Sunday, December 23, 2012

လက်ကောက်ဝတ် အကြိတ်

 လူတယောက်ဟာ သာမန်နဲ့မတူ အဖုအကြိတ် အလုံးအခဲတွေ နေရာတိုင်းမှာဖြစ်တတ်ပါတယ်။လူကိုဒုက္ခပေးနိုင်တာ ရှိသလို ဒုက္ခမပေးဘဲ သူ့ဘာသာ တည်ရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တခါတရံတော့ သူ့ဘာသာကို ပြန်ပျောက်သွားတတ်တယ်။သို့သော် ပုံမှန်မဟုတ်ဘဲ အဖုအကြိတ်ဖြစ်လာပြီဆိုရင်တော့ အနည်းဆုံး လူတယောက်ကို စိတ်ဒုက္ခပေးတတ်တာ အသေအချာပါ။ တရက်က ဆေးခန်းလာပြနေကျ ဘော်ဒါဆောင်တစ်ခုက ကျောင်းသားလေးတယောက် လက်ကောက်ဝတ်ပိုင်းအပေါ်မှာ အဖုအကြိတ်လုံးလေးတစ်လုံးဖြစ်လို့ လာပြခဲ့တယ်။ လက်ကောက်ဝတ်ကွေးရင်၊ ကော့ရင်နာတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေ ကွေးဆန့်ရင် ဘာမှမဖြစ်ဘူး။ အရွယ်အစားက ၂စင်တီမီတာလောက်ရှိမယ်။ စမ်းသပ်ကြည့်ရင် အရိုးနုလိုဘဲ။ မမာသလို မပျော့ဘူး။

ဆေးပညာရပ်ဆိုတာ

ဆေးပညာရပ်ဆိုတာ ဘာလဲ။ဆေးပညာရပ်တွေဟာ အတော်ခက်ခဲသလား။ ဒီအချက်ကို စကားဝိုင်းတစ်ခုမှာ မိတ်ဆွေတစ်ယောက်က မေးလို့ဆွေးနွေးဖြစ်တယ်။ ဆရာဝန်တွေပြောကြရေးကြတဲ့ထဲမှာ ဆေးပညာဆိုတဲ့ စကားလုံးကို တော်တော်များများ သုံးကြတယ်။ ဆေးပညာဆိုတဲ့ စကားလုံးကို သီးသန့်လေ့လာကြည့်ရင် ဆေးဆိုတာကိုတပိုင်း၊ ပညာ ဆိုတာကို တပိုင်း သတ်မှတ်ပြီး အဓိပ္ပါယ်ဖော်တာ ကောင်းပါတယ်။ ဆေးဆိုတာကတော့ ဆေးဝါးနှင့် သက်ဆိုင်သော(သို့) ကုသခြင်းနှင့်သက်ဆိုင်သော ဆိုတဲ့အဓိပ္ပါယ်ပါ။ ပညာဆိုတဲ့စကားမှာတော့ ဘာသာရပ်တခုကို လေ့လာခြင်း(သို့)အသုံးချခြင်းလို့ ဆိုရမှာပါ။ တချို့ကမေးပါတယ်။ဆေးပညာဆိုတာ တော်တော်ခက်ခဲမှာပဲနော် ဆိုတာမျိုး။စာအုပ်တွေလဲ

Monday, November 26, 2012

လမ်းလျှောက်တဲ့အခါ

     ဆောင်းတွင်းရောက်ပြီဆိုရင်ပဲ ကျန်းမာရေးအရ လမ်းလျှောက်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ စာရေးသူကိုယ်တိုင်လည်း ဒီရက်ပိုင်းမှာမှ လမ်းလျှောက်ဖြစ်တယ်။ ထိုင်ရတဲ့ အလုပ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု အင်မတန်နည်းတယ်။ သူများတွေကိုသာ ကျန်းမာရေးအသိပေးပြီး ကိုယ်တိုင်လုပ်ဆောင်မှုနည်းတဲ့ထဲမှာ ဆရာဝန်တွေက ထိပ်ဆုံးကပါ။နောက်ပိုင်းလမ်းလျှောက်တဲ့အခါ ကျုံးထိမသွားတော့ပဲ အိမ်နားမှာ ရှိတဲ့ မနော်ရမ္မာဥယျာဉ်မှာသာ လမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်တဲ့အခါ လမ်းလျှောက်တဲ့ ဝတ်စုံအကျအန ဝတ်ပြီးလမ်းလျှောက်သူတွေ တွေ့ရသလို သာမန်ဘာသိဘာသာ လမ်းလျှောက်သူတွေလဲ ရှိကြတယ်။ တချို့က နှေးနှေးလျှောက်သလို တချို့ကျ မြန်မြန်လျှောက်တယ်။လမ်းလျှောက်တာ မြန်ချင်သူတွေကို သာမန်အားဖြင့် စိတ်မြန်သူတွေဖြစ်တယ်လို့ ကောက်ချက်ချသူက ချတယ်။ တိကျတဲ့လေ့လာစမ်းသပ်မှုတွေ 

