Thursday, April 19, 2018

လူ့အချင်းက ထုတ်တဲ့ဆေး

လူ့အချင်းဟာ လက်တဖဝါးစာ ပမာဏလောက်ရှိတယ်လို့ ဆေးကျောင်းမှာ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာလက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ ကျက်မှတ်ရပြန်တယ်။ အတိုင်းအတာ အလျား ၉-လက်မ၊ အထူ ၁-လက်မလောက် ရှိတဲ့ ပျော့ဖတ်ဖတ် အစိုင်ခဲကြီးက အလေးချိန် တပေါင်မက လေးလံတယ်။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာ ထူပြီး ဘေးဖက်ရောက်လေ ပါးလေဖြစ်တယ်။ တကယိတော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို မပြန်အလှန်တွယ်ဆက်ထားတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့အာဟာရဓာတ်ဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားဆီရောက်တယ်။ ဒီလိုပဲ သန္ဓေသားသွေးကတဆင့် စွန့်ပစ်ပစ္စည်းမှန်သမျှဟာ အချင်းကိုဖြတ်ပြီး အမေဆီပြန်ရောက်တယ်။ သန္ဓေသားလောင်းတွယ်ကွယ်ပြီး ၈ ရက်ကြာတဲ့အခါ အချင်းကို စတင်ဖွဲ့စည်းပါတယ်။



အချင်းဆိုတာ ပင်မ stem cell ထဲမှာ ပါဝင်နေပါတယ်။ပင်မဆဲလ်(stem cell) ထဲမှာ adult stem cell နဲ့ embryonic stem cell ဆိုပြီး နှစ်မျိုး ရှိတယ်။ လူ့အချငိးနဲ့ သန္ဓေသားရဲ့ ပင်စည်ကလပ်ဆဲလ်ထဲမှာ pluripotent stem cell တွေပါတယ်။ pluripotent stem cell ဆိုတာ ပင်မဆဲလ်ကနေ ဆဲလ်ပေါင်းစုံ ကွဲပွားနိုင်တဲ့ ပင်စည်ကလပ်စည်း ဆဲလ်တခုဖြစ်တယ်။ သူကနေ ဆဲလ်ပေါင်း ထရီလီယံချီပြီး ကွဲပွားပြီး သန္ဓေသားအဖြစ်ပြောင်းလဲသွားတယ်။ သန္ဓေသားကနေ မွေးကင်းစကလေးအဖြစ် ကြီးထွားလာတဲ့အခါ multipotent stem cell တွေအဖြစ်ပြောင်းလဲသွားတယ်။ multipotent stem cell ဆိုတာ ချက်ကြိုးမှာပါတဲ့ ကလပ်စည်းဆဲလ်ဖြစ်ပြီး ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းအတွက် လိုအပိတဲ့ဆဲလ်သစ်တွေ ထုတ်လုပ်ပေးနိုင်တဲ့ ပင်မဆဲလ်သဘောမျိုးပါ။

လူ့အချင်းမှာ  အခြေခံဇီဝပစ္စည်းတွေပါဝင်နေတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ရာမှာ အရေးပါတဲ့ RNA, DNA သာမက peptides, aminoacids, proteins, lipids, နဲ့ enzymes ဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ အချင်း မှာ ဆဲလ်ကွဲပွားမှုကိုဖြစိစေတဲ့ cell growth factor ဆိုတာ ပါတယ်။ မျိုးဥအောငိတဲ့ ဆဲလ်တခုတည်းကနေ ၄၀-၆၀ ထရီလီယံလောက်ရှိတဲ့ သန္ဓေသားဆဲလ်တွေဖြစ်ဖို့ အချင်းကထုတ်တဲ့ cell growth factor က လုပ်ဆောင်ပေးရတယ်။

