Thursday, March 27, 2014

လက်သန်းဆစ်အရိုးရောင်တာ ဘယ်လိုရောဂါလဲ


သိချင်တာလေးရှိလို့  မေး ပါရစေ ခင်ဗျား...
အသက် ၁၂ နှစ်အရွယ် ညီမလေးမှာ ဘယ်၊ညာ နှစ်ဖက် လက်သန်း အဆစ်ရှေ့ အရိုးမှာ ရောင်နေတာ ကြာပါပီ ခင်ဗျာ..နာကျင်မှု့ မရှိ,ယားယံမှု့ မရှိ ပါ..သိသမျှလေးးဖြေကြားပေးစေလိုပါတယ်ခင်ဗျာ....။


ဆောရီးပါဗျာ။အရိုးရောင်တာ ဖြစ်နိုင်ချေပြောရင် အများအပြားရှိပါတယ်။ ဆေးပညာသင်တော့ differential diagnosisလို့ ခေါ်ပါတယ်။ ဖြစ်နိုင်ချေတွေထဲကမှ သေချာမေးမြန်း၊စုံစမ်း၊စစ်ဆေးပြီးမှ ရောဂါအမည်တပ်ရပါတယ်။ အဲဒီထဲက possible ဖြစ်နိုင်ချေကိုရွေးချယ်၊ရောဂါအမည်တပ်ပြီး ကုသရပါတယ်။

Monday, March 24, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၁၀)

Vitamin C(ascorbic acid)
ဗီတာမင် စီကို ascorbic acidလို့ လူသိများတယ်။ sodium ascorbate ၊calcium ascorbate စတဲ့ ပုံစံတွေလည်း ရှိသေးတယ်။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။ ၁၇၄၇မှာ ဗြိတိသျှတော်ဝင် ရေတပ် က Dr. James Lindက scurvyရောဂါကို ကာကွယ်ဖို့ အသီးမှာပါဝင်တဲ့ဓာတ်တမျိုးလိုအပ်တာ စတင်သိရှိခဲ့တယ်။ အဲဒီဓာတ်ဟာ နောက်ပိုင်းမှာ vitamin Cဖြစ်လာတယ်။၁၉၁၂ခုနှစ်မှာ Casimir Funkက ဗီတာမင်အဖြစ်သတ်မှတ်ခဲ့ပြီး "C"အကြီးစားလုံးနဲ့ သုံးနှုန်းခဲ့တယ်။ နောက်ပိုင်းမှာ Albert von szentက ဗီတာမင်စီရဲ့ ဖွဲ့စည်းပုံကို ascorbic acidအဖြစ် ဖော်ပြခဲ့တယ်။ ascorbic ရဲ့အဓိပ္ပါယ်က anti-scurvy ကို ဆိုလိုတာပဲဖြစ်ပါတယ်။ ၁၉၃၅မှာ ဆွစ်ဇာလန် နည်းပညာတက္ကသိုလ်မှ Dr. Tadeusz Reichsteinက ဗီတာမင်စီကို စတင်စမ်းသပ် ထုတ်လုပ်ခဲ့တယ်။ ဒါ့ကြောင့် ဗီတာမင် အုပ်စုဝင်တွေထဲမှာ ပထမဆုံးဓာတ်ခွဲထုတ်လုပ်တဲ့ ဗီတာမင် ဓာတ်တမျိုး ဖြစ်လာတယ်။

Tuesday, March 18, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၉)

Vitamin B12(cobalamin)
ဗီတာမင် အုပ်စုဝင်တွေထဲမှာ အရှုပ်ထွေးဆုံး တည်ဆောက်ပုံရှိတဲ့ ဗီတာမင်တမျိုး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပေါ်မူတည်ပြီး နာမည်အမျိုးမျိုး ရှိပါတယ်။ cobalamin, cobamin,vitadurin, cyanocobalamin,hydroxycobalamin, methylcobalamin, adenosylcobalamin စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ ဗီတာမင် ဘီတွဲကို လူ၊တိရိစ္ဆာန်နဲ့ အပင်တွေက မထုတ်လုပ်နိုင်ကြဘူး။ ဗက်တီးရီးယားပိုးတွေ ကတဆင့် ရရှိကြတယ်။ ဗက်တီးရီးယားတွေရဲ့ fermentationဖြစ်စဉ်ကတဆင့် hydroxycobalamin ကို ရရှိနိုင်တယ်။ ဓာတ်ခွဲခန်းတွေမှာ activated charcoalနဲ့ ထပ်မံသန့်စင်ပြီး cyanocobalaminကို ထုတ်ယူတယ်။ လူ့ခန္ဓာကိုယ်ထဲရောက်ရင် methylcobalamin ဆိုပြီး ပြောင်းလဲသွားတယ်။ အသည်းထဲမှာ adenosylcobalamin ဆိုပြီး သိမ်းဆည်းပြန်တယ်။ လိုအပ်တဲ့ အခါ သိမ်းဆည်းထားတဲ့ vitamin B12ကို ထုတ်ယူသုံးစွဲပေးတယ်။ 

Monday, March 10, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၈)