Tuesday, November 13, 2012

ကြွက်တက်လာပြီဆိုရင်

        လူ့ခန္ဓာကိုယ်ကြွက်သားတွေဟာ အစဉ်အမြဲလှုပ်ရှားနေရတယ်။ နားနေတဲ့အချိန်မရှိ၊ လှုပ်ရှားနေတာပဲလား မေးစရာရှိပါတယ်။ တချို့ကြွက်သားတွေဟာ နားချိန်မရှိလောက်အောင် အစဉ်အမြဲ လှုပ်ရှားနေရတယ်။ သူတို့လှုပ်ရှားနေလို့ သာ အစဉ်ပြေပြေနေနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နှလုံးကြွက်သားတွေဟာ အမြဲအလုပ်လုပ်နေရတယ်။ ခေတ်စကားနဲ့ပြောရရင် 24/7 တနေကုန် အလုပ်လုပ်နေရတယ်။ တစ်လလုံး၊ တစ်နှစ်ပတ်လုံး၊ တစ်သက်လုံးအလုပ်လုပ်ပြီး အသက်ရှင်ဖို့ မနားမနေကြိုးစားရရှာတယ်။ တခြားလူ့ခန္ဓာတွင်း အစိတ်အပိုင်းတွေ(အစာအိမ်နဲ့အူလမ်းကြောင်း၊ဆီးလမ်းကြောင်း ကြွက်သား) စတာတွေဟာလည်း သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ ထို့အတူ ခြေထောက်လှုပ်တာ၊ လက်လှုပ်တာ၊ လမ်းလျှောက်တာ၊ ထမင်စားတာကအစ ဝမ်းသွားတာအဆုံး

Saturday, November 3, 2012

ဇရာအိုနဲ့ ဆီးကျိတ်ရောင် ရောဂါ

           အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့မတူတဲ့ ကွဲပြားမှုတွေ ရှိကြတာ ပြောဖို့လိုမယ် မထင်ပါဘူး။ ငယ်ရွယ်စဉ် မသိသာသေးပေမယ့် အပျိုဖော်၊ လူပျိုပေါက် ဝင်ပြီးတဲ့နောက်မှာတော့ ပိုမိုသိသာထင်ရှား လာတယ်။အသံအနေအထား စတင်ပြောင်းလဲလာတယ်။ အမွှေးအမျှင်တွေ ပေါက်ရောက်လာတယ်။အတွေးအခေါ်၊ အမူအကျင့်၊ ကိုယ်နေဟန်ထား ပြောင်းလဲလာတယ်။ ကွဲပြားချက်တွေထဲမှာ အမျိုးသားတွေမှာသာ ပါရှိတဲ့ ဆီးကျိတ်ကလည်း တခုပါ။ အသက်ကြီးလေ ပိုမိုသိလေ ဆိုချင်ကြသူတွေအတွက် ဆီးကျိတ်က ဥပမာကောင်းတခု ဖြစ်ပါလိမ့်မယ်။ အသက်ကြီးသူများဟာ ဆီးကျိတ်အကြောင်းပိုသိလာသလို ဝေဒနာတွေ ခံစားလာရတယ်။ဆီးကျိတ်ရောင်ခြင်းက အသက်ငါးဆယ်ကျော် ခြောက်ဆယ်အရွယ် အမျိုးသားတွေကို ဒုက္ခကောင်းကောင်းပေးတတ်ပါတယ်။

Friday, November 2, 2012

အရေးပေါ် ရောက်လာတဲ့အခါ


         မနက်ပိုင်းအဝတ်အစားလဲပြီးဆေးခန်းသွားမလို့ရှိသေးတယ်။ တပည့်ကျော်ဆီက လူနာရောက်နေကြောင်းဖုန်းလှမ်းဆက်လို့ အမြန်ပြေးရသေးတယ်။ ဟိုရောက်တော့ လူနာကခွေခွေလေးလှဲနေတယ်။ ဘေးမှာအမျိုးသမီးနှစ်ယောက်၊ သုံးယောက် ဝိုင်းနေကြတာ၊ ဘာများဖြစ်လို့လဲဆိုပြီး မေးကြည့်တော့ ဆိုင်ကယ်လဲလို့တဲ့။ ရုတ်တရက် ဘရိတ်အုပ်လိုက်တော့ အရှိန်မထိန်းနိုင်ဘဲ လဲသွားတာ။ ကြည်လိုက်တော့ လူနာက မှိန်းနေတယ်။ တချက်တချက်ပျို့သလိုဖြစ်တယ်။ ခေါင်းခိုက်မိသွားပုံရတယ်။ မေးကြည့်တော့လဲ

