Wednesday, August 27, 2014

တက်တူးကာချာ

ရှေးပဝေသဏီကတည်းက တက်တူး(ဆေးမှင်ကြောင်)ထိုးတဲ့ အလေ့အကျင့်မျိုး ရှိခဲ့ပါတယ်။ အစောဆုံးအနေနဲ့ ဘီစီ ၆၀၀၀လောက်ကတည်းက တက်တူးဆိုင်ရာ အထောက်အထားတွေ ရှိခဲ့တယ်။ ရှေးဟောင်းအီဂျစ် မံမီရုပ်အလောင်းတွေမှာ တက်တူးရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ တက်တူးဆိုတဲ့အခ်ါအဝေါ်က ၁၈ရာစုနှောင်းပိုင်းလောက်က စတင်ပေါ်ပေါက်လာခဲ့တယ်။ အဲဒီကာလတုန်းက သုံးစွဲတဲ့ "tattow"ဆိုတဲ့ စကားလုံးက ဒီဖက်ခေတ်ရောက်တော့ "tattoo"ဆိုပြီး ပြောင်းလဲသွားပါတယ်။ မြန်မာလိုကျတော့ ဆေးမှင်ကြောင် ထိုးတာပေါ့။ ရှေးခတ်လူကြီးတွေရဲ့ ပေါင်၊လက်မောင်း၊ကျောပြင်၊ရင်ဘတ်စတဲ့ နေရာတွေမှာ စာလုံးနည်းနည်းပါးပါး ထိုးတာမြင်ဖူးကြတယ်။ နောက်ပိုင်းမှာ ထိုးတဲ့သူ တဖြည်းဖြည်း နည်းလာတယ်။ သံသရာတပတ်လည်တော့ (၂၀၀၀)ပြည့်နှစ်နောက်ပိုင်းမှာ တက်တူး trendက နောက်တကျော့ပြန်လာခဲ့ပါတယ်။

Monday, August 18, 2014

ကုပ်ကျီးပေါင်းတက်ခြင်း

မွေးကင်းစ ကလေးတယောက်မှာ အရိုးပေါင်း ၂၇၀လောက် ရှိပါတယ်။ အသက်အရွယ် တဖြည်းဖြည်းရလာတော့ အရိုးတွေတခုနဲ့ တခုပေါင်းစပ်လာပြီး နောက်ဆုံးမှာ ၂၀၆ရိုးလောက်ပဲ ကျန်တော့တယ်။ ဒီထဲမှာမှ လူ့ခန္ဓာကိုယ်တခုလုံးကို ထောက်ပံ့ထားတဲ့ အဓိကအရိုးကတော့ ကျောရိုးဆစ်မကြီး(spinal column) ဖြစ်ပါတယ်။ ကျောရိုးဆစ်ဆိုတာ အရိုးဆစ်ပေါင်း ၃၃ခုနဲ့ တွယ်ဆက်ထားပြီး ကုပ်ကနေ မြီးညောင့်ရိုးထိ ၂၈လက်မလောက် ရှည်တယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် အရေးကြီးတဲ့အရိုးဖြစ်သလို ဒုက္ခအပေးနိုင်ဆုံး အရိုးလည်းဖြစ်တယ်။ 

Wednesday, August 13, 2014

ရေနွေးသောက်တဲ့အကျင့်

လူတော်တော်များများမှာ အယူအဆမှားနေတာလေးတွေ ရိှတတ်ကြပါတယ်။ ဥပမာ မနက်စောစောအိပ်ရာထတာနဲ့ စိတ်အာရုံလန်းဆန်းအောင် ကော်ဖီပူပူ၊လက်ဖက်ရည် ပူပူလေးတွေ သောက်ချင်ကြတာမျိုးပေါ့။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှသိပ်မသောက်ချင်ကြဘူး။ သောက်ရင်လည်းရိုးရိုးရေ မဟုတ်ပဲ ရေခဲရေမှ သောက်ချင်သူတွေကလည်း အများသားလား။ အေးမှ သောက်ချင်တာ လူ့သဘာဝပါ။ ငယ်စဉ်ကာလ ကလေးဘဝကတည်းက ရေအေးတိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လည်းပါလိမ့်မယ်။ အသက်ကြီးလာပြန်တော့လည်း ရေဆိုအေးမှ သောက်တဲ့အကျင့်ရလာပါတယ်။ 

Sunday, August 10, 2014

ESR ဆိုတာ ရောဂါတပ်ဖို့မဟုတ်


ဆရာခင်ဗျာ
ကျွန်တော့် အသက်က ၆၀ ပါ...အခုတလော တစ်တောင်ဆစ်အရမ်းကိုက်လို့ ဆေးခန်းပြတော့ လိုတာအားလုံးစစ်ပါတယ် ..ကျန်တာတွေက ပုံမှန်ဖြစ်ပြီး ESR က 30 mm/hr ဖြစ်နေပါတယ်
ESR များတာ ဘာတွေဖြစ်နိုင်တယ်...ဘာတွေရှောင်ရမယ်ဆိုတာ လေးသိချင်ပါတယ်...ဆီးချို၊ သွေးတိုးရှိပေမဲ့ထိန်းထားနိုင်ပါတယ်...ဆရာဝန်ပြပေမဲ့ လက်ကိုက်တာ မသက်သာလို့ ပါ...အခု ဇက်ကြောလည်းကိုက်နေပါတယ်..လက်ကောက်ဝတ်နဲ့ တစ်ထောင်ဆစ်က အဆိုးဆုံးပါပဲ...ကူညီပေးပါဆရာ...ကျေးဇူးတင်ပါတယ်..