Vitamin B9(folic acid) 
Vitamin B9ကို ဖောလစ်အက်ဆစ်(folic acid)လို့ လူသိများတယ်။ တခြား အသုံးနည်းတဲ့နာမည်တွေက vitamin M, vitamin B9,vitamin Bc,folacin စတာတွေ ဖြစ်ပါတယ်။ folic acid ဆိုတာ လက်တင်စကား "folium" က ဆင်းသက်လာတယ်။အဓိပ္ပါယ်က "leaf"အရွက်လို့ ဆိုလိုချင် တာ ဖြစ်တယ်။ ဖောလစ် အက်ဆစ်ကို နာမည်ကျော်စေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်သလို သွေးအားနည်းရောဂါ အတွက်လည်း အသုံးကျလို့ ဖြစ်ပါတယ်။ဖောလစ်အက်ဆစ်က မျိုးဗီဇအတွက် အရေးပါတဲ့ DNAနဲ့ RNA ဖွဲ့စည်းဖို့ အရေးပါတယ်။ မျိုးပွားနိုင်စွမ်းကောင်းစေတယ်။ ကလေးလိုချင်တဲ့ အမျိုးသားရော၊အမျိုးသမီးပါ လိုအပ်တယ်။ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ကြီးထွားမှုအပေါ်မှာ folic acidရဲ့ သက်ရောက်မှုများတယ်။

Sunday, March 9, 2014

တက္ကသိုလ်ဝင်တန်းအတွက် အကြံပြုချက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးကပ်လာပြီ ဖြစ်ပါတယ်။ စာမေးပွဲနီးကပ်လာသလို စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ကျောင်းသူတွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ ဘဝတဆစ်ချိုးဖြစ်သလို ဘဝတခုလုံးကို ပြောင်းလဲသွားစေမယ့် အပြောင်းအလဲ မှတ်တိုင်တခု ဖြစ်လို့ပါပဲ။ တက္ကသိုလ်ဝင်တန်းဖြေပြီးတဲ့အခါ အောင်မြင်သူများဟာ မိမိတို့ဘဝအတွက် အရေးကြီးတဲ့ လိုင်းအသီးသီးကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်နိုင်ဖို့ တက္ကသိုလ်ဝင်တန်းဆိုတဲ့ မှတ်တိုင်တခုဟာ အလွန်အရေးကြီးပါတယ်။ ဘဝအတွက်အရေးကြီးတာဖြစ်လို့ စာမေးပွဲ ဖြေဆိုသူတွေအနေနဲ့ external pressure နဲ့ internal pressure ဖိအားဒဏ်တွေကို အနည်းနဲ့အများဆိုသလို ခံစားကြရပါတယ်။

Friday, March 7, 2014

ကိုယ်ဝန်တားဆေးပြောင်းသောက်ပြီး သွေးဆင်းတာ ရောဂါလား

ဆရာရှင့် ကျွန်မ တစ်ခု လောက် မေးခွင့်ပြုပါ

ကျွန်မ ယောင်္ကျားနဲ့ လိင်ဆက်ဆံပြီး နောက် ကျွန်မ သွေးနဲနဲ ဆင်းနေတယ် တခါဆင်းရင် 2 ရက်လောက် ဆင်းတယ် ဆရာ အရင်ဆေးကဒ်နာမည်က OK ပါ ကိုယ်ဝန်တားဆေးပြောင်းသောက်တာ  1 လ ခွဲ လောက်ရှိပြီ (ပြောင်းသောက်ရတဲ့ အကြောင်းအရင်း ကလဲ OKဆးကဒ်ကသောက်ရင် ခေါင်းမူးမူးနေလို့ ပါ) ဆရာ  အဲဒီ ဆေးကဒ် ပြောင်း သောက်ထဲ က ဖြစ်နေတာ သွေးနဲနဲဆင်းတယ် လိင်ဆက်ဆံ ပြီးတိုင်း ဖြစ်တာတော့ မဟုတ်ဘူး တခါတခါ မှ သွေးဆင်းတာ   ကျွန်မ တို့ က 1 ရက်ခြား 1 ခါတော့ ဆက်ဆံတယ်  တလ ကို 3 ခေါက်လောက်တော့ သွေးဆင်းတယ် ဆရာ အဲဒါ ဘယ်လိုကြောင့် ဖြစ်နေတာ လဲ ဆိုတာ ကို သိချင်လို့ပါဆရာ ရောဂါ ပုံစံ လိုဖြစ်နေမှာ စိုးရိမ်လို့ပါဆရာ

                                                                                .... (ခေတ္တမလေးရှား)

Monday, March 3, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၇)

vitamin B7(Biotin)
vitamin B7ကို Biotin လို့ လူသိများတယ်။ တခြားနာမည်တွေလည်း ရှိသေးတယ်။ coenzyme R ဆိုတာလဲ vitamin B7ပဲ ဖြစ်ပါတယ်။ တချို့က vitamin Hအဖြစ် ဖော်ပြကြတယ်။Hဆိုတာ ဂျာမန်စကား"Haar und Haut"ကနေလာတယ်။ အဓိပ္ပါယ်က "hair and skin"တဲ့။ တချို့ကလည်း beauty vitaminလို့ခေါ်ပါတယ်။ အလှအပအတွက် အရေးပါတဲ့ ဗီတာမင် တမျိုးလည်း ဖြစ်ပါတယ်။ ခြေသည်း၊ လက်သည်း၊ အရေပြား၊ဆံပင်ကျန်းမာရေး အတွက် အထောက်အကူပေးတယ်။