ပြန်ဖြစ်တတ်တာ ပါးစပ်နာ


  လောကမှာ ရှောင်လွှဲလို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းစတဲ့ လောကဓံအနိမ့်အမြင့်တွေ ကိုလည်း ရှောင်လွှဲလို့မရဘူး။ ဆင်းရဲခြင်းဆိုတဲ့ နေရာမှာ စိတ်ဆင်းရဲတာ၊ ကိုယ်ဆင်းရဲတာ နှစ်ခုလုံးပါတယ်။ အာရုံငါးပါးခံစားနိုင်တဲ့ ခန္ဓကိုယ်ကြီးကိုက ဝေဒနာတွေခံစားနိုင်တယ်။  ဖြစ်၊ တည်၊ ပျက်သဘောအရ ကိုယ်ဖြစ်မယ်၊ တည်ရှိမယ်၊ ပျက်စီးမယ် ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေဘဲ။ အဲ့ဒီလိုဘဲ လူ့ခန္ဓာကိုယ်ကြီးကလည်း နေရာတိုင်းမှာတည်ရှိနေတဲ့ ပိုးမွှားတွေရန်က ရှောင်လွှဲလို့မရဘူး။ နေ့စဉ်နေ့တိုင်းရှုရှိုက်နေတဲ့လေထဲမှာ

ရေမကြောက်တတ်ပေမယ့် ရေကျောက်ဆိုတာတော့ဖြစ်တတ်ပါတယ်



        သင်္ကြန်နားနီးလို့ သင်္ကြန်သီချင်းတွေ ဟိုနားတစ်စု ဒီနားတစ်စု ကြာလာရပါပြီ။ သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ နှစ်ဟောင်းကအညစ်အကြေးတွေကိုဆေးကြောတဲ့ ပွဲတော်လို့လူသိများပါတယ်။ နှစ်ဟောင်းကအညစ်အကြေး တွေ   နှစ်သစ်ကိုမပါအောင် ဆေးကြောတဲ့အနေနဲ့ ရေကစားကြတာပါ။ သင်္ကြန်မှာရေနဲ့မြန်မာဆိုတာ  ခွဲခြားလို့ မရပါဘူး။ မြန်မာလူမျိုးအများစုက ရေမကြောက်တတ်ပါဘူး။ ရေကြောက်တယ်ဆိုတာ ရှားပါတယ်။ ရေမကြောက်တတ်ကြပေမယ့် ရောဂါပိုးကူးစက်ခံရနိုင်တဲ့ ရေကျောက်တော့ဖြစ်နိုင်ကြပါတယ်။ သင်္ကြန်ကြောင့် ရေကိုကြောက်ပြီး ရောဂါဖြစ်တာမဟုတ်ပါဘူး။ ရေကျောက်ဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့သာ

Saturday, October 27, 2012

အဝေးကမေး ကျန်းမာရေး

             
 ဒီရက်ပိုင်းတွေမှာ ခရီးလွန်နေတာကြောင့်ကော မအားတာကြောင့်ပါ ဆောင်းပါးတွေမရေးဖြစ်ခဲ့ဘူး။ ခရီးကပြန်ရောက်ရောက်ချင်း ဆေးခန်းပြန်ထိုင်ဖြစ်တဲ့အချိန်မှာ တချို့လူနာတွေကြည့်ရင်း ပိုမိုရေးချင်ခဲ့တယ်။နောက်ပိုင်းမှာဆေးကုသရုံမကပဲ လူနာတွေရဲ့အသိပညာပိုင်းကိုပါ သတိထားကြည့်မိတတ်လာတယ်။သူတို့တွေဘယ်အပိုင်းမှာအားနည်းလဲ ဆိုတာမျိုးတွေပါ ထည့်သွင်းစဉ်းစားလာတယ်။ဆေးပညာဆောင်းပါးတွေရေးတဲ့အခါမျိုးမှာ ဒါမျိုးတွေက အရေးပါလာတယ်။ဆောင်းပါးကိုဖတ်တဲ့အခါ လူတိုင်းနားလည်လွယ်အောင် ရေးနိုင်မှ အကျိုးရှိတဲ့ဆောငိးပါးကောင်းဖြစ်လိမ့်မယ်။ ငယ်စဉ်က အင်္ဂလိပ်လို ညှပ်ပြောတတ်သူတွေ၊

Thursday, October 18, 2012

Eposoft ရာသီနဲ့ပတ်သက်တဲ့နာကျင်မှုအတွက် ဆေးတလက်

                Eposoftဆိုတာ အမျိုးသမီးများ ရာသီနဲ့ပက်သက်တဲ့ ဝေဒနာတွေအတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင် အပင်နဲ့ ပြုလုပ်ထားပြီး Zifam ကုမ္ပဏီက ထုပ်လုပ်ထားတဲ့ဆေးတမျိုးပါ။

