Saturday, December 6, 2014
Ecee 2 အရေးပေါ်အရာရောက်တဲ့ဆေး
Ecee 2ဆိုတာ မြန်မာနိုင်ငံမှာ ပေါ်ပြူလာဖြစ်တဲ့ အရေးပေါ်တားဆေး တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေကြား ပိုနာမည်ကြီးတယ်။ သုံးစွဲသူအများစုကလည်း ဒီအရွယ်တွေပဲ ဖြစ်ကြတယ်။ ဆေးဝါးအကြောင်း နားမလည်ရင်သာနေမယ်။ ဆေးသောက်ပုံကိုတော့ တော်တော်များများ ရင်းနှီးနေကြတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံ ဆရာဝန်ထက် ပိုနားလည်ကြပါလားလို့တောင်ထင်မိတယ်။ ဆေးဆိုင်တွေ စုံစမ်းကြည့်တဲ့အခါ ရောင်းအားအကောင်းဆုံးဆိုတဲ့ဆေးတွေထဲမှာ အရေးပေါ်တားဆေးတွေလည်း ပါဝင်ပါသတဲ့။
အရေးပေါ်တားဆေးကဒ် အကြောင်းရေးဖို့စိတ်ကူးခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဘာ့ကြောင့်ရေးချင်ရလဲဆိုတော့ အသုံးများလွန်းလို့ပါ။ အထူးသဖြင့် သုံးစွဲသူရဲ့ ၈၀ရာခိုင်နှုန်းလောက်ဟာ ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေတယ်။ဆယ်ကျော်သက်အရွယ် ဖြစ်လို့မှားနိုင်တယ်။ မသိလို့ မှားမိတယ်ဖြေရှင်းချက်ပေးနိုင်ပေမယ့်  မတော်တဆကိုယ်ဝန်ရလာရင်တော့ အဲဒီဖြေရှင်းချက်ဟာ အသုံးမဝင်တော့ဘဲ ပြဿနာဖြစ်လာပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအဖြစ် ကိုယ်ဝန်ဖျက်ချတာတွေ လုပ်လာကြတယ်။ ဒီလိုတွေမဖြစ်အောင် ဆေးသောက်နည်းမှန်ဖို့၊ဆေးအကြောင်းနားလည်ဖို့ လိုအပ်ပါမယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ အသက်၁၃၊၁၄နှစ်ဝန်းကျင် အရွယ်ကောင်လေးနှစ်ယောက် ဆေးခန်းရောက်လာပြီး Ecee 2အကြောင်းမေးတော့ မျက်လုံးကို ပြူးလာမိတယ်။ မရေးရင်မဖြစ်တော့ဘူးလို့ ဆုံးဖြတ်မိတယ်။ 
အရေးပေါ်တားဆေး(emergency contraceptive pills)
Ecee 2ကို အရေးပေါ်တားဆေးကဒ် အဖြစ်လူသိများတယ်။ ကိုယ်ဝန်တားတဲ့နည်း အမျိုးမျိုးအနက် plan B(ဒုတိယနည်း)အဖြစ်သုံးစွဲကြတယ်။အရေးပေါ်တားဆေးကဒ်ကို အင်္ဂလိပ်လို emergency contraceptive pillsလို့ ခေါ်ပါတယ်။ morning after pills လို့လည်း ခေါ်ကြသေးတယ်။ ၁၉၆၆ခုနှစ်မှာ morning after pills ဆိုတဲ့ ဝေါဟာရအသုံးအနှုံးက စတင်ပေါ်ပေါက်လာခဲ့တယ်။ နောက်တော့ ဒီအခေါ်အဝေါ်ဟာ မှားယွင်းနေတယ်ဆိုပြီး အခုမသုံးတော့ဘူး။ ၅ရက်အတွင်း သောက်နိုင်တာဖြစ်လို့ emergency contraceptive pill လို့ပဲ ခေါ်တော့တယ်။ အတူနေပြီး ကာကွယ်ပေးတာဖြစ်လို့ postcoital contraceptionလို့လည်း ခေါ်တယ်။ တချို့ကအရေးပေါ်ရင်သုံးဖို့ လူတွေကြံဆထားတဲ့ အကောင်းဆုံးတွေထဲက တစ်ခုလို့လည်း ညွှန်းပြန်တယ်။ ဒီတားဆေးကဒ်အစွမ်းကြောင့် ကိုယ်ဝန်ရနိုင်ခြေကို သိသိသာသာ လျှော့နည်းသွားတာ တွေ့ရတယ်။ အရေးပေါ်တားဆေးရဲ့ ပရိသတ်တွေကတော့ ကမ္ဘာကို ကယ်တင်တဲ့ဆေးပါတဲ့။ 
Ecee 2(အီးဇီး-တူး)
Ecee 2ဆိုတာ ဟော်မုန်းတမျိုးပါ အရေးပေါ်ဆေးကဒ်မျိုး ဖြစ်တယ်။ Ecee 2 တစ်ကဒ်မှာ ဆေးလုံးနှစ်လုံး ပါဝင်ပါတယ်။ ဆေးတစ်လုံးချင်းစီမှာ ပရိုဂျက်စတီရုန်းဟော်မုန်းဖြစ်တဲ့  levonorgestrel 0.75mg ပါဝင်ပါတယ်။ ဆေးကို Zydus Cadila ကုမ္ပဏီ တင်သွင်းဖြန့်ချိတယ်။ အရေးပေါ်တားဆေးတွေကို မြန်မာနိုင်ငံမှာ ဆရာဝန်လက်မှတ်မလိုပဲ ဝယ်လို့ရတယ်။ တခြားနိုင်ငံတွေမှာ အသက်(၁၆)နှစ်အထက်မှာ ဆရာဝန်လက်မှတ်မလိုဘဲ ရရှိနိုင်တယ်။ 
ဘာတွေ ကောင်းလဲ
-အသုံးပြုရလွယ်ကူတယ်။
-အလွယ်တကူရရှိနိုင်တယ်။
-ဈေးချိုတယ်။
-ကိုယ်ဝန်ရနိုင်ချေရဲ့ ၈၅ရာခိုင်နှုန်းကို တားဆီးပေးတယ်။
-ဆေးကြောင့် ကိုယ်ဝန်ရတာ၊ကိုယ်ဝန်ဖျက်ချတာတွေ လျှော့နည်းစေတယ်။
-အရေးပေါ်လိုအပ်တဲ့အချိန်မျိုးတိုင်း သုံးစွဲနိုင်တယ်။
မကောင်းတဲ့အချက်
-အဝလွန်သူ(BMI 30အထက်)ဖြစ်ရင် အာနိသင်နည်းတယ်။
-လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ဘူး။
-ရေရှည်သုံးစွဲရင် အာနိသင်ကျဆင်းလာနိုင်တယ်။
-ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်နိုင်တယ်။
အရေးပေါ်တားဆေး အာနိသင်များ
-မျိုးဥအိမ်ကနေ မျိုးဥမထွက်အောင် တားဆီးပေးတယ်။
-သားအိမ်ဝအကျိအချွဲများစေပြီး သုတ်ကောင်မဝင်အောင် တားဆီးပေးတယ်။
-သားဥပြွန်ရဲ့ လှုပ်ရှားမှုကို ပြောင်းလဲစေတယ်။
-သန္ဓေအောင်တဲ့ မျိုးဥတွေ သားအိမ်မှာ တွယ်ကပ်ခြင်းကို တားမြစ်ပေးလို့ ကိုယ်ဝန်မရစေဘူး။
(လတ်တလောလေ့လာမှုအချို့က endometrium ပေါ်မှာ အာနိသင်မရှိဘူးလို့ လည်း ဆိုပါတယ်)
ဆေးညွှန်း
