Tuesday, January 31, 2017

အသည်းအဆီဖုံးခြင်း

ဒီနေ့ခေတ်မှာ အသက် (၅၀)ကျော်အရွယ် လူကြီးတွေတီဗွီဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အသည်းမှာအဆီဖုံးနေတာ တွေ့ရတယ်။ ဒါဟာ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာလည်း အသည်းအဆီဖုံးသူ ၉-၃၈ ရာခိုင်နှုန်းထိ ရှိနေပါတယ်။  လူသုံးယောက်မှာ တယောက် တွေ့ရတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဝလွန်သူရဲ့ ၆၀ ရာခိုင်နှုန်း၊ အလွန်အမင်းအဝလွန်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသည်းအဆီဖုံးလေ့ရှိတယ်။  တကယ်တော့ အသည်းအဆီဖုံးတာ ပြဿနာမဟုတ်သေးဘူး။ အဲဒီအဆင့်ကနေ အသည်းရောင်လာရင်တော့ သတိထားသင့်ပါပြီ။ ဆေးပညာအရ steatohepatitis လို့ ခေါ်ပါတယ်။ အသည်းရောင်ရမ်းမှုက ရေရှည်မှာ အသည်းခြောက်တာ၊ အသည်းကင်ဆာထိ ဆက်ဖြစ်လာနိုင်တယ်။