Eposoft ထဲမှာ ဘာပါသလဲ။ 
Evening primrose oil(gamma linolenic acid)    1000mg(100mg)
Natural vitamin E(d-alpha tocopherol)                      5mg(7.5 IU)
နှစ်မျိုး ပေါင်းစပ် ပါဝင်ပါတယ်။evening primrose ကို မြန်မာလို ညနေခင်းနှင်းဆီခေါ်ပါတယ်။ညနေပိုင်း နေညိုချိန် မှာပွင့်လန်းပြီး နေထွက်လာရင်ခြောက်သွေ့တာကြောင့် ဒီလိုနာမည်မျိုးပေးထားပါတယ်။ မြောက်အမေရိက၊ ကနေဒါ၊အနောက်ဥရောပနိုင်ငံတွေမှာ အဓိကတွေ့ရပြီး လှပတဲ့ ပေါင်းပင်တမျိုး ဖြစ်ပါတယ်။ အစေ့က ၅ စင်တီမီတာ ရှိပြီး အစေ့ကိုကြိတ်လို့ရတဲ့အဆီက အသုံးဝင်ပါတယ်။ အလှပစ္စည်းအဖြစ် အသုံးကျသလို ဆေးဖက်လဲဝင်တယ်။ အသားအရည်ကို နူးညံ့ပျော့ပျောင်းစေပြီး အစိုဓာတ်ကို  ထိန်းသိမ်းပေးတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့

နှင်းခူနာအတွက်ဆိုရင်



                    အရေပြားရောဂါတွေထဲမှာ လူကိုစိတ်အနှောက်အယှက် ပေးတဲ့ရောဂါတစ်မျိုးက နှင်းခူနာလို့ခေါ်ကြတဲ့အရေပြားရောဂါ တမျိုးပါ။အဖြစ်များတဲ့နာတာရှည်ရောဂါတွေထဲမှာ တခုအပါအဝင်ပါ။ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ကြသလို ပေါ်လိုက်ပျောက်လိုက် လုံးချာလည်နေတယ်။ ဘာ့ကြောင့်ဖြစ်မှန်း အတိအကျမသိတဲ့အတွက် မျိုးရိုးနဲ့ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးကြတယ်။ နောက်ပိုင်းမှာ yeastတစေးမှိုနဲ့ ပတ်သက်တယ်လို့ ဆိုသူကဆိုတယ်။ ၂၀၀၉ ခုနှစ်မှာ အီဒင်ဘာ့ခ် တက္ကသိုလ်က ပညာရှင်တစ်စုဟာ filaggrin gene ရဲ့ပြောင်းလဲမှုကြောင့် နှင်းခူနာဖြစ်တယ်လို့ကောက်ချက်ချခဲ့ ပါတယ်။အနောက်နိုင်ငံတွေမှာ အရေပြားရောဂါကြောင့် ဆေးခန်းလာတဲ့လူနာတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ နှင်းခူကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။  အရေပြားရောဂါမှာ  acuteရေတိုဖြစ်ရင် dermatitis အဖြစ်

Sunday, September 30, 2012

ဆရာဝန်ဘဝထဲက မှတ်စုအပိုင်းအစများ(၃)


                                              
         လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ အမှန်ပဲ။ တယောက်နဲ့ တယောက် စိတ်နေသဘောထားတွေ အမူအကျင့်တွေ မတူကြဘူး။ ဒီအထဲကမှ လူမျိုးပေါင်းစုံနဲ့ ဆက်ဆံရတဲ့ ဆရာဝန်တွေရဲ့ အတွေ့အကြုံကလည်း စုံလှတယ်လို့ ဆိုရမှာပဲ။ ဆရာဝန်နဲ့ တွေ့ရင် စကားပြောချင်တဲ့လူနာတွေရှိသလို တုံဏှိဘာဝေမထုံတက်ထေး ဘာမှမပြောတဲ့ လူနာတွေလည်း ရှိကြတာပဲ။ မေးရင်တောင် မေးသလောက်ပဲ ဖြေတယ်။ တခါတလေ ဘေးကလူနာစောင့်က ဝင်ဖြေပေးရတယ်။ ဘေးလူနာစောင့် ဝင်ဖြေရင် မကြိုက်ကြတဲ့ ဆရာဝန်တွေလည်း ရှိကြတယ်။ လူနာမှ

