Thursday, February 12, 2015

အစာအိမ်ဆေး မစပေးခြင်း

ဆရာရေ ကျွန်တော့အစာအိမ်ရောဂါကမကြာခဏနာတတ်တယ်။ ပီးရင်ပြန်ပေါ်ပေါ်လာတာ ဘာဖြစ်လို့လဲမသိဘူး။ဆေးတွေသောက်တာလဲစုံနေပြီ။အခုဖြစ်နေတာ ၂ပတ်လောက်ရိပြီး၊ဆရာဝန်ကြီးတယေးက်က ပန်တိုးဆစ်သောက်ခိုင်းလို့သောက်တာမသက်သာသေးဘူး။ အစာမကြေသလိုဗိုက်နာသလိုခံစားရတယ် ။ဖြစ်နိုင်ရင် သောက်ရမယ့်ဆေးလေးမစပါခင်ဗျာ


ကျွန်တော် ဆေးလည်း ကုပါတယ်။စာလည်း ရေးပါတယ်။ သောက်ရမယ့်ဆေးကိုလည်း ညွှန်ပြလို့ရပါတယ်။ ဒါပေမယ့် အခုမေးထားသလို မစလို့တော့ မရပါဘူးဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ဆေးတွေက ကိုယ့ဘာသာဝယ်သောက်ရမှာမိုးလို့ပါ။ ဆောရီး၊နောက်တာပါ။ 

မြန်မာလူမျိုးအများစုက ဗိုက်နာ၊ဗိုက်အောင့်ရင် အစာအိမ်ရောဂါလို့ပဲ လုပ်ကြတယ်။ တကယိတော့ ဗိုက်ဆိုတဲ့ ဧရိယာက အကျယိကြီး၊ဆေးပညာမှာ (၉)နေရာရှိတယိ။ 9 regionလို့လည်း ခေါ်ပါတယ်။ ဗိုကိနာတဲ့တညိနေရာပေါ်မူတညိပြီး ရောဂါတွေကွဲသွားတယိ။ ပိုဆိုးတာက ဒီနေရာက နာပေမယိ့ တခြားနေရာက ပြဿနာပေးလို့လည်း ဖြစ်နိုင်တယ်။ ဗိုက်စမ်းတဲ့အခါ မနာတဲ့နေရာကစစမ်းဖို့ ဆရာအဆကိဆက်က သင်ပေးခဲ့တယ်။ မသိရင်တော့ မရောင်ရာဆီလူးထင်ကြမယ်။ မဟုတ်ပါ။ ကောင်းတာကိုသိမှ မကောင်းတာကို မြင်နိုင်မယ်။ မကောင်းတာတွေကြုံပါများလာတော့ နည်းနည်းကောင်းရင်တောင် အဟုတ်ထင်လာကြတယ်။ လူ့သဘောပါ။ 

တခါတရံ မေးခွန်းတွေမေးကြ၊ဖြေတဲ့သူကလည်း ဖြေနဲ့ တလွဲရောဂါတွေကုနေသလိုဖြစ်နေလေမလား တခါတရံစိုးရိမ်မိတယ်။ ထားပါတော့ ။ ရောဂါအမည်တပ်တာထက် ဖြစ်နိုင်ချေကို ခန့်မှန်းပြီးဆေးသောက်တာ ပိုကောင်းမယ်ထင်ပါတယ်။ နာတာရှည်အစာအိမ်ရောင်ရမ်းသူတွေ အတွက် trimebutine ဆိုတဲ့ဆေးတမျိုးရှိတယ်။ cerekinon 100mg နာမည်နဲ့လာတယ်။ ဒီဆေးရဲ့အာနိသင်က နာတာရှည် အစာအိမ်ရောင်ရမ်းခြင်းကို သက်သာကောင်းမွန်စေတယ်။ တနေ့သုံးကြိမ် သောက်ပါ။အစာမကြေရင် enzym fortကိုအစား စားပြီးတိုငိး သောက်ပါ။လေထရငိ air X သို့ Airrox တမျိုးမျိုးသောက်ပါ။ တနေ့ သုံးကြိမ်။ အက်ဆစ်အထွက်များ ရင်ပူရင် Rabeprazole 30mg တနေ့တကြိမ်သောက်ပါ။ နေ့ရော ညပါပူရငိ ranitidine 150mg မနက်တကြိမ် အိပ်ရာမဝင်ခင်တကြိမ်သောက်ပါ။ ရင်ပူပျောက်ဆေးတမျိုးဖြစ်တဲ့ siloxogen (သို့)Kremil S ပန်းရောင်ဆောင်ထားပါ။ မြန်မြန်သက်သာဖို့ antacid gel အရညိသောကိနိုင်တယ်။ ဆေးကို အနည်းဆုံး ၂-၄ပတ်သောက်ရမယ်။ တကယ်ဆိုးသူတွေမှာ ထိုးဆေး ၅-၇ရက် ထိုးဖို့လိုအပ်ပါတယ်။ အစားအသောက်တွေထဲမှာတော့ မာတာ၊ဂတ်စ်ပါတာ၊အပူအစပ်၊ချဉ်တာ၊အဆီအဆိမ့် တတိနိုင်သမျှ ရှောင်စေချင်တယ်။အစားရှောင်ပြီး ဆေးသောက်ရင် သက်သာကြပါတယ်။ မြန်မာနိုင်ငံသား အားလုံးကျန်းမာကြပါစေ ဆုတောင်းပေးပါတယ်။

ဒေါက်တာ အေးမင်းထူး
၂.၁.၁၅

No comments:

Post a Comment