တမိနစ်အတွင်း အိပ်ပျော်စေတဲ့နည်းက ဒေါက်တာ အင်ဒရူးဝေးလ်ရဲ့ နည်းဖြစ်ပါတယ်။ ဒီနည်းကို 4-7-8 breath technique လို့လည်း ခေါ်ပါတယ်။ လူတယောက်အိပ်စက်ဖို့ အသက်ရှုသွင်းချိန်နဲ့ ရှုထုတ်ချိန် မှန်ကန်ဖို့ လိုပါသတဲ့။အကယ်၍ သင်ဟာ ရှုသွင်း၊ရှုထုတ်ကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်ရင် အမြန်ဆုံးအိပ်ပျော်နိုင်လမ့်မယ်လို့ ဆိုပါတယ်။ ရှုသွင်းချိန်က (၄)စက္ကန့်၊ အသက်အောင့်တာ (၇)စက္ကန့်၊ ရှုထုတ်တာ (၈)စက္ကန့်ကြာ လုပ်ရတာမို့ 4-7-8 breath လို့ခေါ်တာပါ။ ဒီနည်းကို အလေ့ကျင့်ရသွားရင် တမိနစ်အတွင်းတောင် အိပ်ပျော်နိုင်တယ်လို့ ဆိုကြပါတယ်။
ပြုလုပ်ပုံ
(၁) အိပ်ရာထဲ ပက်လက်လှန်ပြီး လဲလျှောင်းလိုက်ပါ။ စိတ်ကို လုံးဝလျှော့ချထားပါ။
(၂) အရင်ဆုံး နှားခေါင်းကနေ လေးစက္ကန့်ကြာ အသက်ရှုသွင်းပါ။
(၃) ချက်ချင်းရှုမထုတ်နဲ့။ (၇)စက္ကန့်ကြာ အသက်ရှုအောင့်ထားရမယ်။
(၄) ပြီးမှ ဖြည်းဖြည်းချင်း ပါးစပ်ကနေ အသက်က်ု ရှုထုတ်ရတယ်။ (၈)စက္ကန့်ကြာစေရမယ်။
(၅) ဒီနည်းအတိုင်း ထပ်ခါတလဲလဲ ပြုလုပ်ခြင်းအားဖြင့် အိပ်ရလွယ်ကူလာလိမ့်မယ်။
ဒီနည်းကို တကယ်အလေ့ကျင့်ရသွားရင် အိပ်ဆေးမလိုဘဲ အိပ်ပျော်နိုင်တယ်လို့ ဆိုကြပါတယ်။ကဲ..ဟုတ်မဟုတ်ဆိုတာ စမ်းကြည့်ရအောင်။
ဒေါက်တာ အေးမင်းထူး
၂၅.၄.၁၇
No comments:
Post a Comment