Monday, May 18, 2015

နွေရာသီမှာ မိတ်ယားနာ

မိတ်ထွက်တာက နွေရာသီမှာ အဖြစ်များပါတယ်။ လူကြီးလူငယ်မရွေးဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ပိုတွေ့ရတယ်။ ခပ်သေးသေး၊ခပ်နီနီအဖုလေးတွေ နဖူး၊ကျော၊လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ပေါက်ရင် မိတ်ယားနာလို့ ပြောတတ်ကြတယ်။ တကယ်လည်း မိတ်ဖုတွေ ပေါက်ရင်ယားလာတယ်။ ပြီးရင် နာတာမဟုတ်ဘဲ စပ်ဖျဉ်းဖျဉ်း ခံစားရတယ်။ အထူးသဖြင့် အဖုလေးတွေကို ပွတ်တိုက်မိရာက ဖြစ်တယ်။ အပူချိန်များလေ ချွေးထွက်များလေ မိတ်ယားနာက ပိုဆိုးလေပဲ။  ကုတ်ပါများရင် ပိုးဝင်တာ ထပ်ဆင့်ဖြစ်လာနိုင်တယ်။

Monday, May 4, 2015

ပန်းနာရင်ကျပ်

နှစ်စဉ် မေလရဲ့ ပထမပတ်အင်္ဂါနေ့ကို ကမ္ဘာ့ပန်းနာနေ့အဖြစ်သတ်မှတ်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တခုတောင် ကျော်လွန်ခဲ့ပြီ။ ပထမဆုံးကမ္ဘာ့ပန်းနာနေ့ကို ၁၉၉၈ ခုနှစ်မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၃၀)ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကမ္ဘာ့ပန်းနာနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်က ပန်းနာရောဂါအကြောင်း ပိုမိုသတိထားနိုင်စေဖို့နဲ့ဝေဒနာသည်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဖြစ်ပါတယ်။ နှစ်စဉ်ဆောင်ပုဒ်တွေပြောင်းပြီး အမျိုးမျိုးလုပ်ဆောင်လေ့ရှိတယ်။ ၂၀၁၅အတွက် ဆောင်ပုဒ်က "You Can Control Your Asthma" ဖြစ်ပြီး "It's Time to Control Asthma"ခေါင်းစဉ်ကိုပဲ ဆက်လက်သုံးစွဲမှာဖြစ်ပါတယ်။