Thursday, February 12, 2015

မိန်းမသားတို့ စပ်စပ်စုစုမေးခွန်းများ(၂)

ဆရာကျွန်မအမျိုးသား လိင်ကြီးဆေးထိုးထားတာအဆင်မပြေဘူးဖြစ်နေတယ် အဖျားမှာစုနေတယ်ထိပ်ကိုပိတ်သလိုဖြစ်နေတယ် ဆရာဆေးခန်ပြဆိုတော့ရှက်လို့တဲ့ ဆရာ့ဆီအကူအညီတောင်းပါတယ်

ဆရာကျွန်တော်လိင်ကြီးဆေးထိုးထားတာအဖျားမှာစုပြီး ထိပ်ဝပါပိတ်သလိုဖြစ်နေလို့ပါအေဲ့ဒီဆေး ထိုးတုန်းကမချေလိုက်မိဘူးအဖျားမှာမာခဲခဲဖြစ်နေလို့ဘယ်လိုလုပ်ရမလဲ ဆရာ့ထံမှာအကြံတောင်းပါတယ်ခင်ဗျ


လိင်အင်္ဂါဆေးထိုးပြီး ပြဿနာဖြစ်သူတွေ မနည်းမနောရှိတယ်။ အများစုက ဆီလီကွန်တွေ ထိုးထည့်ကြတယ်။ ထိုးပေးသူတွေက ဆရာဝန်တွေမဟုတ်ကြပါ။ လက်တဲ့စမ်းသူတွေက စမ်းပြီး ဖြစ်သူတွေက ဖြစ်ကြတယ်။ ဆေးခန်းကို တလနှစ်ယောက်လောက်ပုံမှန်လာပြတယ်။ ရက်၊လ၊နှစ်တွေကြာပြီးမှ လာသူတွေလည်း ရှိတယ်။ စောစောလာရင် စောစောလုပ်ပေးနိုင်တယ်။ နောက်ကျမှ တနည်းအားဖြင့် ထိုးတဲ့နေရာက fibrosisဝင်ပြီးမှလာရင် ခွဲစိတ်ဖို့ အကြံပေးပါတယ်။ သိပ်မကြာသေးဘူးဆိုရင် ရေနွေးအိတ်တင်၊အပူပေးပြီးပျော့အောင်လုပ် တချိုလူနာတွေမှာ vit Eနဲ့ olive oilရောသုံးခိုင်းတယ်။ လိင်အင်္ဂါရဲ့ သဘောက စိတ်ပါရင် မာ၊စိတ်မပါရင် ပျော့နေမယ်။ သာမန်လူတယောက်ဟာ တရက်မှာ တနာရီထက်ပိုပြီး စိတ်မပါလို့ gravity သဘောအရ အောက်မှာသွားပိတ်တယ်။ တချိုက မခြေလို့ဆိုပြီး ဆင်ခြေပေးတယ်။ မမှန်ပါ။ ဘယ်လိုဆိုဆို ဆေးရည်ထိုးတာက အပြစ်ဖြစ်ပါတယ်။ တယောက်မက နှစ်ယောက်မကပေမယ့် ဒီနည်းသုံးတာက ထိုးသူကိုပဲ ထိခိုက်စေတယ်။ တချို့က စိတ်ပါမှာကို ကြောက်လာတယ်။ စိတ်ပါလာတာနဲ့အမျှ ထိုးထားတဲ့နေရာကာနာလာလို့ပါ။ ဖြစ်စဆိုရင် အထက်ပါနည်းတွေနဲ့ စမ်းကြည့်ပါ။ ဒါမှမဟုတ် ကြာရင်တော့ ဆရာဝန်ပြပြီး ခွဲစိတ်တာ လိုအပ်တာ ဆက်လုပ်သင့်ပါတယ်။ ဆရာဝန်ပြဖို့ မရှက်သင့်ပါဘူး၊ ဒီလိုဖြစ်သူတွေက စောစောကပြောသလို တယောက်မက ရှိနေပါတယ်။ အကယ်၍ ခွဲစိတ်ရရင် အာရုံခံစားမှုအပိုင်း ထိခိုက်နိုင်တယ်။ အရမ်းကြီးမစိုးရိမ်ပါနဲ့။ ဆရာဝန်နဲ့ပြပြီး လိုတာဆကိလုပ်ပါ။ ဆရာမပြချငိသေးရငိ အထက်ပါနည်းအတိုင်းစမ်းကြည့်ပါ။ ဒီဆေးတွေထိုးပြီး ဖြစ်သူတွေကုသနည်းတွေ ရေးထားတယ်၊ဆေးပညာ ဆောင်းပါး drayeminhtoo.blogspot.com (သို့)medicineworldmyanmar.blogspot.com မှာ ဝငိဖတ်ကြည့်ပါ။

ဒေါက်တာ အေးမင်းထူး
၂၉.၁.၁၅

No comments:

Post a Comment