Saturday, February 14, 2015

ဆိုဒ်နဲ့မဆိုင် နားလည်နိုင်ပါစေ

ဆရာ.....ကျ​နော့်​ရဲ့အားနည်းချက်​ကို​ပြောပြပါရစေ.....နားနဲ့မနာဖ၀ါးနဲ့သာနာပါဆရာ.. ကျ​နော့်​အသက်​က၂၄နှစ်​ရှိပါပြီ...အိမ်​​ထောင်​လည်းကျပါပြီ...အိမ်​​ထောင်​က်​က​တော့၃နှစ်​ရှိပါပြီ....ကျ​နော့်​ရဲ့အားနည်းချက်​ကလိင်​တံ​သေးငယ်​​နေချင်းပဲဖြစ်​ပါတယ်​...ဘယ်​လိုလုပ်​ရမလဲဆရာ...ကျ​နော်​​ဆေးလည်းမထိုးချင်​ဘူး.... နည်းလမ်း​လေးများရှိရင်​​ပေးပါလား.ခင်​ဗျာ............
                                      ကျေးဇူးတင်​လျှက်
                                       ၀၀၀၀၀၀၀
စာကျွင်း။  ။ကျ​နော့်​ရဲ့လိင်​တံအရှည်​က ၃လက်​မခွဲ..လုံးပတ်​က၅လက်​မ....


ကို...ရေ။ လူငယ်အများစုမှာ ခံစားနေရတာက မိမိဟာမိမိသေးငယ်တယ်လို့ မှားယွင်းယူဆနေခြင်းဖြစိပါတယ်။ လေ့လာမှုတွေလုပ်တော့ တကယ်မသေးပဲ စိတ်ကထင်နေတာက ၆၄ရာခိုင်နှုန်းထိ ရှိပါသတဲ့။ ပညာရှင်တွေက နိုင်ငံခြား ဓာတ်ပုံ၊ဗီဒီယို တွေကြောင့် ထင်ယောင်ထင်မှား ဖြစ်ကြတယ်လို့ ထောက်ပြထားတယ်။ တကယ်လည်း ဟုတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခုမေးတဲ့လူရဲ့ ဆိုက်ဟာလည်း ပုံမှန်အတွင်းမှာပဲ ရှိနေလို့ပါ။ ဘေးထွက်ဆိုးကျိုးမရှိတဲ့နည်းကို ဖော်ပြရရင် vacuum နဲ့ လေစုပ်ပြီး သွေးကြောတွေကျယ်လာ၊ဖောင်းလာအောင်လုပ်ရင် လိင်အင်္ဂါကြီးထွားစေတယ်လို့ ဖတ်ရတယ်။ ကျွန်တော့အမြင်အရ အိမ်ထောင်လည်း ကျပြီး ဖြစ်လို့ စိတ်သောက အရောက်မခံပါနဲ့။ တကယ်ကတော့ အိမ်ထောင်မှုသုခဆိုတာ ဆိုဒ်နဲ့ မဆိုင်ပဲ နားလည်မှုနဲ့သာ ဆိုင်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၆.၁၀.၁၄

1 comment:

  1. ဆရာခင်​ဗျာကျွန်​​တော်​စိတ်​ညစ်​​နေရတဲ့ ကိစ္စ​လေးကို ​ပြောပြပါရ​စေခခင်​ဗျာ နားနဲ့မနာ ဖဝါးနဲ့နာပါခင်​ဗျာ ကျွန်​​တော့်​မှာ မှာ လိင်​ဆက်​ဆံတဲ့အခါပဲ ဖြစ်​ဖြစ်​ တကိုယ်​​ရေအာသာ​ဖြေတဲ့အခါပဲ ဖြစ်​ဖြစ်​ လိင်​အင်္ဂါဟာ တမိနစ်​ နှစ်​မိနစ်​​လောက်​ပဲမာပါတယ်​ခင်​ဗျာ ကျန်​တဲ့အချိန်​​တွေမှာ​ပျော့သွား​ရောခင်​ဗျာ ဘယ်​​လောက်​ပဲ နှိုးဆွနှိုးဆွပြန်​မမာ​တော့ပါဘူး တခါလဲမဟုတ်​ နှစ်​ခါလဲမဟုတ်​ပါဘူး အမြဲတမ်းပါခင်​ဗျာ ကျွန်​​တော်​လဲ​တော်​​တော်​စိတ်​ညစ်​​နေရပါတယ်​ ပန်း​သေပန်းညိုး များဖြစ်​​နေသလားခင်​ဗျာ ကျွန်​​တော်​စိုးရိမ်​လို့ပါ ကျွန်​​တော်​ဘီယာနဲ့စီးကရက်​​တော့ ​သောက်​ပါတယ်​ခင်​ဗျာ တကယ်​လို့ပန်း​သေပန်းညိုးဖြစ်​ခဲ့ရင်​လဲ ဘယ်​လို​ဆေးဝါး ဘယ်​လိုဓာတ်​စာ​တွေမျိုး ဘယ်​လို​လေ့ကျင့်​ခန်း​တွေလုပ်​ရမလဲဆိုတာ ညွှန်​ကြား​ပေးပါခင်​​ဗျာ ဆရာ့ကို​ကျေးဇူးတင်​ပါတယ်

    ReplyDelete