Thursday, September 27, 2012

ကိုယ်စီ ကိုယ်စီ တာဝန်ယူသင့်တယ်


    မနေ့က လူနာလာလို့ ကြည့်လိုက်တိုင်း သိပ်စိတ်မချမ်းသာရဘူး။ လူနာကြောင့်မို့ မဟုတ်ပါဘူး။ လာလိုက်တဲ့ လူနာတိုင်းက စိတ်မချမ်းသာ စရာဖြစ်နေလို့ပါ။ တယောက်လာလို့ မေးလိုက်တော့ ဆိုင်ကယ်ချင်းတိုက်တာ။ ဒါပေမယ့်  ဘာမှဆိုးဆိုးရွားရွားတော့ မဖြစ်ဘူး။ ပွန်းပဲ့ရုံပဲ။ နောက်တယောက် လာလို့ မေးလိုက်တော့လည်း ဒီလိုပဲ။ ယာဉ်တိုက်မှုလို့ ခေါ်ရမယ်။ ဒါပေမယ့် ထူးဆန်းတာ တခုက ဆိုင်ကယ်စီးနေတုန်း ကားသစ်တစ်စီးက ဝင်တိုက်သွားတာတဲ့။ အဲဒါနဲ့ ကားနံပတ်မှတ်မိလား ဘယ်လိုကားမျိုးလည်း မေးကြည့်တော့ ကားကအသစ်ချပ်ချွတ်။ ဒါပေမယ့် ကားနံပါတ်တော့ တပ်မထားလို့ မသိလိုက်ဘူးတဲ့။ ကားကလည်း တိုက်မိပြီဆိုတာနဲ့ ထွက်ပြေးသွားတယ်လို့ ဆိုတယ်။ အဲဒီတော့ အစအန ရှာမရအောင် ပျောက်ပြီပေါ့။ အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားမိတာက

သိမှတ်ဖွယ်ရာ ဝဲရောဂါ


                               
     
     ဝဲရောဂါဆိုတာ လူတိုင်းကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်တိုင်မဖြစ်ဘူးရင်တောင်မှ သူများတွေ ဝဲပေါက်တာကို မြင်ဘူးကြားဘူးကြမှာပါ။
ဒါပေမယ့်ဝဲဟာဘာကြောင့်ဖြစ်လဲ ဆိုရင်တော့ တော်တော်များများ ခေါင်းကုတ်ကြမယ် ထင်ပါတယ်။
 တချို့က ပွေးနဲ့ ဝဲကို အတူတူပဲလို့ထင်မြင်ကြတယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ကျောင်းပြီးစ ဆရာဝန်ငယ်တစ်ယောက်က ပွေးနဲ့ဝဲကို အတူတူထင်ပြီးမေးခဲ့ဖူးတယ်။ တချို့မြန်မာဆေးတွေမှာ ပွေး၊ဝဲ၊ညှင်း ၊ယားနာပျောက်ဆေးဆိုပြီး ကြေငြာကြတော့ ဒီလိုထင်မြင်တာ အပြစ်မဆိုသာပါဘူး။ အမှန်တော့ ပွေးတို့ ဝဲတို့ဟာ ဖြစ်စေတဲ့အကြောင်းအရာတွေ မတူညီကြသလို၊ ကုသပုံခြင်းလဲ မတူကြပါဘူး။ သို့သော်
ယားယံတာခြင်း၊ အနီစက် ပေါက်တာခြင်းတော့ တူညီကြပါတယ်။ ယားတော့ကုတ်၊ကုတ်တော့ အနာဖြစ် ယားလိုက်နာလိုက်နဲ့ သံသရာလည်နေတယ်။ ယားနာအမျိုးအစားထဲမှာ ပါကြတယ်။ ဒီအပတ်တော့

Tuesday, September 25, 2012

လူတိုင်းအတွက် အရေးပေါ်အသက်ကယ်နည်း


              
               ဆေးလောကနဲ့ပတ်သက်သူတိုင်း မတတ်မဖြစ်တတ်သင့်၊သိသင့်တဲ့နည်းကတော့
အရေးပေါ်အသက်ကယ်နည်း ဖြစ်ပါတယ်။အမှန်တော့ အရေးပေါ်အသက်ကယ်နည်းဟာ
ကျန်းမာရေးဝန်ထမ်းတွေသာမက လူတိုင်းသိသင့်သိထိုက်တဲ့ အကြောင်းအရာ
တမျိုးဘဲဖြစ်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ လူတစ်ယောက် ရုတ်တရက်
သတိလစ်ပြီး လဲကျသွားရင် ဘာလုပ်ရမယ်ဆိုတာလောက်တော့
အခြေခံသိထားသင့်ပါတယ်။နောက်တချက်ကတော့
စာဖတ်သူတွေအပေါ်မှာတင်နေတဲ့အကြွေးတစ်ခုကို ဆပ်ချင်လို့လဲ
ပါပါတယ်။ဆောင်းပါးတစ်ပုဒ်မှာ အရေးပေါ်အသက်ကယ်နည်း(emergency
resuscitation)အကြောင်းကို အလျင်းသင့်သလို ဖော်ပြပေးမယ်လို့
ရေးခဲ့ဘူးပါတယ်။အရေးပေါ်အသက်ကယ်နည်းဆိုတာ တကယ်တော့ cardiopulmonary
resuscitation(CPR) လုပ်တာကိုခေါ်တာပါ။ဆရာဝန်တွေက
စီပီအာရ်(CPR)လုပ်တယ်လို့ ခေါ်တာ ကြားဘူးကြမှာပေါ့။cardio
ဆိုတာနှလုံး၊pulmonary ဆိုတာ အဆုတ်၊resuscitation ဆိုတာ
ကယ်ဆယ်တာ၊ဒါကြောင့် နှလုံးနှင့်အဆုတ်ကို ကယ်ဆယ်ခြင်းလို့
အဓိပ္ပယ်ရပါတယ်။နှလုံးနှင့် အဆုတ်ယာယီရပ်တန့်တာကို
ပြန်ခုန်အောင်လုပ်တာပါ။CPRလုပ်ဖို့ ဘာပစ္စည်းကိရိယာမှ

