Thursday, February 12, 2015

ကလေးကြီးထွားမှုနည်းနေသလား

ကျေးဇူးပါဆရာ
ကျမကလေးက ၇ ရက်နေ့ ၁ ၁ လ ပြည့်ပါမယ်
အခုထိ သွားလုံးဝ မပေါက်သေးပါ၊ မတ်တတ်မရပ်နိုင်သေးပါ ၊အိပ်နေရာမှသူ့ဘာသာ ထမထိုင်နိုင်သေးပါ၊ ထိုင်ပေးထားမှ ထိုင်နိုင်ပါတယ်
ဘာလုပ်သင့်ပါသလဲ၊ အားဆေးတိုက်ရမလား။ အကြံပေးပါဦး။



ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတဲ့သဘောရှိတယ်။ မွေးတုန်းကပေါင်ချိန်မပြည့်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ပဲဖြစ်ဖြစ် အားဆေးဆိုတာတွေလညိး လိုအပ်ပါတယ်။ ကယ်လ်စီယမ်၊ဖော့စဖိတ်၊မဂ္ဂနီစီယမ်၊သံဓာတ်၊ဖောလစ်အက်ဆစ်၊ဗီတာမင်ဘီ၊စီ၊ဒီ စတာတွေ လိုအပ်တယ်။ ဒါ့ပြင် လိုက်ဆင်နဲ့ တော်ရင်းဓာတ်တွေပါ ဖြည့်စွက်သင့်တယ်။ အာရုံကြောအားကောင်းစေတဲ့ EPAနဲ့ DHAပါတာ သောက်ပါ။ အစားအသောက်ထဲမှာ ပရိုတင်းနဲ့ အသီးအရွက် ပါဝင်ပါစေ။ မိခင်နို့ဆက်တိုက်ပါဦး။ 

ဒီအရွယ်မှာ ဖြစ်သင့်တဲ့ ကြီးထွားမှုတွေက အောက်ပါအတိုင်း ဖြစ်တယ်။

၃လသားအရွယ်
ခေါင်းထိန်းတတ်လာတယ်။ စက္ခုအာရုံဖွံ့ဖြိုးလာပြီး အရာဝတ္တုတွေကို လိုက်ကြည့်တတ်လာတယ်။ အာရုံကြောတွေ အားကောင်းလာပြီး လက်ထဲထည့်ပေးသမျှ စုပ်ကိုင်တတ်လာတယ်။ အကြားအာရုံလေးဖွံ့ဖြိုးလာတာနဲ့အမျှ မိခင်ရဲ့ ချော့သိပ်သံမှာ သာယာတတ်၊ခံစားတတ်လာတယ်။ သူနဲ့လက်ပွန်းတတီးရှိတဲ့ မိခင်ဖြစ်သူကို မှတ်မိလာပြီး ပြုံးတတ်ရယ်တတ်လာတဲ့အရွယ်လည်း ဖြစ်တယ်။ 

၆လသား အရွယ်
ပထမဆုံး ရှေ့သွားနှစ်ချောင်း စပေါက်လာတယ်။ ဒီအရွယ်က ဖြည့်စွက်စာ စကျွေးလို့ရတယ်။ ဝမ်းလျှားမှောက်တတ်လာတယ်။ မိဘအကူအညီနဲ့ ထိုင်တတ်၊မှီတတ်လာတယ်။ အသံစထွက်လာပြီး စူးစူးဝါးဝါးပြောတတ်လာတယ်။ ဒါ့ပြင် အသံကြားရင် လှည့်ကြည့်တတ်လာတယ်။ တနည်းအားဖြင့် ဦးခေါင်းပိုင်းလှုပ်ရှားမှု အားကောင်းလာတဲ့အရွယ်ဖြစ်တယ်။မြင်မြင်သမျှ အရာဝတ္တုတွေကို ပါးစပ်ထဲထည့်တတ်တဲ့အရွယ်ဖြစ်လို့ မိဘတွေ အထူးဂရုစိုက်သင့်တဲ့အရွယ်လည်း ဖြစ်ပါတယ်။ အိမ်မှာဒီလိုအသက်အရွယ်ရောက်ရင် ပတ်ဝန်းကျင်မှာ သေးငယ်တဲ့ အရာဝတ္တုတွေ၊ပစ္စည်းတွေ မထားသင့်ဘူး။ 

၉လသားအရွယ်
လှုပ်ရှားမှုအနေနဲ့ တိုးတက်လာတယ်။လေးဖက်ထောက်ပြီး သွားတွားတတ်လာတယ်။ တွေ့သမျှ မြင်သမျှ လက်ညှိုးထိုးတတ်တဲ့ အရွယ်ဖြစ်တယ်။ အမူအရာ အနေနဲ့ လက်ပြနှုတ်ဆက်တတ်လာတယ်။ လက်ချင်းရိုက်တတ်လာတယ်။ ဖေဖေ၊မေမေ စတဲ့ သံတူစကားလုံးမျိုး ပြောတတ်လာတယ်။ တနည်းအားဖြင့် မိဘတွေ နှလုံးပီတိ ဂွမ်းဆီထိတဲ့ အသက်အရွယ်မျိုး ဖြစ်တယ်။

ဒီအတိုင်းမဖြစ်လို့ သိပ်တော့ စိတ်မပူစေချင်ပါ။ တချို့ကလေးတွေက ကြီးထွားမှု နှေးကွေးတတ်လို့ပါ။ ပရိုတင်းအားဆေး၊ဗီတာမင်အားဆေးတိုက်ပြီး အခြေအနေကို ဆက်လေ့လာကြည့်သင့်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၅.၁၀.၁၄

No comments:

Post a Comment