Thursday, November 14, 2019

Ebest 400 ဗီတာမင်အီး အားဆေး

ebest သောက်ရင် အသားဖြူတာဟုတ်လားဆရာ။တကယ်ဖြူရင်သမီးလည်းသောက်ကြည့်ချင်လို့ပါ။ဆရာအားရင် ပြန်ဖြေပေးပါနော်..

Ebest 400 ဆိုတာ ဗီတာမင်အီးပါတဲ့ အားဆေးတစ်မျိုးသာ ဖြစ်ပါတယ်။ အသားဖြူဆေးတော့ မဟုတ်ပါ။ Ebest ထဲမှာ vitamin E 400 IU ပါတယ်။ mgနဲ့တွက်ရင် 266mg လောက်ပါလိမ့်မယ်။ Vitamin E ဟာ အဆီမှာ ပျော်ဝင်တဲ့fat soluble vitaminမျိုး ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့်အာနိသင်နဲ့ အသားအရေကို အားဖြည့်ပေးတာကြောင့်အလွန်နာမည်ကြီးပါတယ်။ 


Vitamin Eမှာ tocopherols နဲ့ tocotrienolsဆိုတဲ့ အဓိကအုပ်စု နှစ်မျိုး ရှိပါတယ်။ အုပ်စုတခုစီမှာ alpha- (α-), beta- (β-), gamma- (γ-), နဲ့ delta- (δ-) ဆိုတဲ့ ပုံစံကွဲလေးမျိုး စီရှိကြတယ်။ လက်တွေ့မှာ alpha-tocopherolတမျိုးတည်းကိုသာခန္ဓာကိုယ်က အသုံးချပေးနိုင်တယ်

