Friday, July 4, 2014

ဂနိုကျရင် ဘယ်ဆေးခန်းပြမှာလဲ


သို့
   ဆရာကျနော် ဂနိုကျတာလားမသိဘူး။ အဖြူလိုလို၊၀ါကျန်ကျန် ထွက်နေတာ ၃ရက်လောက်ရှိပါပြီ အဲဒါဘယ်လိုလုပ်ရမ လဲ ကျနော်ကရန်ကုန်ကပါခင်ဗျား။ ဘယ်ဆေးခန်းဘယ်ဆရာနဲ့ပြရမလဲဆိုတာ ပြောပြပေးပါခင်ဗျား။
ဆရာဆီရော ပြလို့ရပါသလားခင်ဗျား.....



ဂနိုရောဂါ ဖြစ်နိုင်ပါတယ်။ တခြားကူးစက်ရောဂါတွေလည်း ဖြစ်နိုင်ပြန်တယ်။ သိပ်စိတ်မပူပါနဲ့။ အရင်ခေတ်ကလိုမဟုတ်ပဲ အခုခေတ်ဆေးတွေက အရမ်းကောင်းပါတယ်။ ပျောက်ကင်းသက်သာပါတယ်။ အရေးကြီးတာက စောစောကုသဖို့ပဲ
လိုအပ်ပါတယ်။ မကုသရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ ကလေးမရတာ၊မြုံတာမျိုးပေါ့။ ဒါ့ကြောင့် ဆရာဝန်ဆီမြန်မြန်သွားရောက်ပြသပေးပါလို့ အကြံပြုချင်ပါတယ်။ 

ကျွန်တော်က မန္တလေးက ဆရာဝန်ဖြစ်ပါတယ်။ တချို့က ဘလော့ခ်မှာ ရေးထားတဲ့လိပ်စာကို မဖတ်ပဲ လာပြချင်လို့ ဆေးခန်းလိပ်စာတောင်းတယ်။ 
မန္တလေးမှာနေရင်တော့ ကျွန်တော့်ဆီ လာပြလို့ရပါတယ်။ ရန်ကုန်မှာ ဘယ်ဆရာဝန်နဲ့မဆို သွားရောက်ပြသလို့ဖြစ်ပါတယ်။ 

ဂနိုရောဂါဖြစ်ရင် ကုသဖို့ သိပ်မခက်ပါဘူး။ ဆေးcourseကို ကုန်အောင်သောက်ဖို့ပဲ လိုတယ်။ အတူနေသူကတဆင့် ကူးစက်တတ်လို့ နှစ်ယောက်လုံး တခါတည်းကုသသင့်တယ်။ ဒါမှမဟုတ် အတူနေရင်အကာကွယ်သုံးပါ။ ပြန်ဖြစ်တတ်တယ်။

ဘယ်လောက်ကုန်ကျမလဲဆိုတာ ဆေးခန်းပေါ်မူတည်ပါတယ်။ သုံးစွဲတဲ့ဆေး ဒါတွေလည်း ပါမယ်။ အထွေထွေကုနဲ့ ပြရင် သိပ်ကုန်ကျမှာ မဟုတ်ဘူး။အကြံပေးချင်တဲ့ အရေးကြီးဆုံးအချက်က နီးစပ်ရာ ဆေးခန်းသွားပြဖို့ပဲ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁.၇.၁၄

No comments:

Post a Comment