အချင်းက ဆဲလ်ကွဲပွားမှုသာမက ဆဲလ်သစ် ပြန်လည်တည်ဆောက်မှုကို ဖြစိစေတယ်လို့ ယူဆကြတယ်။ ဒါ့ကြောင့် အရှေ့တိုင်းဆေးပညာမှာ အချင်းကို ထည့်သွင်းဖော်စပ်ခဲ့ကြတာပါ။ တိရိစ္ဆာန်အချင်းသာမက လူအချင်းကိုပါ စမ်းသပ်သုံးစွဲခဲ့ကြတယ်။ ဂျပန်မှာ လူ့အချင်းကနေ ထုတ်ယူထားတဲ့ ဆေးဝါးတွေ ဖော်စပ်အသုံးပြုခဲ့ကြတာ ကြာပါပြီ။ အချင်းကနေထုတ်ယူတဲ့ဆေးတွေကို human placental extract (HPE) လို့ခေါ်ပါတယ်။ ကိုရီးယားမှာ ၂၀၀၃ ခုနှစ်ကစပြီး အသည်းရောဂါနဲ့ အမျိုးသမီး သွေးဆုံးကိုင် ရောဂါတွေကို ကုသဖို့ ခွင့်ပြုခဲ့တယ်။ ၂၀၀၆ နောက်ပိုင်းမှာ အသားဖြူဖို့၊ အရေးအကြောင်းကင်းစင်ဖို့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုလာကြတယ်။ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းတွေမှာလည်း အချင်းဆဲလ်တွေကို ထည့်သွင်းလာကြတယ်။

ကိုရီးယားမှာခေတ်စားတဲ့ အသားအရေနုပျိုမှု ကုထုံးတွေမှာ အချင်းကထုတ်တဲ့ human placental extract တွေကို သဲုးစွဲလာကြတယ်။ အရေပြားဆဲလ်တွေကို နုပျိုစေတဲ့ပြင် အသစ်ဖြစ်စေလို့ မီးလောင်ဒဏ်ရာ၊အမာရွတ်မှာလည်း သုံးနိုင်တယ်။ လူ့အချင်းမှာ ကိုယ်ဝန်ဆောင်ချိန် ထွက်လာတဲ့ hCG ဟော်မုန်းပါပါတယ်။ ဒီဟော်မုန်းကို အဝလွန်ရောဂါ၊ ပန်းနာရင်ကျပ်၊ အစာအိမ်နာ၊ နှလုံးရောဂါ၊ အဆီအဆိမ့်များတဲ့ရောဂါ၊ နှင်းခူနာ၊ ရေတိမ်နဲ့ Kaposi sarcoma ရောဂါတွေမှာသုံးကြတယ်။ အရိုးအဆစ်ရောင်ရောဂါ ကာကွယ်ကုသရာမှာလည်း သုံးနိုင်တယ်။

အချင်းကနေ ဆေးထုတ်ယူခြင်း
နေ့စေ့လစေ့မွေးတဲ့ မိခင်ကရတဲ့ အချင်းကို ယူပြီး ရေခဲနဲ့ အေးခဲစေပြီး သိမ်းထားရတယ်။ အသုံးပြုမယ့် အချင်းဟာ ရောဂါပိုး(အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ၊ဘီပိုး၊စီပိုး)ကင်းစင်ဖို့ ကြိုတင်စစ်ဆေးထားရတယ်။ ဆေးထုတ်ဖို့ သိမ်းထားတဲ့ အချင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး ရေနဲ့ရောရတယ်။ ရောပြီးတဲ့အခါ enzymatic molecular separation နည်းနဲ့ chemical hydrolysis နည်းတွေသုံးပြီး ထုတ်ယူရတယ်။ hydrolysisလုပ်တဲ့အခါ hydrochloric acidကိုသုံးပြီး ၁၅-၁၇နာရီကြာ အပူပေးရတယ်။ နောက်ဆုံးအဆင့်မှာတော့ ပိုးသန့်အောင် အပူချိန် ၁၂၁ဒီဂရီရှိတဲ့ ရေနွေးငွေ့နဲ့ နာရီဝက်ကြာအောင် အပူပေးသန့်စင်ရတယ်။ သန့်စင်ပြီး အရည်ကို ထိုးဆေးလေလုံပုလင်းထဲထည့်ပြီးထုပ်ပိုးမှ အာနိသင်မပျက်ပြယ်မှာ ဖြစ်တယ်။

