ဝက်ခြံ၊အဆီပြန်တဲ့အသားအရေအတွက် တိုနာ(toner)သုံးကြတယ်။ တိုနာကို သန့်စင်တဲ့ ဆေးရည်အဖြစ်သိကြပါတယ်။ မျက်နှာသစ်ပြီးစမှာ ပိုမိုသန့်ရှင်းအောင် တိုနာသုံးရတယ်။ ပြီးမှာ အစိုဓာတ်လိမ်းဆေးသုံးရတယ်။ ခက်တာက တိုနာအများစုမှာ ပါတဲ့ပစ္စည်းတွေက လူတိုင်းနဲ့မတဲ့ပါ။ propylene glycol, harsh exfoliating acids, alcohol, mineral oil, glycerin, fragrance နဲ့ dyes ဆိုးဆေးတွေက အရေပြားကို ထိခိုက်စေတယ်။ တချို့ဝက်ခြံပိုထွက်တာရှိတယ်။ အဲလိုမဖြစ်အောင် လူတိုငိးနဲ့သင့်တော်တဲ့ အိမ်လုပ်တိုနာလုပ်နည်းကို ဖော်ပြပါမယ်။ဒီနည်းက ဝက်ခြံ၊အဆီပြန်တဲ့အသားအရေအတွက် အထူးကောင်းမွန်တယ်။
တိုနာလုပ်ဖို့ ဘာတွေလိုလဲ
လက်ဖက်စိမ်းရည်(green tea) - ခွက် လေးပုံသုံးပုံ
ပန်းသီးရှာလကာရည်(apple cider vinegar) - ခွက် လေးပုံတစ်ပုံ
လက်ဖက်စိမ်းရည်နဲ့ ပန်းသီးရှာလကာရည်ကို ရောပြီး ဂွမ်းနဲ့ တို့လိမ်းပေးရမှာဖြစ်ပါတယ်။ပန်းသီးရှာလကာရည်ကိုစီးတီးမတ်တွေမှာ ဝယ်လို့ရတယ်။အာနိသင်ကောင်းဖို့ မျက်နှာသစ်ပြီး ညစဉ်သုံးဖို့တော့လိုပါတယ်။ တခါရောပီးသား အရည်ဟာ နှစ်ပတ်ထိသာ အသုံးခံတယ်။
ဘာအာနိသင်တွေရှိလဲ
(၁) Green tea က အရောင်ကျတယ်။ အင်တီအောက်စီးဒင့်အာနိသင်ရှိတယ်။ အရေပြားပျက်စီးတာကို ကာကွယ်နိုင်တယ်။ အသက်အရွယ်ကြောင့် အရေပြားတွန့်တာကို ကာကွယ်ပေးတယ်။ ဝက်ခြံအမဲစက်တွေမှာ ကောင်းတယ်။
(၂) apple cider vinegar က အရေပြား သဘာဝ pH ကို ထိန်းညှိပေးတယ်။ ဝက်ခြံပေါက်တာလည်း pH ပြောင်းလဲလို့ဖြစ်နိုင်ပါတယ်။ ဗက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးတယ်။
အနံ့နဲ့ အာနိသင်ပိုကောင်းအောင် အဆီတွေလည်း ထညိ့လို့ရပါတယ်။
- Orange essential oil (အဆီဂလင်းကိုထိန်းပေးတယ်။ ကိုလာဂျင်ထွက်စေတယ်)
- Lavender essential oil (ပိုးသေစေတယ်။အရောင်ကျစေတယ်)
- Lemon juice (အသားရောင် ကြည်လင်စေတယ်။ အရေပြားတင်းရင်းစေပြီး အမဲစက်တွေကို ကာကွယ်ပေးတယ်။အမာရွတ်အတွက်လည်းကောင်းသတဲ့)
နေ့စဉ်မျက်နှာမှာ သုံးခြင်းအားဖြင့် အဆီပြန်ခြင်းကင်းစေတယ်။ ချွေးပေါက်ကျဉ်းစေတယ်။ အရေပြားတင်းရင်းစေတယ်။ အသားအရောင်တောက်ပပြီး ဝက်ခြံမထွက်အောင်လည်း ကာကွယ်ပေးတယ်။ အဆီပြန်တဲ့လူတိုင်းနဲ့ သင့်တော်တဲ့ အကောင်းဆုံးနဲ့ အလွယ်ဆုံး အိမ်လုပ်တိုနာ တမျိုး ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၂၂.၂.၁၇
No comments:
Post a Comment