Wednesday, September 24, 2014

အိုင်အိုဒင်း ဓာတ်ရောင်ခြည်ဆေး

Radioactive Iodine ရဲ့ သောက်ပြီးဖြစ်တက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိချင်ပါတယ်ရှင့်။သောက်ဖို့ လိုအပ် လာလို့ ပါ။ လည်းပင်းဟော်မုန်းများ ရောဂါဖြစ်နေတာ ၅နှစ်လောက် ရှိနေပါပြီ။ Tapazole 5mg ဆေးကိုလျော့ လိုက် တိုးလိုက်နဲ့ သောက်နေရတာ ၄နှစ်လောက်ပါ။ ကိုယ်ဝန် ရှိလာတော့ ဆေးပေးနားလိုက်ပါတယ်။ ခလေးမွေးပြီး ၅လ လောက် ရောက်တော့ အ ခြေ အ နေ ကလုံးဝမ ကောင်းတော့ဖူး။အသက်ရှူ မဝတော့ဖူး။မောလာတယ်။ အန်ချင်။နှလုံးအရမ်းခုန်လာတယ်။ အဲ့ဒါနဲ့ ဆေးရုံပြန်ပြတော့  အဲ့ဆေးသောက်ရမဲ့  အခြေအနေ ရှိလာလို့ ပါ။



Radioactive Iodine ဆိုတာ သိုင်းရွိုက်ဆဲလ်တွေကို ရာသက်ပန် ဖျက်ဆီးတဲ့ဆေးမျိုးဖြစ်ပါတယ်။ iodine 131ဆိုတာကို သုံးတယ်။ ဆေးသောက်ပြီးရင် သိုင်းရွိုက်ဆဲလ်တွေက ပြန်ကောင်းမလာတော့ပါ။နောက်ဆက်တွဲအနေနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းသွားစေတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းသွားတာက ဆေးသောက်ပြီး တနှစ်အတွင်း ၄၀ရာခိုင်နှုန်း၊၁၅နှစ်အတွင်း ၈၀ရာခိုင်နှုန်း ရှိတယ်။ ဒီအတွက် သိုင်းရွိုက်ဟော်မုန်း(thyroxine) အစားထိုးသောက်ရပြန်တယ်။ တနှစ်၊နှစ်နှစ်မဟုတ်ဘဲ တသက်လုံးသောက်ရတာမျိုး ဖြစ်တယ်။ သတိပြုရမှာက ကိုယ်ဝန်ဆောင်စဉ်နဲ့ grave diseaseရဲ့ မျက်လုံးလက္ခဏာတွေရှိရင် ဆေးမပေးရဘူး။ ဆေးပေးပြီး ၆လအတွင်း ကိုယ်ဝန်မဆောင်ရဘူး။ ပုံမှန်အားဖြင့် အသက်၄၀အထက်တွေမှာ ပေးတယ်။အမေရိကားမှာတော့ ငယ်ရင်လည်းပေးတယ်။ ခွဲစိတ်ပြီးပြန်ဖြစ်သူ၊သိုင်းရွိုက်ရုတ်တရက် ပြန်ထလာသူတွေမှာလည်း ပေးတယ်။ ဆိုးကျိုးကတော့ ရာသက်ပန်ဖြစ်ပါတယ်။ ဒီအတွက် သိုင်းရွိုက်အစားထိုးဆေးတွေ ဆက်သောက်ဖို့ လိုအပ်တယ်။ 

ဒေါက်တာ အေးမင်းထူး
၁၉.၉.၁၄

1 comment: