နှုတ်ခမ်းကွဲပြီးခြောက်တာကို အင်္ဂလိပ်လို chapped lip လို့ခေါ်ပြီးတချို့က cracked lip လို့လည်း သုံးတယ်။ ဆေးစာမှာတော့ cheilitis လို့ခေါ်ပါတယ်။တကယ်တော့ နှုတ်ခမ်းရောင်ရာက ကွဲတာပါ။
နှုတ်ခမ်းကွဲတာ အစားအသောက် အနေအထိုင်နဲ့ ဆိုင်တယ်။ ရောဂါကြီး မဟုတ်ပေမယ့် ပြဿနာတော့ အတော်ပေးတယ်။ တချို့ကရာသီပေါ်လိုက်ြပီးဖြစ်တယ်။ ပူလွန်းအေးလွန်းတဲ့ရာသီမျိုး၊ခြောက်သွေ့ပြီးရေဓာတ်နည်တဲ့ပတ်ဝန်းကျင်နဲ့ နေလောင်ဒဏ်ကြာင့် ဖြစစ်တတ်တယ်။ အလေ့အကျင့်တခုခုရှိရင်ပဖြစ်တယ်။ ဥပမာ (လျှာသတ်တတ်သူ၊ပါးစပ်နဲ့ အသက်ရှုသူတွေ)က သူများထက်ထူးဖြစ်တာ တွေ့တတ်တယ်။ အမျိုးသမီးတွေမှာ နှုတ်ခန်းလိမ်းဆေးတွေနဲ့ဓာတ်မတဲ့တာကလည်းဖြစ်ကြတယ်။ရေဓာတိနည်းတာ၊ အာဟာရဓာတ်ချို့တဲ့တာ၊အနာခွက်ပေါက်တာ၊အအေးမိတာတွေကနေလည်း နှုတ်ခမ်းကွဲတတ်သေးတယ်။
လက္ခဏာတွေက နှုတ်ခမ်းမျက်နှာပြင်ကကွဲလို့ နှုတ်ခမ်းကရဲပြီး နာတယ်။perioralskinပါးစပ်ပတ်လည်၊vermilion border နှုတ်ခမ်းစပ်နဲ့ labialmucosaနှုတ်ခမ်းအတွင်းသား တွေရောင်တယ်။ တချို့မှာ သွေးယိုတတ်တယ်။ အပူအစပ်စားရင် ပိုဆိုးဦးမယ်။ ရေခဲ၊ချောကိကလက် မစားပါနဲ့။ အငန်ပါတာက နှုတ်ခန်းအပြင်လွှာကို ခြောက်သွေ့စေတယ်။
တခါတရံနှုတ်ခမ်းကွဲနတာကရေဓာတ်ခမ်းခြောက်မှုလွန်ကဲတာ(Severe dehydration) ကြောင့်ဘည်းဖြစ်တတ်တယ်။ အသက်အန္တရာယ်စိုးရိမ်ရလို့ ချက်ချင်းကုသသင့်တယ်။ ရုတ်တရက် အဖျားကြီးတာ၊အပူဓာတ်လွန်ကဲတာ၊ဝမ်းသွားတာ၊သတိလစ်တာ၊မေ့မြောတာတွေနဲ့တွဲလာတတ်တယ်
ရောဂါတွေကလည်း နှုတ်ခမ်းကွဲတာကို ဖြစ်စေတယ်။အောကိပါရောဂါတွေရှိမရှိ သတိပြုသင့်တယ်။
- Diabetes.
- Kawasaki Disease.
- Sjogren's Syndrome.
- Macrocytosis.
- Sexually transmitted diseases.
ရောဂါအခြေအနေကိုသိဖို့ အောက်ပါအချက်တွေကို လေ့လာရတယ်။
- How long have you experienced cracked lips?
- ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။
- Do your cracked lips worsen when you use certain lip products, such as lipstick?
- နှုတ်ခမ်းလိမ်းဆေးတွေက ပိုဆိုးစေလား။
- Are you experiencing any other symptoms along with your cracked lips?
- နှုတ်ခမ်းကွဲတာအပြင် တခြားစိုးရိမ်စရာတွေ ဖြစ်သေးလား။
- Are your cracked lips becoming worse or more frequent?
