Monday, August 10, 2015

Botox နဲ့ Fillers ဘာကွာခြားလဲ

ဆရာ botox နဲ့ filler တူပါလားဆရာ၊ ဘယ်နေရာတွေမှာ သုံးပါလဲ။ အားတဲ့အချိန် ပြန်ဖြေပေးဦးနော်

botox နဲ့ fillers မတူပါ။ botox ဆိုတာ ကြွက်သားထဲထိုးထည့်ရပြီး fillers က အရေပြားထဲထိုးထည့်ရတယ်။ botox က ကြွက်သားတွေယာယီအကြောသေစေတဲ့ဆေးဖြစ်တယ်။ ကြွက်သားတွေ လှုပ်ရှားမှုမရှိလို့ မျက်နှာအရေးအကြောင်းတွေကင်းစင်ပြီး လျှော့ပါးသွားစေတယ်။ မကောင်းတာက အာနိသင် ကြာကြာမခံဘူး။ ၃-၆လ လောက်သာခံတယ်။ botox ကို ၂၀၀၂ ခုနှစ်ကတည်းက အလှအပရေးရာမှာ သုံးစွဲဖို့ ခွင့်ပြုခဲ့တယ်။



filler ဆိုတာ အရေးအကြောင်းတွေကင်းစင်ဖို့ အရေပြားထဲထိုးထည့်ရတဲ့ဆေးဖြစ်တယ်။ fillerရဲ့အဓိကတာဝန်က မြောင်းတွေ၊အရေးအကြောင်းရှိတဲ့နေရာတွေကိုအားဖြည့်ပေးတာ။ မျက်နှာချိုင့်တာ၊မျက်တွင်းဟောက်ပက်၊အရေပြားမညီညာတာ စတဲ့အခါ filler ကို အဓိက သုံးတယ်။ botox ထက် အားသာတာက ဆေးထိုးပြီး နှစ်ချီခံတာဖြစ်တယ်။ အနည်းဆုံး ၆လ-၁နှစ်တော့ခံတယ်။

နေရာပေါ်လိုက်ပြီး ထိုးရမည့် fillers အမျိုးအစားတွေ မတူညီကြပါ။ Restylane ,Juvederm Ultra စသည်ဖြင့် အမျိုးမျိုးရှိတယ်။မေးနှစ်ခွဖြစ်တဲ့အခါမျိုးမှာ အာနိသင်ပိုပြင်းတဲ့ Perlane, Juvederm UltraPlus နဲ့ Radiesse စတဲ့ အရေပြားဖြည့်ဆေး တွေကို သုံးတယ်။ ပါးရိုးကြီးသူတွေမှာ collagen stimulants(Sculptra )လည်း သုံးတယ်။ တကယ်က အရေပြားမှာပါတဲ့ ကိုလာဂျင်ကို လှုံ့ဆော်အားဖြည့်တာပဲ။

ဘယ်နေရာမှာ ဘာသုံးမလဲ
မျက်နှာအထက်ပိုင်း သုံးပုံတပုံ (နဖူး၊မျက်ခုံး၊မျက်လုံးဘေး) စတဲ့နေရာတွေမှာ botox ထိုးပြီး မျက်နှာအောက်ပိုင်း(နှာခါင်း၊ပါးစပ်၊မေးရိုးတဝိုက်)နေရာတွေကို filler သုံးတယ်။ ပိုလွယ်တာမှတ်ချင်ရင် မျက်နှာလှုပ်ရှားချိန်(ပြုံးတာ၊ရယ်တာ၊မဲ့တာ)စတဲ့အရေးအကြောင်းတွေမှာ botox ကို သုံးပြီး မျက်နှာလှုပ်ရှားမှုကင်းမဲ့ချိန်မှာ ဖြစ်တဲ့အရေးအကြောင်းတွေမှာ filler သုံးသင့်တယ်။

ဒေါက်တာ အေးမင်းထူး
၁.၈.၁၅

No comments:

Post a Comment