Wednesday, October 11, 2017

Burn 60 ဗိုက်အဆီအတွက် အကောင်းဆုံးဆေး

Burn 60 ဆိုတာ အဆီပိုတွေလောင်ကျွမ်းစေတဲ့ ဆေးတမျိုးဖြစ်တယ်။ လေ့ကျင့်ခန်း လုပ်ခါနီး ဒီဆေးသောက်ရင် အာနိသင်ပိုကောင်းတယ်။ ယေဘုယျအားဖြင့် ကယိလိုရီရဲ့ ၆၀ ရာခိုင်နှုန်း လောင်ကျွမ်းစေလို့  burn 60 လို့ နာမည်ပေးထားတာဖြစ်ပါတယ်။Burn 60ကို အမေရိကန် GNC ဆေးကုမ္ပဏီက ထုတ်တယ်။ GNC ဆိုတာ General Nutrition Corporation ရဲ့ အတိုကောက်ဖြစ်တယ်။ သူက ဖြည့်စွက်အားဆေးတွေ သီးသန့်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ Burn 60 က သစ်ဂျပိုးခေါက်အရသာနဲ့ထုတ်ထားတာဖြစ်တယ်။ 


ပါဝင်ပစ္စည်း
Guarana Seed extract.            - 247mg
 (equivilant to 36% caffeine = 90mg)
Black tea leaves extract.         - 136mg
Grape skin and leaves extract - 105 mg
Ginger root extract.                  - 100mg
Gold grape seed extract.         -  62 mg 
Dill weed extract.                     -  2.5mg

Guarana Seed extract (ဂွာရဲနားစေ့)
ဗင်နီဇွဲလားနဲ့ ဘရာဇီးမြောက်ပိုင်းမှာ တွေ့ရတဲ့နွယ်ပင်တမျိုး ဖြစ်တယ်။ အသီးက ကွဲထွက်လာတဲ့အခါ လူ့မျက်စိနဲ့ ပုံစံတူတာကြောင့် Guaranaဆိုတဲ့ နာမည်ရလာတယ်။ အစေ့မှာ ပါတဲ့caffeineဓာတ် ပမာဏက ကော်ဖီစေ့မှာ ပါဝင်တာထက် ၂ဆလောက်များတယ်။ adaptogenလို့ လူသိများတယ်။ အစာစားချင်စိတ်ကို တားဆီးပေးလို့ အစားရှောင်ချင်သူတွေအတွက် သင့်တော်တယ်။ အဆီကို လောင်ကျွမ်းစေပြီး energyပိုထုတ်ပေးတယ်။ ဒါ့ကြောင့် လေ့ကျင်ခန်းလုပ်တဲ့အခါ သောက်သုံးသင့်တာပါ။ တခြားအာနိသင်တွေက အစားအသောက်ပျက်၊အားယုတ်၊အဝလွန်၊လေထိုးလေအောင့်ဖြစ်တာ သက်သာစေတယ်။ သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ဂွာရဲနားစေ့မှာ ကဖိန်းပါလို့ စိတ်ကြွစေတယ်။ သတိပြုရမှာက ညပိုင်းသောက်ရင် အိပ်မပျော်တာဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးကို မနက်စောစော သို့မဟုတ် လေ့ကျငိ့ခန်းမလုပ်ခင်သောက်ခိုင်းတာဖြစိတယ်။

Grape seed, skin and leaves extract 
grape seed က ဝိတ်ချရာမှာ အသူံးဝင်တယ်။ သွေးလည်ပတ်မှုအားကောင်းစေတယ်။အထူးသဖြင့် ကြွက်သားထဲက ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတာပါ။ grape seedမှာ tannin နဲ့ procyanidins စတဲ့ဓာတ်တွေ ကြွယ်ဝတယ်။ ပုံမှန်အားဖြင့် grape seed extract 150-300 mg သောက်သုံးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။ အသားအရေအတွက်လည်း သောက်သုံးကြတယ်။ grape seed oil ကို ဝမ်းဗိုက်အဆီကျဖို့ လိမ်းကြတယ်။

Ginger root 
ဂျင်းတက်ကို အိန္ဒိယတိုင်းရင်းဆေးမှာ အသုံးများတယ်။ သွေးလည်ပတ်မှုကို အားပေးပြီး ဇီဝဖြစ်ပျက်မှုမြန်စေတယ်။ အဆီပိုလောင်ကျွမ်းစေတယ်။ အထူးသဖြင့် ဝမ်းဗိုက်အဆီတွေပါ။ ဂျင်းမှာ chromium, zinc, magnesium စတဲ့ဓာတ်တွေပါတယ်။ ဂျင်းက သွေးကြောချဲ့ပေးလို့ တခြား သွေးကျဲဆေးတွေနဲ့ ရောမသောက်သင့်ဘူး။