အကာကွယ်မဲ့ လိင်ဆက်ဆံပြီး သုံးရက်အတွင်း(၇၂နာရီအတွင်း) အသုံးပြုရပါမယ်။ ဆက်ဆံပြီး တစ်ရက်အတွင်း အသုံးပြုနိုင်ရင် ၉၅ရာခိုင်နှုန်း၊၃ရက်အတွင်း အသုံးပြုနိုင်ရင် ၈၅ရာခိုင်နှုန်း ကာကွယ်ပေးတယ်။ သုံးစွဲသူ (၈)ယောက်မှာ (၇)ယောက်ဟာ ကိုယ်ဝန်မရစေဘူး။ဒါ့ကြောင့် အကောင်းဆုံးက ဆက်ဆံပြီးပြီးချင်း အသုံးပြုသင့်တယ်။ ဒါမှမဟုတ် ဆက်ဆံပြီး ၃ရက်အတွင်း ၊သတိရရချင်း သောက်သုံးသင့်တယ်။ အကယ်၍ ဆေးသောက်ပြီး တနာရီအတွင်း အန်ရင် နောက်ဆေးတလုံး ထပ်သောက်ပေးပါ။
တခြားဘယ်အခြေအနေတွေမှာ အရေးပေါ်တားဆေးသုံးနိုင်သေးလဲ
-နှစ်ရက်ဆက်တိုက် ပုံမှန်တားဆေးကဒ်သောက်ဖို့ မေ့လျှော့တဲ့အခါ၊
-calendar method မှားယွင်းတွက်ချက်မိတဲ့အခါ၊
-ကွန်ဒုံးအသုံးပြုစဉ် ပေါက်ပြဲတဲ့အခါ၊
-အမျိုးသမီးကွန်ဒုံး ပြုတ်ထွက်တဲ့အခါ၊
-သွေးဆုံးကိုင်ခြင်းအတွက် ဟော်မုန်းအစားထိုးတဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
-အများစုဟာ ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
-ခေါင်းကိုက်၊ခေါင်းမူး ရှိတတ်တယ်။
-ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်တယ်။
-ရင်သားတင်းပြီး နာနိုင်တယ်။
-သွေးတစ်စက်စက် ဆင်းတာ၊ ရာသီသွေးမမှန်တာမျိုး ဖြစ်တတ်တယ်
(အများစုဟာ ဆေးသာက်ပြီး တစ်ရက်အတွင်း ပျောက်ကင်းတတ်ကြတယ်။)
ဆေးမသောက်သင့်သူများ
-ကိုယ်ဝန်ဆောင်မိခင်
-အသည်းမကောင်းသူ
-သွေးလွှတ်ကြောရောဂါရှိသူ
-စပျစ်သီးသန္ဓေတည်သူ
-ရင်သားကင်ဆာမျိုးရိုးရှိသူ
-အကြောင်းရင်းမဲ့ မွေးလမ်းကြောင်း သွေးဆင်းသူ
သတိပြုစရာ
အရေးပေါ်တားဆေးသောက်တဲ့အခါ မိခင်နို့ထဲမှာlevonorgestrel အနည်းအကျဉ်းပါနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးသောက်ပြီး ၈နာရီအတွင်းမိခင်နို့မတိုက်တာ ပိုကောင်းတယ်။ ၁၂နာရီကျော်ရင် မိခင်နို့တိုက်နိုင်တယ်။
အတူတွဲမသောက်သင့်တဲ့ဆေးများ
-Rifampicin
-carbamazepine 
-phenytoin
-Saint John’s wort
-anti-retroviral drugs
(အထက်ပါဆေးများဟာ တားဆေးရဲ့ အာနိသင်ကို ကျဆင်းစေနိုင်တယ်)
တခြားအရေးပေါ်တားဆေးများ
• ဟော်မုန်းနှစ်မျိုးပါ အရေးပေါ်တားဆေး(preven နာမည်နဲ့)ဆိုတာလည်း ရှိသေးတယ်။ ၁၉၉၈မှာ စတင်အသုံးပြုခဲ့ပြီး ၂၀၀၄ခုနှစ်မှာ ဈေးကွက်က ပျောက်သွားတယ်။ ဒီနည်းကို ကနေဒါဆရာဝန်က စတင်အသုံးပြုခဲ့တာ ဖြစ်လို့ Yuzpe methodလို့လည်း ခေါ်တယ်။ ဟော်မုန်းနှစ်မျိုးပါ အရေးပေါ်တားဆေးနေရာမှာ ဟော်မုန်းတမျိုးပါဆေးက နေရာယူခေတ်စားလာတယ်။
