြားအသက်ကြီးမှတဖြည်းဖြည်းပြောင်းလဲကြတာလား သမီးသူငယ်ချင်းတယောက်ကလည်းအဲလိုအခြောက်စိတ်ဝင်နေပါတယ်။အခြောက်တွေရဲ့စိတ်ခံစားချက်၊ သဘောသဘာဝကို ဖြစ်နိုင်ရင် ရှင်းပြပေးပါလားဆရာ...

ဝမ်းနှုတ်ဆေးတွေသောက်ရင် ဘာဖြစ်မလဲ

ဝမ်းနှုတ်ဆေးတခုနဲ့တခုမတူကြဘူး။ တူတာကတော့ ဆေးအများစုက သောက်ပါများရင် စွဲသွားတတ်တယ်။အထူးသဖြင့် လူကြီးတွေပဲ။ ဆေးတွေက လူကို မထိခိုက်နိုင်ဘူးထင်တာလည်း မမှန်ပါ။ ဆေးကြောင့် ပျို့၊အန်၊ဗိုက်ရစ်နာ၊ဝမ်းပျက် ဝမ်းလျှောတာတွေ ဖြစ်န်ုင်တယ်။နောက်ဆက်တွဲအနေနဲ့ လူကြီးထက် ကလေးမှာ ပိုပြီးဆိုးနိုင်လို့ဂရုစိုက်ရမယ်။ 

ငါးမျက်စိအကြောင်း သိကောင်းစရာ

ငါးမျက်စိအကြောင်း နည်းနည်းရေးပါရစေ။ ငါးမျက်စိဆိုတာ Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်စေပါတယ်။  ပုံစံက အရည်အိတ်ဆန်ဆန် သေးငယ်ဖုဖောင်းနေပြီး ငါးမျက်စိနဲ့တူလို့  ငါးမျက်စိခေါ်ကြတာပါ။ အများစုဟာ အပေါ်ယံအရေပြားမှာသာ ဖြစ်ပြီး  ပုံမှန်အားဖြင့် သူ့ဘာသာ ပျောက်ကင်းသွားကြတယ်။  ပျောက်ကင်းချိန်တွေက  ယောက်နဲ့တယောက် မတူညီကြပါ။ ယေဘုယျအားဖြင့် နှစ်လအတွင်းပျောက်ကင်းနိုင်တယ်။ နှစ်ချီပြီးကြာတာမျိုးလည်း ရှိပါတယ်။ ငါးမျက်စိဟာ အသက် (၁၅)နှစ်အောက် ကလေးတွေမှာသာ အဖြစ်များတယ်။ ၈၀ ရာခိုင်နှုန်းက ၄နှစ်အောက် ကလေးငယ်တွေ မှာဖြစ်ပြီး ပူပြီးစိုစွတ်တဲ့ရာသီမျိုးတွေမှာ အဖြစ်များတယ်။ 

တဒင်္ဂစိတ်

(၁)
စိတ်.....။
ဒီစိတ်လေးသည် မည်မျှအထိ အရေးကြီးပါသနည်း၊ ပျော်ရွှင်စရာ ကြည်နူးစရာ ဝမ်းနည်းစရာ ကြေကွဲစရာ စိတ်ခံစားချက် အရာအားလုံးသည် ထိုတဒင်္ဂစိတ်လေး၏ ဖြစ်လိုက် ပျက်လိုက်ပြောင်းလဲနေသည့် စိတ်အာရုံလေးသာသာ ဖြစ်နေသည်ကို နားလည်သူရော မည်မျှရှိပါသနည်း။ 

တခါတရံ ထိုစိတ်ကလေးက လူ့ ကံကြမ္မာအဆိုုးအကောင်းကိုသာမက ဘဝတခုလုံးကိုပါ ပြောင်းလဲပစ်နိုင်စွမ်းရှိခဲ့သည်။ တဒင်္ဂအတွင်း ဖြစ်ပေါ်လာသည့် အတွေးမှားလေးတခုက စင်မြင့်ထက်တွင် အမြဲနေနိုင်ခဲ့သူတယောက်ကို အဆုံးစွန်ထိ ချောက်ထဲရောက်အောင် တွန်းပို့ပစ်နိုင်ခဲ့ရုံမက နောင်အခါ ဘဝနှင့် ရင်းင်္ပြး ပြန်လည် ပေးဆပ်ရလောက်အောင် ကြီးမားလာလိမ့်မည်ဟု သူတကယ်  မျှော်လင့်မထားမိခဲ့။ သို့သော် အဖြစ်ပျက်အားလုံး အမှန်တကယ်ဖြစ်ပေါ်လာချိန်မှာတော့ ဥိးမင်းနိုင်တယောက် ပြင်ဆင်ချိန်မရအောင် အရာအားလုံး နောက်ကျသွားခဲ့ရသည်။ 

အဆ်ုပါအဖြစ်ပျက်သည်ကား.......

ဆောင်းရာသီ ဗိုင်းရပ်စ်

ဆောင်းတွင်းမှာ ဗက်တီးရီးယားထက် ဗိုင်းရပ်စ်ရောဂါတွေ ပိုအဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကခရမ်းလွန်ရောင်ခြည်(UV light)ကို ခံနိုင်စွမ်းမရှိပါဘူး။ ဆောင်းတွင်းမှာ နေ့တာတိုပြီး ခရမ်းလွန်ရောင်ခြည်ကျရောက်မှု နည်းပါးခြင်းကြောင့် ဗိုင်းရပ်စ်ပေါက်ဖွားနိုင်ချေ ပိုများပါတယ်။ ကမ္ဘာပေါ်မှာ လူနဲ့ နို့တိုက်သတ္တဝါတွေကိုကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါင်း (၃၂၀၀၀၀ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ ဗိုင်းရပ်စ်က နေရာတိုင်းမှာရှိနိုင်ပြီး လူပေါင်းများစွာကို ကူးစက်စေနိ်ုင်ပါတယ်။ ၁၉၁၈မှာ စပိန်တုပ်ကွေးဖြစ်တော့ လူပေါင်းသန်း၅၀လောက်ကို သေဆုံးစေခဲ့ဖူးတယ်။ ပထမကမ္ဘာစစ်ဖြစ်တော့ သေဆုံးသူဦးရေက ၁၆သန်းပဲ ရှိလို့ ရောဂါကပ်ကြောငိ့ သေဆုံးသူက သုံးဆလောက် ပိုများတဲ့သဘောပါ။