ခံတွင်းနံ့ နံတိုင်း ရောဂါရှိသလား

`            
          တစ်ရက်က မိတ်ဆွေတစ်ယောက်က သူ့အမျိုးသမီး တစ်ခါတစ်ရံ
ပါးစပ်နံတတ်တဲ့အကြောင်း စကားစပ်မိရင်း ပြောဖြစ်ခဲ့ကြတယ်။အမြဲတမ်းတော့လဲ
မနံဘူး။တစ်ခါတစ်ရံမှသာ နံတတ်တယ်။ဘာဖြစ်နိုင်လဲ။
Normal(ပုံမှန်) ကော ဟုတ်ရဲ့လားပေါ့။ဘာရောဂါတွေ ရှိနိုင်လဲဆိုပြီး
မေးခဲ့ဘူးတယ်။အမှန်အတိုင်းဝန်ခံရရင် ဒီအပိုင်းဟာ သွားဆရာဝန်တွေနဲ့
ပိုမိုဆက်စပ်ပါတယ်။သို့သော်တစ်ခါတစ်ရံမှာ ပါးစပ်နံတာဟာ ခန္ဓာကိုယ်တွင်း
အဂါအစိတ်အပိုင်းရောဂါတွေကြောင့် ဖြစ်တဲ့အခါမျိုးမှာ
အထွေထွေရောဂါကုဆရာဝန်တွေနဲ့ သက်ဆိုင်နေပြန်တယ်။ဆေးပညာမှာ
လက္ခဏာရပ်တစ်ခုထဲကိုကြည့်ပြီး သူပိုင်ငါပိုင် ငြင်းချင်လို့
မရဘူး။ပြောလိုက်ရင်တော့ တစ်ခွန်းထဲပဲ။ပါးစပ်နံတယ်။သို့သော်
ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ဆေးပညာသင်ကြားခဲ့စဉ်က ပါးစပ်နံစေတဲ့
အကြောင်းရင်းများကို သင်ယူခဲ့ဖူးတယ်။လက်တွေ့ဆေးကုတဲ့ အခါမှာတော့
ဘာကြောင့်ဖြစ်သလဲဆိုတာလောက်နဲ့တော့ မပြီးဘူး။ဒီလိုဖြစ်ရင်
ဘာလုပ်ကြသလဲ။ဘာလုပ်ခိုင်းသလဲ ထပ်မံလေ့လာရပြန်တယ်။ဆရာဝန်များဟာ
အလုံးစုံသိကျွမ်းနားလည်သူများမဟုတ်ကြပါဘူး။ဆရာဝန်ဖြစ်ပြီဆိုတာနဲ့
ငါဆရာပဲကွ ဆိုတာမျိုးဟာ မသိနားမလည်ခင်က တွေးတောခဲ့တဲ့ နုနယ်တဲ့

အမြင့်တက်ချင်သူများ သတိထား

           