• အခုနောက်ဆုံး ဒုတိယမျိုးဆက် antiprogestinဆိုတာကို အရေးပေါ်တားဆေးအဖြစ် စမ်းသပ် သုံးစွဲနေကြတယ်။ ulipristal acetate 30 mg ကို တကြိမ်ထဲသောက်ဖို့ လိုအပ်တယ်။ ဥရောပနိုင်ငံတွေမှာ ၂၀၀၉ စက်တင်ဘာကတည်းက စတင်သုံးစွဲဖို့ ခွင့်ပြုထားတယ်။ အမေရိကားမှာ ၂၀၁၀ သြဂုတ်လ ၁၃ရက်နေ့မှာ တရားဝင်ခွင့်ပြုခဲ့တယ်။ အမေရိကားမှာ Ella နာမည်၊ တခြားဥရောပနိုင်ငံတွေမှာ EllaOne နာမည်နဲ့ ရနိုင်တယ်။ ဆရာဝန် ညွန်ကြားချက်လည်း လိုပါတယ်။ ဘေးထွက်ဆိုးကျိုး သန္ဓေသားကို ထိခိုက်စေတယ်။ 
• တခြားကို်ယ်ဝန်ဖျက်ဆေးတမျိုး ဖြစ်တဲ့ mifepristone 10mgကို အရေးပေါ်တားဆေးအနေနဲ့ သုံးနိုင်တယ်။ တရုတ်၊ရုရှား၊အာမေးနီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ခွင့်ပြုထားတယ်။ ဘေးထွက်ဆိုးကျိုး ရာသီသွေးနောက်ကျတာရှိမယ်။ ဆေးသောက်နေစဉ် ကလေးလုံးဝ(လုံးဝ)မယူရဘူး။
• gestrinoneဆိုတဲ့ဆေးတမျိုးလည်း ရှိသေးတယ်။ အာနိသင်က mifepristoneလို အစွမ်းထက်ပါသတဲ့။ ဆေးသောက်စဉ် ကလေးလုံးဝမယူသင့်ဘူး။
• အကိုက်အခဲပျောက်ဆေးတမျိုးဖြစ်တဲ့ Meloxicamကိုလည်း သုံးနိုင်သေးတယ်။တရုတ်နိုင်ငံမှာ လေ့လာမှုလုပ်တော့ late follicular phaseမှာ Meloxicam 30mg ၅ရက်ဆက်တိုက်ပေးခြင်းက အရေးပေါ်တားဆေးသဘော ရှိတာတွေ့ရတယ်။
အွန်လိုင်းမေးခွန်းဖြေကြားချက်
အွန်လိုင်းမှာ အမေးများတဲ့ မေးခွန်းက ဆေး၂လုံး တခါတည်းတပြိုင်နက် သောက်လို့ ရသလားဆိုတာမျိုးပါ။ လေ့လာမှုတွေအရ ၂လုံး တခါတည်းသောက်လို့ရတာ တွေ့ရတယ်။ အာနိသင်ချင်း ကွာခြားမှုမရှိပါဘူးတဲ့။သို့သော် ဆေးနှစ်လုံးသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်တာနဲ့ ရင်သားတင်းတာ ပိုဖြစ်နိုင်တယ်။ 
နိဂုံးချုပ်သိစေချင်တာတွေက Ecee 2 ဆိုတာ ကိုယ်ဝန်ဖျက်ဆေး မဟုတ်ဘူး။ ရှိနေတဲ့ကိုယ်ဝန်ကိုလည်း ဒုက္ခမပေးနိုင်ပါဘူး။ အကယ်၍ အရေးပေါ်တားဆေးချည်း တနှစ်ပတ်လုံးသုံးစွဲမိရင် ကိုယ်ဝန်ရဖို့ အခွင့်အရေးက ၂၀ရာခိုင်နှုန်းလောက် များလာတယ်။ အရေးပေါ်တားဆေး ဖြစ်တာကြောင့် အရေးပေါ်ပြီး တကယ်လိုအပ်မှ သုံးစွဲသင့်တယ်။ 
ဒေါက်တာ အေးမင်းထူး
၁၆.၆.၁၄
16 comments:
  1. ဆရာ, ကျွန်​​တော့်​ချစ်​သူနဲ့sexလုပ်​မိပါတယ်​။လုပ်​ပြိီးပြီးချင်းသူကecee2ကိုနှစ်​လုံး​သောက်​လိုက်​မိတယ်​။ အဲ့ဒါ​နောက်​၁၂နာရိီကျရင်​နောက်​ထပ်​သောက်​ဖို့လို​သေးလားဆရာ။ အ​ရေးကြီးလို့ပါဆရာ။ မြန်​မြန်​​လေး​ဖြေ