စမ်းသပ်ခြင်း
အချင်းနဲ့ပက်သတ်လို့ ဂျပန်နိုင်ငံက လေ့လာမှုပြူခဲ့ပါတယ်။ (၈)ပတ်အတွင်း အချင်းဆေးကို (၁၂)ကြိမ် ထိုးပြီး စမ်းသပ်တဲ့အခါ ရုပ်ပိုင်းစွမ်းဆောင်မှုနဲ့ စိတ်ကျရောဂါတွေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်။ အချင်းက ထုတ်တဲ့ဆေးတွေကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ကြည့်တဲ့အခါ အသည်းလုပ်ဆောင်မှု ပြန်လည်ကောင်းမွန်လာတာ တွေ့ရတယ်။ မယ်လနင်ထုတ်လုပ်မှုကို တားဆီးလို့ အသားဖြူစေတယ်။ ဒါ့ကြောင့် ဂျပန်၊ကိုရီးယားကထုတ်တဲ့ အသားဖြူဆေးခရင်မ်တွေမှာ အချင်းပါတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အချင်းက ထုတ်တဲ့ placenta drink ဆိုတာ ရှိပါတယ်။ သက်လုံကောငိးစေတယ်။ အမောခံနိုင်တယ်။ Melsmon Pharmaceutical Company က လူ့အချင်းကထုတ်တဲ့ဆေးတွေ ထုတ်တယ်။ မြန်မာနိုင်ငံမှာ laennac ထိုးဆေးတွေက ခေတ်စားလှတယ်။ အသည်းခြောက်ရောဂါတွေမှာ ထိုးလေ့ရှိတယ်။ ဈေးလည်းမသေးလှပါ။ ထိုးသူတွေလည်း ထိုးနေကြဆဲဖြစ်တယ်။

လူ့အချင်းကို ကလေးမွေးပြီး စားသုံးသူတွေရှိတယိ။ Placentophagy enthusiasts အချင်းစားသုံးမှုကို ထောက်ခံသူ တွေကတော့ အချင်းမှာ အာဟာရဓာတ်နဲ့ ဟော်မုန်းဓာတ်တွေ ကြွယ်ဝလို့ စားသင့်တယ်လို့ဆိုတယ်။ နို့တိုက်တိရိစ္တာန်(ဥပမာ ဆိတ်)ထဲမှာတော့ ကိုယိ့အချင်းကိုယ်ပြန်စားတာမျိုးက မရှားလှပါ။

အချင်းဆေးတွေ အရှေ့တိုင်းမှာ ခေတ်စားလာပေမယ့် အနောက်တိုင်းက လက်ခံဥိးမှာ မဟုတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးလို့ဖြစ်တယ်။ လတ်တလော ရေတိုလေ့လာမှုတွေအရ အကျိုးရလာဒ်က အံ့မခန်းဆိုပေမယ့် ရေရှည်အကျိုးသက်ရောက်မှုနဲ့ လူ့ကျငိ့ဝတ်ပိုင်းမှာတော့ မေးခွန်းတွေ တပုံတပင် ကျန်ရှိနေပါသေးတယ်။ ဂျပန်၊ကိုရီးယားမှာ တရားဝင်ရောင်းချခွင့်ရှိပေမယ့် အနောက်နိုင်ငံတွေမှာ ဆက်လက်စိစစ်မှုတွေ ပြုလုပ်နေဆဲဖြစိတယ်။

ဒေါက်တာအေးမင်းထူး
၁၂.၄.၁၈

No comments:

Post a Comment