           လောကမှာ အကောင်းအဆိုး၊အနိမ့်အမြင့် ဒွန်တွဲနေတာ ထုံးစံပါ။လူဆိုတာလဲ
ခက်သားလား။အကောင်းဆုံးဆိုတာတွေ၊ အမြင့်ဆုံးဆိုတာတွေကိုမှ
ပိုင်ဆိုင်ချင်တာကိုး။ဒီလိုပိုင်ဆိုင်ရဖို့၊အမြင့်ရောက်ဖို့ကို အားထုတ်
ကြိုးပမ်းကြရတယ်။အမြင့်ရောက်ပြန်တော့လည်း အောက်မကျအောင်
ထပ်မံကြိုးစားရပြန်တယ်။မြင့်သထက်မြင့်အောင် ကြိုးစားကြတယ်။သို့သော်
သိပ်အမြင့်ရောက်တိုင်း မကောင်းတာမျိုးလည်းရှိပါတယ်။အမြင့်ရောက်လေ
ရောဂါပိုဆိုးလေဆိုတာမျိုး။အထူးသဖြင့် အမြင့်ကိုမြန်မြန်ရောက်ချင်သူတွေ
ပိုမိုခံစားရတယ်။ဒီလိုရောဂါလက္ခဏာမျိုးကို altitude sickness
လို့ခေါ်ပါတယ်။ဒါဟာ ရောဂါတစ်မျိုးမဟုတ်ပဲ လက္ခဏာတစ်ရပ်သာ
ဖြစ်ပါတယ်။အမြင့်တက်သူ၊တောင်တက်သမား၊ရေခဲပြင် စကိတ်စီးသမားတွေမှာ
အများဆုံးခံစားရတဲ့ လက္ခဏာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။acute mountain
sickness,altitude illness,hypobaropathy
အမျိုးမျိုးခေါ်ကြပါတယ်။အမြင့်ရောက်တဲ့အခါ လေထုဖိအား အပြောင်းအလဲကြောင့်
ခေါင်းကိုက်တာ၊နားထဲက လေထွက်တာ မျိုးကို ကြုံဖူးကြပြီးဖြစ်မှာပါ။altitude
sickness ရဲ့ လက္ခဏာတွေဟာ အများအားဖြင့် အမြင့်ပေ ၈၀၀၀

အအေးမိတုပ်ကွေးပျောက်ဆေးတွေ ဘယ်လိုရွေးချယ်ကြမလဲ

                 
            ရာသီအကူးအပြောင်းမှာ အဖြစ်အများဆုံးရောဂါကိုပြပါဆိုရင်
အအေးမိတုပ်ကွေးရောဂါကိုပဲ လက်ညှိုးထိုးမိမယ်ထင်တယ်။ ဆေးရုံတွေ၊ အထူးသဖြင့်
ဆေးခန်းတွေမှာ ဒီလိုလူနာတွေ သိပ်ပေါတတ်တယ်။ ဒါကြောင့် တချို့ဆရာဝန်တွေက
ရောဂါလက္ခဏာတွေကို လူနာအရင်ပြောပြီး ကုတတ်ကြတယ်။ဗေဒင်တတ်လို့၊ အာရုံရလို့
မဟုတ်။အဖြစ်တတ်ဆုံးမို့လို့ မေးတတ်ကြတယ်။သို့သော် ဆရာဝန်တွေ
သင်ကြားတဲ့အထဲမှာ ဒီလို ဦးတည်ချက်နဲ့မေးတဲ့ မေးခွန်း(leading
question)မျိုးမေးဖို့ သင်ကြားပေးခြင်း မရှိဘူး။မေးတဲ့အခါ
ချောင်းဆိုးသေးသလား၊နှာကော စီးသလား။ ဒီလိုဖြစ်နိုင်ချေကိုသာ
မေးရမှာဖြစ်ပါတယ်။တချို့နေရာတွေမှာ သိပ်တတ်လွန်း၊ရှေ့ရောက်လွန်းရင်
မှားတတ်ပါတယ်။သာမန်မေးတာလောက်ပဲ အဆင်ပြေလိမ့်မယ်။နောက်သတိထားရမှာ တချက်က
မျက်စိနာတာ။မျက်စိနာရင်လဲ အအေးမိတုပ်ကွေးကြောင့်
ဖြစ်တတ်ပါတယ်။မိသားစုလိုက် ဖြစ်တတ်တယ်။တစ်ယောက်မှာ ဖြစ်ရင်
နောက်မိသားစုဝင်တွေ မဖြစ်အောင် အထူးသတိထားရတယ်။သတိပေးသင့်တယ်။အဆောင်နေ
ကျောင်းသားကျောင်းသူတွေ ပိုတောင်သတိထားရတယ်။မိသားစုနဲ့ ဝေးနေသူတွေအဖို့

ကျန်းမာရေးနှင့် အသိပညာ

                                 
                   မြန်မာနိုင်ငံမှာ ဆေးဝါးတွေကို ကြည့်လိုက်ရင် တားမြစ်ဆေးမှတပါး
အခြားဆေးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတာတွေ့ရမှာ
ဖြစ်ပါတယ်။အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ OTC(over the
counter)ခေါ်တဲ့ဆေးဆိုင်တွေပေါ်အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တဲ့
ဆေးမျိုးတွေမှတပါး အခြားဆေးတွေကို ဆရာဝန်ရဲ့ခွင့်ပြုချက်လက်မှတ်နဲ့သာ
ဝယ်ယူရရှိနိုင်ပါတယ်။သို့သော် ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုမဟုတ်တိုင်း
မကောင်းဘူးလို့ပြောလို့မရပြန်ဘူး။ဆေးဆိုင်တွေပေါများစွာ တွေ့ရှိရခြင်းဟာ
ကောင်းတယ်ဆိုနိုင်သလို မကောင်းဘူးလို့လဲ
ပြောနိုင်ပါတယ်။သာမန်နေမကောင်းတာ၊ခေါင်းကိုက်ခေါင်းခဲတာ
ဆိုရင်ဆေးဆိုင်တွေမှာ အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တာ၊အချိန်ကုန်သက်သာတာ
အလုပ်ရှုပ်သက်သာတာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။မကောင်တဲ့အချက်ကတော့