Dill weed extract
dill weed ဆိုတာ စမြိတ်ပင်ကို ပြောတာ။ တရုတ်နံနံနဲ့ မျိုးနွယ်တူတယိ။ အပူဓာတ်ဖြစ်တယ်။ အမျှင်ဓာတ်များတယ်။ ရင်ပြည့်စေတယ်။ စမြိတ်ပင်မှာ ပါတဲ့ monoterpene က အင်တီအောက်စီးဒင့်အာနိသင်ရှိတယ်။ carvone နဲ့ limoneneက အစာကြေလေနိုင်စေတယ်။ အရင်ခေတ် အစာအိမ်နာ လေနိုငိဆေးအနေနဲ့ သုံးခဲ့ဖူးတယ်။ eugenol က သွေးတွငိးသကြားဓာတိကို ကျစေတယိ။ မကောင်းတဲ့ ကိုလက်စတောကို ချပေးတယ်။ စမြိတ်ပင်က သံဓာတ်ကြွယ်ဝတယ်။ သံဓာတ်အားနည်းမှုက ဝိတ်တက်စေတယ်လို့ လေ့လာမှုတခုက ဆိုတယ်။ 

Black tea leaf 
လက်ဖက်စိမ်းကို အခြောက်လှမ်းပြီး ကစော်ဖောက်ရင် လက်ဖက်ရွက်အနက်(black tea leave) ဖြစ်လာတယ်။ black tea က green tea နဲ့ သိပ်မကွာပါ။ ကဖိန်းဓာတ်ပါလို့ ဇီဝဖြစ်ပျက်မှုမြန်စေတယ်။ အဆီကျစေတတဲ့ polyphenols, tannins စတဲ့ဓာတ်တွေကြွယ်ဝတယ်။ လက်ဖက်ပဲဖြစ်ဖြစ်၊ ကော်ဖီပဲဖြစ်ဖြစ် ကဖိန်းပါလို့ ရင်ပြည့်စေတယ်။ အစာစားချင်စိတ်ကို တားဆီးတယ်။ ဒါ့ကြောင့် မစားခင်သောက်ရတာဖြစ်တယ်။

သတိပြုစရာ
ကဖိန်းပါလို့ ညဖက်သောက်ရင် အိပ်မပျော်တာ ဖြစ်နိုင်တယ်။  ကိုယ်ဝန်ဆောင်နဲ့ နို့်တိုက်မိခင်တွေ မသောက်သင့်ပါ။ ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်စတာတွေနဲ့ ရောမသောက်သင့်ဘူး။တခြားဆေးတွေနဲ့ ရောသောက်တာမျိုး မလုပ်သင့်ဘူး။

သောက်နည်း
တခါသောက်ရင် နှစ်လုံးတပြိုင်နက် သောက်ပေးရမယ်။ တရက်ကို တကြိမ်သာ သောက်ဖို့လိုတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့ နေ့တွေမှာ မနက်စာမစားခင် နှစ်လုံးတခါတည်း သောက်ပေးသင့်တယ်။ 

လေ့လာမှုတွေအရ ကဖိန်းဓာတ်ဟာ သောက်ပြီး (၂)နာရီ အတွင်း ကယ်လိုရီ လောင်ကျွမ်းမှုကို ၁၀ ရာခိုင်နှုန်းထိ အားပေးတယ်လို့ ဆိုတယ်။မစားခင်သောက်သုံးခြင်းအားဖြင့် အစားရှောင်စရာမလိုဘဲ စားချင်စိတ်ကို ၂၂ ရာခိုင်နှုန်းလျှော့ကျစေတယ်။ ဗိုက်အဆီကို နှစ်ပတ်အတွင်း လျှော့ကျစေတယ်။ လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက်အလိုမှာ ဒီဆေးသောက်ထားခြင်းအားဖြင့် ကယ်လိုရီလောင်ကျွမ်းမှုကို အမြင့်ဆုံးထိ မြှင့်တင်ပေးမှာဖြစ်တယ်။ 

ဒေါက်တာ အေးမင်းထူး
၎.၈.၁၇

No comments:

Post a Comment