Vitamin Eရဲ့အာနိသင်တွေကို လေ့လာကြည့်ရင် antioxidant ဓာတ်တိုးဆန့်ကျင် ရှိတယ်။ ဆဲလ်ရဲ့နံရံကို ကာကွယ်ပေးပြီး ဆဲလ်ပျက်ဆီးခြင်းကို တားဆီးတယ်။ သွေးနီဥသစ်တွေ ထုတ်လုပ်ဖို့ Vitamin Eက ကူညီပေးတယ်။သွေးခဲခြင်းကို တားဆီးပေးတယ်။ သွေးကြောတွေကို ကျယ်စေပြီး သွေးလျှောက်အား ကောင်းစေတယ်။ သွေးကြောနံရံထူလာခြင်းကို ကာကွယ်ပေးတယ်။ခုခံအားကို တက်စေတယ်။ အရောင်ကျစေတယ်။ မကောင်းတဲ့ ကိုလက်စတောကို လျှော့နည်းစေတယ်။ အသက်ကြီးရင့်သူတွေမှာ ဖြစ်လေ့ရှိတဲ့ Alzheimer's ရောဂါကိုလည်း ကာကွယ်ပေးတယ်။အသားအရေစိုပြေတင်းရင်းလှပစေတယ်။ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပြီး အစိုဓာတ်ကို ထိန်းပေးတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တယ်။ အရေပြားနဲ့မြင်လွှာပျက်ဆီးခြင်းကို ကာကွယ်ပေးတယ်။ ဒါ့ပြင် ဝက်ခြံ၊အမာရွတ်တွေ၊အမဲစက်တွေ သက်သာလျှော့ပါးစေဖို့ ဗီတာမင်အီးကို အသုံးပြုကျတယ်။လက်သည်း၊ခြေသည်းကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ 
ဗီတာမင်အီးကို အပင်ကရတဲ့ အဆီတွေမှာ အဓိကတွေ့ရတယ်။ စိမ်းတဲ့အသီးအရွက်၊အစေ့အဆန်၊အခွံမာသီးတွေမှာ လည်းတွေ့ရတယ်။ ဗီတာမင်အီးကြွယ်ဝတဲ့ အစားအစာတွေက ဘာလီ၊ဆန်၊ဂျုံ၊ပြောင်း၊အုတ်ဂျုံ၊မြေပဲ၊ထောပတ်၊ပဲနို့၊ဆူးပန်းဆီ၊သံလွင်ဆီ၊နေကြာဆီတွေ ဖြစ်ပါတယ်။အစားအစာတွေထဲမှာ tocopherolဓာတ် ပါဝင်ပါတယ်။tocotrienol ကိုတော့ စားအုန်းဆီ(palm oil)ထဲမှာသာ အဓိကတွေ့ရတယ်။tocotrienol ဟာ ကျန်းမာရေးအတွက်လည်း ပိုမိုအထောက်အပံ့ဖြစ်တာ တွေ့ရတယ်။ တွေ့ရှိချက်တွေအရ tocotrienol ဟာ ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေ ပျက်ဆီးယိုယွင်းခြင်းမှ ကာကွယ်ပေးနိုင်တယ်။ဒါတင်မကသေးဘူး။ အသည်းဆဲလ်တွေပျက်ဆီးတာကိုလည်း ကာကွယ်ပေးနိုင်တယ်။ချတ်ပြုတ်ကြော်လှော်ခြင်းက vitamin Eရဲ့ အာနိသင်အချို့ကို ပျက်ဆီးစေနိုင်တယ်။ 
နေ့စဉ်လိုအပ်ချက်
-၃နှစ်ထိ 6mg -၈နှစ်ထိ 7mg၊၈-၁၃နှစ်ထိ 11mg၊၁၃နှစ်အထက်15mg၊ကိုယ်ဝန်ဆောင်မိခင်မှာ 15mg၊နို့တိုက်မိခင်တွေမှာ 19mg အသီးသီးလိုအပ်ပါတယ်။ အလွန်ဆုံးသောက်သုံးနိုင်တဲ့ပမာဏကိုလည်း သတ်မှတ်ထားတယ်။-၃နှစ်ထိ 200mg -၈နှစ်ထိ 300mg၊၈-၁၃နှစ်ထိ 600mg၊၁၃နှစ်-၁၈နှစ်ထိ 800mg၊အသက်၁၈နှစ်အထက် 1000mg ထိ သောက်သုံးနိုင်ပါတယ်။ လိုအပ်တာထက်ပိုသောက်ရင် ဘေးထွက်ဆိုးကျိုး ခံစားလာရတယ်။
ဗီတာမင်အီးဟာ အဆီမှာပျော်ဝင်တာကြောင့် ချို့တဲ့မှုနည်းတယ်။ ကလေးတွေမှာ ချို့တဲ့နိုင်တယ်။ vitamin Eချို့တဲ့ခြင်းက ကြွက်သားတွေ အားနည်းစေတယ်။ ခြေဖျား၊လက်ဖျား ထုံကျဉ်ကိုက်ခဲလာတယ်။ မှတ်ဉာဏ်ချို့ယွင်းလာတယ်။မျှခြေစနစ်ကိုထိခိုက်စေလို့ ကိုယ်ခန္ဓာ balance မညီတော့ဘူး။ အရိုးအဆစ် ရောင်ရမ်းလာတယ်။ ခုခံအားကို ကျဆင်းစေတယ်။ သွေးနီဥတွေကို ပျက်ဆီးနိုင်တယ်။   မြင်လွှာကို အားနည်းစေတယ်။အသားအရေခြောက်သွေ့လာတယ်။ အရေပြား၊အရေးအကြောင်းမြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်လာစေတယ်။
ဗီတာမင်အီးဖြည့်စွက်ဆေးတွေကို လေ့လာကြည့်ရင် သဘာဝကထုတ် ယူထားတဲ့ပုံစံ(natural form)ကို  "d"စာလုံးအသေးနဲ့ပြထားတယ်။ ဥပမာ-d-gamma-tocopherolဆိုတာမျိုး။လူကပြုပြင်ထုတ်လုပ်ထားတဲ့ပုံစံ(man-made form)ကျတော့ ရှေ့ဆုံးမှာ "dl"ဆိုပြီး နာမည်တပ်လိုက်တယ်။ dl-alpha-tocopherolဆိုတာ လူကပြုလုပ်ထားတဲ့ ပုံစံတမျိုး ဖြစ်ပါတယ်။ ဗီတာမင်အီးမှာ သွေးမခဲစေတဲ့အာနိသင်ရှိတယ်။သွေးခဲစေတဲ့ဓာတ်တမျိုး ဖြစ်တဲ့ Vitamin K ရဲ့အာနိသင်ကို လျှော့နည်းစေနိုင်တယ်။လိုတာထက်ပိုများရင် သွေးယိုစေနိုင်တယ်။ ဒါ့ကြောင့် သွေးကျဲဆေးအချို့နဲ့ ရောမသောက်သင့်ဘူး။ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့ချင်၊အန်ချင်ဖြစ်မယ်။ ခေါင်းကိုက်၊ခေါင်းမူးဖြစ်နိုင်တယ်။သွေးယိုခြင်း၊လေဖြတ်ဖြစ်နိုင်တယ်။ လေထိုး၊လေအောင့် ရှိမယ်။ အားယုတ်နိုင်တယ်။
New England Journal of Medicineရဲ့လေ့လာချက်တွေအရ အမျိုးသမီးပေါင်း ၈၇၀၀၀ကို ၈နှစ်ကြာလေ့လာတဲ့အခါ ဗီတာမင်အီးဖြည့်စွက်ဆေးတွေက နှလုံးသွေးကြောကျဉ်းခြင်းကို လျှော့နည်းစေပါတယ်။ ဗီတာမင်အီးသုံးစွဲခြင်းက အရေပြားရောဂါ၊နှလုံး၊သွေးတိုး၊လေဖြတ်ခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုကြတယ်။ဒါပေမယ့် လိုတာထက်ပိုမိုသောက်သုံးရင် ဘာတွေဆက်ဖြစ်နိုင်လဲ။ လေ့လာမှုအချို့မှာ ဗီတာမင်အီးကို ပုံမှန်သောက်သင့်တာထက်ရေရှည်စွဲသောက်မိရင် သေဆုံးမှုနှုန်း ပိုမြင့်လာတာ တွေ့ရတယ်။ Vitamin Eကို ၁၀နှစ်မက ရေရှည်စွဲသောက်တဲ့အခါ လေဖြတ်နိုင်ချေမြှင့်တက်လာတယ်။ လေ့လာမှုတွေနဲ့ ဆန့်ကျင်ဖက်ပြောရရင် ဒီဘက်နှစ်တွေမှာ vitamin Eဟာ ပိုလို့နာမည်ကြီးလာတယ်။ရာသီသွေး၊သွေးဆုံးကိုင်လက္ခဏာတွေအတွက်လည်း ဗီတာမင်အီးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတာ တွေ့ရပါတယ်။ အသားလှဆေး၊ဆံပင်သန်ဆေး၊အစားအစာ၊ဆေးဝါးအချို့မှာဓာတ်တိုးခြင်းကို ကာကွယ်ဖို့ ထည့်သွင်းလာကြတယ်။ ဒီနေ့ခေတ်မှာ ဗီတာမင်အီးကို အသားအရေတင်းရင်း လှပဖို့၊အရေးအကြောင်းကင်းစင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သုံးစွဲလာကြပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၂၄..၁၇

