Monday, October 27, 2014

မိခင်တိုင်းကိုသိစေချင်တာ ဖြည့်စွက်စာ

ကျေးဇူးပါဆရာ။
ကလေးကိုဘာဆေးတိုက်သင့်တယ်ဆိုတာလဲ အကြံပေးပါဦးဆရာ
သူက၀မ်းလဲချုပ်ပါတယ်
သုံးရက်လောက်မှတခါသွားတယ်
သူ့ကိုဘာတွေကျွေးရမလဲဆရာ။


အသက်(၆)လကျော်တာနဲ့ ဖြည့်စွက်စာ ကျွေးရ တယ်။ဖြည့်စွက်စာဆိုရင် ကလေးမမွေးဘူးသေးတဲ့ မိခင်လောင်းတွေက သိပ်နားမလည်ကြပါ။ ဖြည့်စွက်စာဆိုတာ ထမင်းရည်၊ဆန်ပြုတ်၊အာလူး၊ငှက်ပျောသီး၊သဘောင်္သီး၊ဟင်းရွက်၊အသည်း၊ ကြက်ဥ၊ဘဲဥ၊ငါး၊အသား၊ပဲဟင်းချို စတာတွေကို ခေါ်ပါတယ်။ နို့ဖြတ်ခါစမှာ ကစီဓာတ်ကြွယ်ဝတဲ့
အစားအသောက်တွေကို အရင်ဆုံး ဖြည့်စွက်ကျွေးရတယ်။ ကျွေးစမှာ ဆန်ပြုတ်(သို့)ဆန်မှုန့်၊ပဲမှုန့်နဲ့ ဆီစတာတွေရောပြီး ကျိုချက်တိုက်ရတယ်။ သတိပြုရမှာက ဆန်ပြုတ်ကို လူကြီးသောက်တာထက် ပိုပျော့နေအောင် ကျိုချက်ပါ။ တနေ့ကို တကြိမ်မှ နှစ်ကြိမ်ထိ အကြမ်းပန်းကန်တခွက်စာလောက်ဝင်ရင် ရပါပြီ။ 

အသက်(၈)လ ကျော်တာနဲ့ကြက်ဥ၊ကြက်သား၊အသည်း၊ငါး၊ပဲအမျိုးမျိုးအပြင် အသီးအရွက်တွေပါ ထည့်သွင်းကျွေးသင့်တယ်။ပုံမှန် နို့တိုက်နေသူတွေကို တနေ့သုံးကြိမ် ပုံမှန်ကျွေးပါ။ နို့မတိုက်နိုင်ရင် တနေ့ငါးကြိမ်ထိ ကျွေးပေးသင့်တယ်။ အသက် တနှစ်အရွယ်ကစပြီး မိသားစုအစားအစာခေါ်တဲ့ ထမင်းနဲ့ဟင်း စကျွေးလို့ရပါပြီ။ ဒါပေမယ့် ပူစပ်တာမျိုး၊ဆော့စ်အချဉ်တွေ၊အသင့်စားတွေကို မကျွေးသင့်သေးဘူး။ သွားမပေါက်သေးရင် အစားကို အရည်ဖျော်တိုက်ပါ။ 

ကလေးကို အားဆေးတမျိုးမျိုးတိုက်ပါ။ အားဆေးတွေထဲမှာ ကယ်လ်စီယမ်၊ဗီတာမင်ဒီ၊ဖော့စဖားရပ်နဲ့ သံဓာတ်တွေ လိုအပ်တယ်။ astymin drop နဲ့ grovit drop တိုက်ပါ။ နွားနို့၊နို့ထွက်ပစ္စည်း များများကျွေးပါ။ ဝမ်းမှန်အောင် ငှက်ပျောသီး၊သဘောင်္သီး များများကျွေးပါ။ ရေများများတိုက်ပါ။ အသက်တနှစ်အောက် ကလေးငယ်တို့ရဲ့ ဖွံ့ဖြိုးမှု၊ကြီးထွားမှုနဲ့ ကျန်းမာရေးဟာ အစားအသောက်အပေါ် အဓိကမူတည်လို့ အထူး ဂရုစိုက်သင့်တယ်။ 

ဒေါက်တာ အေးမင်းထူး
၁၂.၁၀.၁၄

No comments:

Post a Comment