Showing posts with label bad breath. Show all posts
Showing posts with label bad breath. Show all posts

Tuesday, September 25, 2012

ခံတွင်းနံ့ နံတိုင်း ရောဂါရှိသလား

`            
          တစ်ရက်က မိတ်ဆွေတစ်ယောက်က သူ့အမျိုးသမီး တစ်ခါတစ်ရံ
ပါးစပ်နံတတ်တဲ့အကြောင်း စကားစပ်မိရင်း ပြောဖြစ်ခဲ့ကြတယ်။အမြဲတမ်းတော့လဲ
မနံဘူး။တစ်ခါတစ်ရံမှသာ နံတတ်တယ်။ဘာဖြစ်နိုင်လဲ။
Normal(ပုံမှန်) ကော ဟုတ်ရဲ့လားပေါ့။ဘာရောဂါတွေ ရှိနိုင်လဲဆိုပြီး
မေးခဲ့ဘူးတယ်။အမှန်အတိုင်းဝန်ခံရရင် ဒီအပိုင်းဟာ သွားဆရာဝန်တွေနဲ့
ပိုမိုဆက်စပ်ပါတယ်။သို့သော်တစ်ခါတစ်ရံမှာ ပါးစပ်နံတာဟာ ခန္ဓာကိုယ်တွင်း
အဂါအစိတ်အပိုင်းရောဂါတွေကြောင့် ဖြစ်တဲ့အခါမျိုးမှာ
အထွေထွေရောဂါကုဆရာဝန်တွေနဲ့ သက်ဆိုင်နေပြန်တယ်။ဆေးပညာမှာ
လက္ခဏာရပ်တစ်ခုထဲကိုကြည့်ပြီး သူပိုင်ငါပိုင် ငြင်းချင်လို့
မရဘူး။ပြောလိုက်ရင်တော့ တစ်ခွန်းထဲပဲ။ပါးစပ်နံတယ်။သို့သော်
ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်။ဆေးပညာသင်ကြားခဲ့စဉ်က ပါးစပ်နံစေတဲ့
အကြောင်းရင်းများကို သင်ယူခဲ့ဖူးတယ်။လက်တွေ့ဆေးကုတဲ့ အခါမှာတော့
ဘာကြောင့်ဖြစ်သလဲဆိုတာလောက်နဲ့တော့ မပြီးဘူး။ဒီလိုဖြစ်ရင်
ဘာလုပ်ကြသလဲ။ဘာလုပ်ခိုင်းသလဲ ထပ်မံလေ့လာရပြန်တယ်။ဆရာဝန်များဟာ
အလုံးစုံသိကျွမ်းနားလည်သူများမဟုတ်ကြပါဘူး။ဆရာဝန်ဖြစ်ပြီဆိုတာနဲ့
ငါဆရာပဲကွ ဆိုတာမျိုးဟာ မသိနားမလည်ခင်က တွေးတောခဲ့တဲ့ နုနယ်တဲ့