Thursday, February 12, 2015

နှလုံးရောဂါ ကောင်းရဲ့လားဆရာ

ညီမက 2nd MBပါ။မနေ့ညက ဆေးစစ်ချက်တွေနဲ့ လာပြတဲ့ လူနာ(ischaemia)က ညီမ အဖိုးပါ။အခု MGH မှာ တက်နေရပါတယ်။သူ့ရဲ့ ရောဂါ အခြေအနေလေး သိချင်လို့ပါ။ဆေးရုံကchart ထဲမှာ MI လို့ ရေးထားပါတယ်။အမှန်အတိုင်းreplyလုပ်ပေး ပါ ဆရာ။

မနေ့က ဆေးခန်းကို ischaemia နှစ်ယောက်လာတယ်။ အသက်(၄၀)ကျော်လား၊(၆၀)ဝန်းကျင်လား။ သွေးစစ်ခိုင်းထားတဲ့ လူနာချည်းပဲ (၆)ယောက်ရှိတယ်။



အသက်က71ပါ။ဆေးစစ်တဲ့အဖြေက နောက်ကျမှာမို့လို့ ဆရာ့ကိုတောင် စောင့်ခိုင်းနေရသေးတယ်လေ။ည7နာရီဝန်းကျင် လောက်ကပါ။heartကလည်းကြီးနေတဲ့ ptပါ။

အင်း နောက်ဆုံးလူနာထင်တယ်။ inferior myocardial infarct ဖြစ်ဟန်တူတယ်။ ECGအဖြေအရ နှလုံးအစိတ်အပိုင်းတခု ပုပ်တယ်လို့ယူဆရတယ်။သေချာတာတော့ နှလုံးကို ထိခိုက်ထးးတယ်။ ဘယ်လောက်ပမာဏထိ ထိခိုက်တယ်လို့တော့ အတိအကျမပြောနိုင်ဘူး။ ECGက နှလုံးအခြေအနေရဲ့ ယေဘုယျကိုပဲ ပြောနိုင်တယ်။ ဒီထက်အသေးစိတ်စစ်ဖို့လိုတယ်။ လိုအပ်တာတွေ နှလုံးဆရာဝန်က လုပ်ပေးမှာဖြစ်ပါတယ်။ ပုပ်တဲ့နေရာက ပြန်မကောင်းတော့ပါ။ သွေးကြောကျဉ်းတာ ရှိရင် ချဲ့လို့ရတယ်။ နှလုံးဌာနမှာ စစ်ဆေးမှုတွေ ဆက်လုပ်ပါလိမ့်မယ်။ နောက်ပိုင်းမှာ အနားယူဖို့ လိုလိမ့်မယ်။ စိုးရိမ်ရလားဆိုတဲ့အနေအထားမှာ တကယ်သွေးကြောပိတ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ဘယ်လောက်ထိခိုက်ခဲ့လဲပေါ်မူတည်ပါတယ်။ သိပ်မဆိုးရင် ပြန်ကောင်းလာနိုင်ပါတယ်။ ကံသေကံမ ပြောဖို့တော့ အင်မတန်ခက်တယ်။ 

ဒေါက်တာ အေးမင်းထူး
၁၄.၁၂.၁၄


ခုထိတော့ဆေးပဲတိုက်တယ်ဆရာ။တခြားထွေထွေထူးထူးဘာမှလုပ်မပေးသေးဘူး။အဲဒါကရော အချိန်အတိုင်းအတာတစ်ခုထိကို စောင့်နေတာလား ဒါမှမဟုတ် တခြားအဓိပ္ပာယ်လား ဆရာ။

cardiac wardကော ဟုတ်ရဲ့လား။ နှလုံးမှာ golden periodဆိုတာ ရှိတယ်။ မကုဘဲထားပြီးနောက်ကျရင် အသက်အန္တရာယ်ရှိတယ်။ လူနာကို မောတာ၊ခံစားရတာသက်သာလား အရင်မေးပါ။ မသက်သာရင်ပြောပါ။ နှလုံးသဘောက ချက်ချင်းကြီးယူပစ်သလိုတော့ မပျောက်နိုင်ဘူး။ လူနာက stable ဖြစ်ရင်တော့ မစိုးရိမ်ပါနဲ့။ ဆရာဝန်တွေလည်း အဲလောက်ပေါ့ဆမှာတော့ မဟုတ်ပါဘူး။

ဒေါက်တာ အေးမင်းထူး


ဟုတ်ကဲ့။cardiac wardမှာပါဆရာ။သွေးကြောချဲ့ရမယ်လို့တော့ ပြောသွားပါတယ်။လူနာကတော့ သက်သာတယ်လို့ပြောပါတယ်ဆရာ။လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင်တော့ မောလာတယ်ဆရာ။MI ptတွေ ဆောင်ရရှောင်ရမယ့် အချက်လေးတွေရော ပြောပြပေးပါဦးဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။


နှလုံးလူနာတိုငိးက အမောမခံနိုင်ဘူး။ ငြိမ်ငြိမ်သာ နေရမယ်။ ဆရာဝန်ပေးတဲ့ ဆေးတွေအချိန်မှန် သောက်ရမယ်။ အချိန်မှန်ပြရမယ်။ နောက်ပိုင်းမှာ သွေးကျဲဆေးတွေ သောက်ရလိမ့်မယ်။ ဆေးလိပ်၊အရကိ၊ကွမ်းရွကိကြီး တွေ ရှောငိ၊အသီးအရွက်များမျာူးစားပါ။ နောက်တခါ မဖြစ်အောင်၊ ပိုဆိုးမလာအောင် သတိထားပါ။ လူနာကို အားပေးပါ။ ပေးတဲ့ဆေးသောက်၊ခိုင်းတာလုပ်ပြီး မခိုင်းတဲ့ အပိုဘာဟီရတွေ လောကိပဲရှောင်ရင်လုံလောက်ပါတယ်။ နှလုံးဆိုတာ နာတာရှည်ရောဂါဖြစ်လို့ ဆရာဝန်နဲ့ အဆက်ပြတ်လို့ မရတာ သတိထားပါ။

ဒေါက်တာ အေးမင်းထူး

No comments:

Post a Comment