ပခုံးဝေဒနာ သက်သာစေဖို့


ဆရာရှင့် ကျွန်မလည်း ပုခုံးတ၀ိုက် အရမ်းလည်းနာကျင်နေပါတယ်ဆရာ မခံမရပ်နိုင်အောင် နာကျင်နေပါတယ် စိတ်ဓာတ်တွေကျနေပါပြီဆရာရယ်  ကျွန်မလည်းဆေးတွေစစ်နေပါတယ်ဆရာ အခုထက်ထိ တိတိကျကျ ရောဂါ ရယ်လို့ ရှာလို့မတွေ့သေးပါဘူးဆရာ စင်္ကြာမင်းလိမ်းဆေးလည်း လိမ်းနေပါတယ် ဆရာ သောက်ဆေးလည်းကတော့ တစ်ဗူးတော့ကုန်သွားပါပြီးဆရာ ကျွန်မခံစားနေရတဲ့ဝေဒနာကို သက်သာချင်နေပါပြီး အဲဒါကျွန်မ ရောဂါဘာဖြစ်နိုင်လဲဆရာ ဖြေကြားပေးချင်ပါတယ်
ကျေးဇူးတင်ပါတယ်ဆရာ၊အသက် 41 နှစ်ပါ။

Thursday, August 7, 2014

အရှေ့အလယ်ပိုင်း ကူးစက်ရောဂါ(သို့)မားစ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကမ္ဘာ့ရွာကြီးဖြစ်လာ ခဲ့သလို ရောဂါတွေကလည်း ပျံ့နှံ့လွယ်လာပါတယ်။ နယ်နမိတ် အပိုင်းအခြား၊အတားအဆီး ဘာမှမရှိတော့ဘူး။ ဒီနေ့ဒီနိုင်ငံမှာတွေ့တဲ့ရောဂါ တခုဟာ နောက်နေ့ တခြားနိုင်ငံတခုမှာ တွေ့နေရပြီ။၂၀၀၃ခုနှစ်က တရုတ်နိုင်ငံမှာ ဖြစ်တဲ့ ဆားစ်ရောဂါ(SARS)အပြီး ဆယ်စုနှစ်လောက်အကြာမှာ မားစ်ရောဂါ(MERS)ဆိုတာ ထပ်လာပြန်ပြီ။ ဆားစ်(SARS)တုန်းကလည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ထိတ်လန့်တကြား ကြောက်ရွံ့တုန်လှုပ်ခဲ့ကြဖူးတယ်။ အခုလည်း ဆားစ်နဲ့ဆင်တူရိုးမား နာမည်ကော၊လက္ခဏာတွေပါတူတဲ့ မားစ်(MERS)နဲ့ ထပ်လာပါတယ်။

Monday, August 4, 2014

ထိခိုက်ဒဏ်ရာရတဲ့အခါ

လူတိုင်း အနည်းနဲ့အများဆိုသလို ထိခိုက်ဒဏ်ရာ ရဖူးကြပါတယ်။ ဒဏ်ရာတွေထဲမှာ ပွန်းပဲ့ဒဏ်ရာ၊ပြတ်ရှဒဏ်ရာ၊မီးလောင်ဒဏ်ရာစသည်ဖြင့် အမျိုးမျိုး ရှိတယ်။ ဖြစ်တဲ့နေရာ၊ဒဏ်ရာအကြီး၊အသေးပေါ်လိုက်ပြီး ပျောက်ကင်းချိန်တွေ မတူညီကြဘူး။ ယေဘုယျအားဖြင့် သာမန်ဒဏ်ရာအနာတခုဟာ ပျောက်ကင်းဖို့ ၂-၃ပတ်ထိ ကြာတတ်တယ်။ ဒဏ်ရာအများစုဟာ ကုသဖို့မလိုပဲသူ့ဘာသာပျေက်ကင်းနိုင်တယ်။  အကယ်၍ ဒဏ်ရာက အနာဖြစ်လာရင် သေချာဂရုစိုက်ပြီး ကုသပေးဖို့လိုအပ်တယ်။ ဖြစ်တဲ့အနာကိုဂရုမစိုက်မိရင် နောက်ဆက်တွဲပိုးဝင်တာ၊အနာရင်းပြီး ပြည်တည်နာ၊သွေးဆိပ်တက်တာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် အိမ်မှာ ဘာဆက်လုပ်မလဲ။ ဒီဆောင်းပါးမှာ ဒဏ်ရာဆိုတာထက် အနာတခု ဖြစ်လာရင် ဘယ်လိုနေထိုင်ပြုမူမလဲ ဖော်ပြပေးပါမယ်။