Tuesday, November 12, 2019

ဝမ်းနှုတ်ဆေးတွေသောက်ရင် ဘာဖြစ်မလဲ

ဝမ်းနှုတ်ဆေးတခုနဲ့တခုမတူကြဘူး။ တူတာကတော့ ဆေးအများစုက သောက်ပါများရင် စွဲသွားတတ်တယ်။အထူးသဖြင့် လူကြီးတွေပဲ။ ဆေးတွေက လူကို မထိခိုက်နိုင်ဘူးထင်တာလည်း မမှန်ပါ။ ဆေးကြောင့် ပျို့၊အန်၊ဗိုက်ရစ်နာ၊ဝမ်းပျက် ဝမ်းလျှောတာတွေ ဖြစ်န်ုင်တယ်။နောက်ဆက်တွဲအနေနဲ့ လူကြီးထက် ကလေးမှာ ပိုပြီးဆိုးနိုင်လို့ဂရုစိုက်ရမယ်။ 


ဘာတွေ ဖြစ်နိုင်လဲ လေ့လာကြည့်ရအောင်
-Bisacodylဆိုတာ အဝါရောင်ဆေးလုံးသေးသေးလေးတွေပဲ။ သုံးစွဲသူအရမ်းများတယ်။ delax,belax စတဲ့နာမည်တွေနဲ့လာတယ်။ ဘေးထွက်ဆိုးကျိုး ဗိုက်နာ၊ဝမ်းလျှော ဖြစ်နိုင်တယ်။

-Sennaဆိုတာ Cascara sagrada(ပွေးကိုင်း)ပါပဲ။ ဝိတ်ချဆေးတွေမှာ ပါလေ့ရှိတယ်။ဘေးထွက်က ဗိုက်နာ၊ဝမ်းလျှော၊သွေးပါတန်တယ်။ ပိုဆိုးရင် ဆားဓာတ်နည်းပြီး သတိလစ်တာရှိတယ်။

-Phenolphthaleinကတော့ တရုတ်ဝမ်းနှုတ်ဆေးလို့ခေါ်ကြတယ်။ ပန်းရောင်ဝမ်းနှုတ်ဆေးတဲ့။သောက်ပါများရင်ဗိုက်နာ၊ဝမ်းလျှော၊မူးမော၊သွေးပေါင်ကျတတ်တယ်၊အနီစက်ပေါက်တတ်တ.ယ်။ဂလူးကိုစ့် ကျတတ်တယ်၊ပိုဆိုးရင် သတိလစ်နိုင်တယ်။ 

-Sodium phosphateက ဗိုက်နာ၊ဝမ်းလျှော၊မူးမော၊အားယုတ်၊အန်တာတွေ ဖြစ်စေမယ်။

-Magnesium-containing productsဆိုတာ MOMလိုဆေးမျိုးပဲ။ ရေရှည်သောက်ရင် ခန္ဓကိုယ်အတွက် မကောင်းဘူး။ဗိုက်နာပြီး အရည်ဝမ်းသွားတယ်။၊မျက်နှာရဲ၊သွေးပေါင်ကျ၊အားယုတ်တာ ရှိနိုငိတယ်။ ပျို့အန်၊ဆီးသွားရင်နာတတ်တယ်၊အခန့်မသင့်ရင် သေနိုင်ပါတယ်။ ကျောက်ကပ်သမား သတိထားပါ။

-Castor oil ကြက်ဆူဆီကိုခေါ်တာပါ။ မြန်မာနိုင်ငံမှာ အတော်ခေတ်ထလိုက်သေးတယ်။ ကောင်းတာတွေချည်းဖော်ပြကြတယ်။ ဆေးပညာမှာတော့ ကြာရှည်သုံးရင် အူလမ်းကို ဒုက္ခရောက်နိုင်တယ်။ အန်တာလည်း အတော်ဆိုးတယ်။

(သတိပြုရမှာက methylcellulose, carboxymethylcellulose, polycarbophil, or psyllium ပါတဲ့ဆေးတွေကို ရေများမျးနဲ့မသောက်ရင် အူလမ်းကြောင်းပိတ်ဆို့နိုင်တယ်)

ဒေါက်တာ အေးမင်းထူး
၂၁..၁၅

No comments:

Post a Comment