- တကြိမ်ထက်တကြိမ် ပိုဆိုးလာလား။
မကုရင် ဘာဖြစ်မလဲ
နှုတ်ခမ်းကွဲတာကြာလာတာနဲ့ အပြင်လွှာက ပိုပျက်ဆီးလာတယ်။ အက်ကွဲကြောင်းတွေကနေ ဗကိတီးရီးယား၊မှိုပိုး စတာတွေဝင်လာရင် ကုသဖို့လိုတယ်။ ရေဓာတ်ခမ်းခြောက်မှုများရင် အမြန်ဆုံးကုပါ။ကြာရင် ကျောက်ကပ်ကိုထိခိုက်တာမျိုးဖြစ်နိုင်တယ်။
နှုတ်ခမ်းကွဲရင် ဘာတွေလုပ်မလဲ
(၁)ရေများများသောက်ပါ(နေ့စဉ် ရေခွက် ၈-၁၀ခွက်လောက်သောက်ပါ)။ရိုးရိုးရေပဲရွေးသောက်ပါ။
(၂)အများအားဖြင့် လိမ်းဆေးလိမ်းခိုင်းတယ်။ဆေးမလိမ်းခင် ကွဲနေတာတွေကို ဖြညိးဖြညိးချင်းခွာပါ၊
(၃)အောက်ဆုံးမှာ အစိုဓာတ်ထိန်းတဲ့လိမ်းဆေး vaseline or vitamin E or glycerin-based ointment ကိုအောက်ကခံပါ။ ဆေးတွေက ခြောကိသွေ့တာ မြန်စေလို့ အပေါ်က ထပ်ကာထပ်ကာ လိမ်းပေးသင့်တယ်။
(၄)lip balmသုံးပါ။ ဒီဆေးသုံးတဲ့အခါ သဘာဝပစ္စည်း beeswax, shea butter, coconut butter, almond oilပါတဲ့ဆေးတွေ ရွေးသုံးပါ။ လိုအပ်ရင် ထပ်ထပိလိမ်းပါ။
(၅)အပေါ်ဆုံးကျမှ lip stick တထပ်ဆိုးသင့်တယ်။ ဆိုးရင် အနံအရသာ ပါတာမျိုး ရှောင်ပါ။ သတိပြုရမှာက နှုတ်ခမ်းဆိုးဆေးတွေကနှုတိခမ်းကို ခြောက်သွေ့စေနိုင်တယ်။
(၆)သွားတိုကိဆေးသုံးတဲ့အခါ ဖလိုရိုက်ပါတာတွေ ရှောင်သင့်တယ်။
(၇)သောက်ဆေးတွေထဲက ဗီတာမင် အေ၊ဘီတူး၊စီ၊အီးပါတာတွေ ရွေးသောက်ပါ။
(၈)ပိုးဝင်တာရှိရင် တက်ထွာ ဆိုက်ကလင်း လိမ်းဆေး တနေ့ သုံးကြိမ် လိမ်းပေးပါ။
ပြင်စရာတွေလဲရှိတယ်။
(၁)နှုတ်ခမ်းကိုက်တတ်တဲ့အကျင့်ရှိရင်ပြင်ပါ။နှုတ်ခမ်းကို လျှာနဲ့မသပ်နဲ့။
(၂)အပူအစပ် အငန်ရှောင်ပါ။ ပီကေမဝါးပါနဲ့။
(၃)နှုတိခမ်းဆိုးဆေးထဲမှာ propyl gallate ပါရင်မသုံးပါနဲ့။ဓာတ်မတဲ့တာ သူကဖြစ်စေတယ်။
(၄)သွားတိုကိဆေးထဲမှာ အမြှုပ်ထစေတဲ့ sodium lauryl sulphateပါတာ မသုံးပါနဲ့၊fluoride free toothpaste ပဲသုံးပါ။
(၅)အပြင်ထွက်ရင် နေလောင်ကာ တခုခုလိမ်းသွားပါ။
(၆)သွေးကျဆေး propranolol ရေရှည်သောက်ရင်လည်း နှုတ်ခမ်းကွဲတတ်သေးလို့ သတိပြုပါ။
(၇)ဖြစ်တာက ကြာပြီးမသက်သာရင် ဆရာဝန်နဲ့ စနစ်တကျပြပါ။ ရောဂါလား ပြဿနာလား ဆရာက ခွဲခြားပေးလိမ့်မယ်။
ဒေါက်တာ အေးမင်းထူး
၁၂.၄.၁၅
No comments:
Post a Comment