Sunday, February 15, 2015

ထွေလီကာလီမေးခွန်း နှစ်ခု


"ဆရာ နှစ်ခုလောက် မေးချင်လို့ပါ...
၁။ အသိတစ်ယောက်ရဲ့ချိုင်းမှာ အလုံးတစ်ခုဖြစ်နေတယ်..အစကတော့မနာဘူးတဲ့... အခုနည်းနည်းနာတယ်လို့ပြောတယ်....ဘာလိုလုပ်ရမလဲ...
၂။ တစ်ချို့ ဗမာဆေးဆရာတွေက ချက်ရဲ့ အပေါ်ပိုင်းမှာဆို အသမာ လို့ ခေါ်ပြီး အောက်ပိုင်းမှာပေါက်ရင်ဥပမာတင်ပါး မှာဆိုအနာစိမ်းလို့ ခေါ်တယ် အသမာက ပိုပြီးအရေးကြီးတယ်လို့ ပြောပါတယ် ဘာဖြစ်လို့ တစ်ခါဖြစ်ပြီးတိုင်း ၃လုံး ၇လုံး ၉လုံး ပေါက်တာလဲမသိဘူး...

ကျေးဇူးတင်ပါတယ်ဆရာ"

၁။နည်းနည်းနာလာတာ ပြည်တည်၊ပိုးဝင်သဘောမျိုး ဖြစ်နိုင်ပါတယ်။ flumox(သို့)compliscanပိုးသတ်ဆေးတမျိုးမျိုးသုံးနိုင်တယ်။ တရက် သုံးကြိမ်၊တပတ်သောက်ပါ။ ubimol တနေ့သုံးကြိမ် ၅ရက်သောက်ပါ။ ဖြစ်တဲ့ဂျိုင်းကို ရေနွေးအိတ် တနေ့၃ကြိမ်ကပ်ပါ။တခါကပ် နာရီဝက်တော့ ကြာသင့်တယ်။မသက်သာရင် ဆရာဝန်နဲ့ ပြပါ။
၂။ဘယ်နေရာပေါက်ပေါက် အတူတူပါပဲ။ အနာစိမ်းကို အင်္ဂလိပ်လို boil၊ဆေးပညာအခေါ်နဲ့ furuncleလို့ ခေါ်တယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တယ်။ကုတ်တာ၊ကိုင်တာကနေ တခြားကိုပြန့်တယ်။ မကိုင်ရင်၊မထိရင် မပြန့်ဘူး။ ဒါ့ကြောင့် ပိုးသတ်ဆေးလိမ်း၊သန့်တဲ့အဝတ်နဲ့ ဖုံးပေးထားရင် တခြားကို မပြန့်တော့ဘူး။

(အနာစိမ်းအကြောင်း ဖတ်ချင်ရင် ဒီမှာ http://drayeminhtoo.blogspot.com/2013/06/blog-post_26.html ဝင်ဖတ်ပါ)

No comments:

Post a Comment