မီဒီယာနှင့် အနာ


                                   
   
   ဒီရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတာနဲ့ အပတ်စဉ်ဆောင်းပါးတွေကိုတောင်
မနည်းအချိန်ပေးပြီး ရေးနေရတယ်။အခြားလုပ်ငန်းတချို့နဲ့
အလုပ်ရှုပ်နေတာပါ။အလုပ်ရှုပ်တယ်ဆိုတာလဲ ကိုယ်ကသိပ်ရှုပ်ချင်လို့
ရှုပ်တာမဟုတ်ပါဘူး။သူ့ဘာသာ လာရှုပ်နေတာ။ဒီရက်ပိုင်းအတွင်းမှာ ဆရာဝန်နဲ့
မပတ်သက်တဲ့ ဥပဒေသင်တန်းတစ်ခု တက်ဖြစ်လိုက်တယ်။သင်တန်းဆင်းပြီဆိုတော့
သင်တန်းသားတွေစုပေါင်းပြီး အဖွဲ့လေးတစ်ဖွဲ့
ထောင်ကြမယ်။စုပေါင်းရှယ်ယာဝင်ကြပါဆိုတော့ ရှယ်ယာဝင်လိုက်တယ်။ဒါနဲ့
မပြီးသေးဘူး။အဖွဲ့အစည်းဖြစ်တဲ့အတွက် နာမည်လိုလာတယ်။နာမည်ရွေးကြမယ်ဆိုတော့
မိမိတို့ အဆင်ပြေမယ်ထင်တဲ့ နာမည်တစ်ခုကို တစ်ယောက်စီက တင်ပြကြပြီး

Sunday, September 23, 2012

လူနာနှင့် ကောက်

           ဒီလထဲ ဥပုသ်နေ့တုန်းက ဆေးခန်းအကူဝန်ထမ်းတွေက နားရက်တောင်းတာနဲ့
ပေးလိုက်မိတယ်။ ဒါပေမယ့် follow up ပြန်ခေါ်ထားတယ့် လူနာတွေရှိတာနဲ့
မနက်ပိုင်းတော့ ထိုင်ရသေးတယ်။ ညနေပိုင်းတော့ ပိတ်မယ်ဆိုတဲ့အတွေးနဲ့
စဉ်းစားနေတုန်း ကားရပ်သံ ကြားလိုက်တယ်။ လူနာတော့ လာပြီဆိုတဲ့ အတွေးနဲ့
ခန်းဆီးအပြင်ဘက် ကြည့်လိုက်တော့ ရှမ်းတရုတ်ဖြစ်ဟန်တူတဲ့ အသက်ကြီးကြီး
အမျိုးသားတစ်ယောက် ဆင်းလာတယ်။ လက်ထဲမှာ တုတ်ကောက်ကြီးတစ်ချောင်း
ကိုင်ပြီး ထော့နဲ့ထော့နဲ့ လျှောက်လာတယ်။ အကူဝန်ထမ်းက
ဆေးခန်းထဲလိုက်ပို့တဲ့အထိ သူ့မှာတုတ်ကောက်အားပြုပြီး လျှောက်လာတာ။
ဘယ်နားမှာများ ဒဏ်ရာရလဲ စဉ်းစားရတယ်။ ဒီလိုပုံစံလာတဲ့
လူနာတော်တော်များများ မတော်တဆထိခိုက်မိပြီးလာတတ်တယ်။
လူနာထိုင်တဲ့ခုံပေါ်ရောက်တယ်ဆိုရင်ဘဲ ဒူးပေါ်လက်တင်ပြီး “ဆရာ
ကျွန်တော်ခြေထောက် ကောက်နေလို့။” ထင်တဲ့အတိုင်းတော့ ဖြစ်ပြီပေါ့
တွေးလိုက်မိတယ်။ ဘယ်ကဘယ်လိုများ ဖြစ်တာပါလိမ့်။ “ဘယ်လိုဖြစ်တာလဲ။
သေချာပြောပြပါဦး။”“ကျွန်တော့်ခြေထောက်က
ကောက်ဖြစ်နေတာ။အခုအရမ်းနာနေလို့။”တခုခုတော့မှားနေပြီ။ “ဆရာကလည်း
ကောက်ဖြစ်တာတောင်မသိဘူးလား။”ဒီတော့မှ အသိဥာဏ် ရုတ်တရက်ပွင့်ပြီး