ပူပြင်းတဲ့ ရာသီရောက်ပြီမို့ ဓာတ်ဆားတွေ အဝယ်သွက်လာတယ်။ ရေဓာတ် ဆားဓာတ် ခမ်းခြောက်မှုတွေများလာပြီ။ ဓာတ်ဆားထုပ်တွေ ဆောင်ထားတယ်။ ဓာတ်ဆားထုပ်က လုပ်တတ်ရင် အိမ်မှာလည်း လုပ်လို့ရတယ်။ ဓာတ်ဆားသဘောက ဂလူးကို့စ်၊ ဆိုဒီယမ်နဲ့ ရေကို အချိုးကျပေါင်းစပ်ထားတာဖြစ်တယ်။
လူကြီးဝမ်းလျှောရင်
သကြား - လက်ဖက်ရည် (၆)ဇွန်း
ဆား - လက်ဖက်ရည် ဇွန်းတဝက်
ရေကျက်အေး - ၁ လီတာ
ဖျော်ပြီး ၁ ရက်အတွင်း ကုန်အောင် သောက်သင့်တယ်။
ကလေးဝမ်းလျှောရင်
သကြား - လက်ဖက်ရည် (၄)ဇွန်း
ဆား - လက်ဖက်ရည် ဇွန်းတဝက်
ရေကျက်အေး - ၁ လီတာ
(မှတ်ချက် - ဝမ်းလျှောတာ၊ အန်တာ၊ချွေးထွက်တာ အကုန်လုံး အလွန်အသုံးဝင်တယ်)
ဒေါက်တာ အေးမင်းထူး
၈.၃.၁၇
No comments:
Post a Comment