(English Version)

Vitamin E capsule

If you drink ebest, you are white, if you are really white, you want to see it.

Ebest 400 is a powerful vitamin E supplement. It is not whitening. Ebest contains vitamin E 400 IU. The dose would be about 266mg. Vitamin E is a fat soluble vitamin. It is very famous for its antioxidant properties and skin.

There are two main classes of vitamin E tocopherols and tocotrienols. Each group has four variants: alpha- (α-), beta- (β-), gamma- (γ-), and delta- (δ-). In fact, the body can use only alpha-tocopherol

Vitamin E is a powerful antioxidant. It protects the cell wall and prevents cell damage. Vitamin E helps produce new red blood cells and prevents clotting. It widens blood vessels and strengthens blood circulation. It prevents the buildup of blood vessel walls and boosts immunity. It brightens the skin. It helps to reduce bad cholesterol. It also protects against Alzheimer's disease, which is common in the elderly, and keeps the skin hydrated and supple. It prevents dryness of the skin and maintains moisture. It can prevent premature aging. It protects against skin and eye damage. In addition, vitamin E is used to relieve acne, scarring and blemishes, as well as improve the health of nails and nails.

Vitamin E is found primarily in plant oils. It is also found in green fruits, nuts, and nuts. Vitamin E-rich foods are barley, rice, wheat, oats, oats, peanuts, butter, soy milk, sesame oil, olive oil and sunflower oil. Research has shown that tocotrienol can protect against damage to the brain and nerve cells. It can also prevent the damage of liver cells, as the fermentation of the brain can cause some of the effects of vitamin E.

Daily Needs
6mg up to 1-3 years; Up to 3-8 years to 7mg, 8-13 years up to 11mg, 13mg up to 15mg, pregnancy before 15mg and breastfeeding 19mg respectively. The maximum dosage is 200 mg, up to 200mg. You can take 300mg up to 300mg, 8-13 years up to 600mg, 13 years -18 years up to 800mg, and up to 1000mg over 18 years. If you drink more than you need, you may experience side effects.

Vitamin E is low in fat because it is soluble in fat. Children can be disadvantaged. Vitamin E deficiency weakens muscles. The feet, fingers, and fingers were numb. Memory loss, damage to the balance system, and loss of body balance. I have joint pain. It lowers resistance. It can damage red blood cells. The skin is weak and the skin is dry. It causes skin and skin acne to develop quickly and causes premature aging.
When you look at vitamin E supplements, the natural form is shown in lower case "d". For example, "d-gamma-tocopherol" is a man-made form called "dl". dl-alpha-tocopherol is a man-made form. Vitamin E has an anti-clotting effect, which lowers the effectiveness of Vitamin K, which can lead to bleeding. Therefore, it is advisable to take some blood thinners and may cause nausea and vomiting. Headache, dizziness, bleeding, stroke. There will be wind and wind chill. It can be weak.

Vitamin E supplements may reduce the risk of coronary heart disease, according to the New England Journal of Medicine. Vitamin E has been shown to prevent skin disease, heart disease, high blood pressure and stroke, but what happens if you take more than needed? Some studies have shown that higher rates of death are associated with longer exposure to vitamin E than regular consumption. Vitamin E increases long-term exposure to stroke. Contrary to studies, vitamin E is becoming more popular in recent years, and vitamin E is widely used for menstrual blood and blood pressure. Some cosmetics, hair creams, foods, and medicines have been added to prevent hypersensitivity. Today, vitamin E is used for the purpose of keeping the skin firm and clean.

Dr. Aye Min Htoo

24.7.17

No comments:

Post a Comment