    ReplyDelete
  2. ဆရာ ကျနော်ချစ်သူနဲ့ ဆက်ဆံပြီးတော့ Ecee2 ဆေးကိုနှစ်လုံတစ်ခါတည်းတိုက်လိုက်တယ်ဆရာ မဆက်ဆံခင်က ရာသီလာပြီးသွားပါပြီးဆရာ အခု ဆေးသောက်ပြီး ၅ ရက်ကြာတော့သွေးကအရမ်းဆင်းနေပါတယ်ဆရာ သွေးဆင်းတာနှစ်ရက်လောက်တော့ရှိပြီးဆရာ တစ်ရက် ကို ငါးခု လောက်လဲနေရပါတယ် အဲဒါ ဘယ်လိုဖြစ်တာလဲဆရာရှင်းပြပေးပါလား ဆရာ အရေးကြီးနေလို့ပါ ဆရာ
    ReplyDelete
  3. အဲလို​သောက်​ပြီးမှဆက်​ဆံရတာလားဆက်​ဆံပြီး​မှ​သောက်​ရင်​​ကောရလား
    ReplyDelete
  4. ဘယ်လိုသုံးစွဲရမလဲ လည်းရေးမထားဘူး
    ReplyDelete
  5. ဆရာ ကျန်တော် ချစ်သူနဲ့ ဆက်ဆံလိုက်တာ 31နေ့ကပါ သူ ရာသီလာတာက၁၃ ရက်ပါ ဆက်ဆံပီတော့ သုတ်ရည်ကို အပြင်ကို ထုတ်လိုက်ပါတယ် ကာကွယ်ဆေးသောက်ဖို့လို့လား
    ReplyDelete
  6. သုတ်ရည် အပြင်ကို သုတ်လိုက်ရင် တားဆေးသောက်သင့်လားး
    ReplyDelete
  7. ဆရာ ကျန်တော် ချစ်သူနဲ့ ဆက်ဆံလိုက်တာ 31နေ့ကပါ သူ ရာသီလာတာက၁၃ ရက်ပါ ဆက်ဆံပီတော့ သုတ်ရည်ကို အပြင်ကို ထုတ်လိုက်ပါတယ် ကာကွယ်ဆေးသောက်ဖို့လို့လား
    ReplyDelete
  8. ရာသီမမှန်​ရင်​ကိုဝန်​ရလို့လား​ဆေး​ကြောင့်​လား​ဖြေ​ပေးပါအုံး
    ReplyDelete
  9. ရာသိမလာရင်​ကိုဝန်​ရှီလာလို့လားဆရာ
    ReplyDelete
  10. ပထမ​တစ်​လုံး​သောက်​ပြီး၊၁၂နာရီတိတိကြာမှ​သောက်​လို့ရတာလား။၁၃ or ၁၄နာရီကြာသွားရင်​​ကော?ဆရာ​ဖြေကြား​ပေးပါ။
    ReplyDelete
  11. ဆရာ ပထမတစ်​လုံး​သောက်​ပြီး၊၁၃နာရီကြာမှာ ​နောက်​တစ်​လုံး​သောက်​လိုက်​ရင်​၊အ​ဆင်​​ပြေ၊မ​ပြေသိချင်​ပါတယ်
    ReplyDelete
  12. ဆက်​ဆံပီး၃ရက်​အတွင်း​ဆေး၂လုံးတည်း​သောက်​ရမှာလားဆရာ
    မအန်​ရင်​​ရော​နောက်​ထပ်​တစ်​လုံးထပ်​​သောက်​စရာလိုပါ​လားဆရာ
    ReplyDelete
  13. ecee2 ​သောက်​ထားပါတယ်​ဆရာ
    ရာသီ လုံးဝမလာတာ​တော့ဖစ်​တက်​ပါသလားဆရာ
    ပုံမှန်​ပြန်​ဖစ်​​အောင်​ ဘာ​ဆေး​သောက်​သင့်​ပါသလဲဆရာ
    ReplyDelete
  14. ecee2 ​သောက်​ထားပါတယ်​ဆရာ
    ရာသီလုံးဝမလာတာ​ရော ဖစ်​တက်​ပါသလား
    ပုံမှန်​ပြန်​ဖစ်​​အောင်​ ဘာ​ဆေး​​သောက်​ရပါမလဲ ဆရာ
    ReplyDelete