Thursday, November 14, 2019

စပါကလင်နဲ့ မျက်နှာသန့်စင်နည်း

အခုပြောမယ့်နည်းက လူသိနည်းတဲ့နည်းတခု ဖြစ်တယ်။ စပါကလင် အချိုရည်(sparkling water ) ကိုသုံးပြီးမျက်နှာသစ်တဲ့ နည်းဖြစ်ပြီး comedone အဆီဂလင်းဝက်ခြံတွေမှာ အသုံးပြုကြတယ်။  ဂျပန်နဲ့ ကိုရီးယားမှာတော့ခေတ်စားလာပါပြီ။ sparkling ရဲ့အာနိသင်က မွေးညင်းပေါက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေတယ်လို့ ဆိုတယ်။ ဒါ့ကြောင့် ဆားဝက်ခြံပေါက်သူတွေ အနေနဲ့ စပါကလင်ရည်နဲ့ သန့်စင်နိုင်တယ်။ 


စပါကလင်ဆိုတာ ကာဗွန်ဒိုင်အောက်ဆိုက် ထည့်သွင်းထားတဲ့ ဖျော်ရည်တမျု်းဖြစ်တယ်။Dr. Emily M. Wise ရဲ့အဆိုအရ carbonated waterက ဆံခြည်မျှင် သွေးကြောလေးတွေကို ချဲ့တဲ့ အာနိသင်ရှ်သတဲ့။  စပါကလင်မှာပါတဲ့ကာဗွန်ရေပူဗောင်းကလေးတွေက မျကိနှာအဆီဂလင်း အတွင်းပိ်ုင်းမှာ ရှိတဲ့ အညစ်အကြေးတွေထိ သန့်စင်ဖယ်ရှားနိုင်တယ်လို့ ဆိုပါတယ်။ သိပ္ပံနည်းကျ လက်ခံမထားပေမယ့် စပါကလင်နဲ့ မျက်နှာသစ်ခြင်းအားဖြင့်ချွေးပေါက်ကျဉ်းစေပြီး ဝက်ခြံကင်းစင်စေမယ်လို့ ဆိုတယ်။ 
(sensitive skin ထိခိုက်လွယ်တဲ့အရေပြားမှာ စမ်းသပ်ဖို့ ခွင့်ပြုမထားပါ)

 ပြုလုပ်နည်း
ဝက်ခြံထွက်တဲ့ မျက်နှာကို သန့်စင်ချင်တယ်ဆိုရင် စပါကလင်နဲ့ ရေ ဆတူရောပြီး ခွက်တခုထဲထည့်ပါ။ မျက်နှာကို၁၅ စက္ကန့်ကြာအောင် စိမ်ထားပါ။စလုပ်ခါကမှာ အရေပြား စပ်ဖျဉ်းဖျဉ်းနေလိမ့်မယ်  ပုံမှန်ဖြစ်တယ်။ ခဏနားပြီးဒုတိယအကြိမ်  ၁၅ စက္ကန့်ကြာအောင် ထပ်စိမ်ရမယ်။ ဒီနည်းက ဝက်ခြံထွက်တဲ့ မျက်နှာသန့်စင်ရာမှာ အကောင်းဆုံးနည်းတစ်ခုဖြစ်ပါသတဲ့။ တပတ်ကို နှစ်ကြိမ် ပြုလုပ်ခြင်းအားဖြင့် ဝက်ခြံအဆီဖုတွေကိုပါ ကင်းစင်စေမယ်လို့Kate Someville ကဆိုတယ်။

ဒေါက်တာ အေးမင်းထူး
..၁၇

(English Version)

Carbonated cleanser method

This is a little known method. Sparkle juice is an alternative to sparkling water and used in comedone acne scars. Japan and Korea are becoming popular. The effect of sparkling is to purify the dirt in the bud. Therefore, those with acne scars can be cleansed with lemon juice.

Spasm is a carbonated carbonated beverage. According to Emily M. Wise, carbonated water is an effective way to expand hair follicles. Carbohydrates in the spleen can be used to remove impurities in the body's glands. Although not scientifically accepted, it is said that spraying the skin with pimples will reduce the incidence of acne and eliminate acne.
(Sensitive skin is not allowed to be tested)

 How to do it
If you want to clear your acne-prone face, mix it with lemon juice and put it in a container. Apply the mask for 15 seconds, and when the skin begins to form, the skin will be clear. It is normal. Take a second break and repeat for another 15 seconds. This is one of the best ways to get rid of acne. She says twice a week, it also removes acne scars.

Dr. Aye Min Htoo

2.7.17

No comments:

Post a Comment