Monday, June 29, 2015

အမျိုးသမီးတွေမှာ Arias-Stella reaction ဆိုတာ

ပီရူးရောဂါဗေဒပညာရှင် Javier Arias Stella က ၁၉၅၄မှာစတွေ့ခဲ့လို့ Arias-Stella reactionလို့ ခေါ်ပါတယ်။ ကိုယ်ဝန်ပျက်သူတွေမှာ တွေ့ရတတ်တယ်။ တချို့က သားအိမ်ပြင်ပသန္ဓေတည်လို့ ဖြစ်တာ။ တကယ်တော့ သန္ဓေတည်လာတာနဲ့ သားအိမ်တွင်းဆုံးနံရံပြောင်းလဲလာတာဖြစ်ပါတယ်။ သားအိမ်တွင်းဆဲလ်တွေကို ကြည့်ရင် ကင်ဆာနဲ့တူတယ်။ တကယ်က ကင်ဆာမဟုတ်ပါ။ cytology ကြည့်ပြောရင် မှားတတ်တယ်။histology အဏုကြည့်မှန်ဘီလူးနဲ့ ကြည့်မှကောင်းကောင်းမြင်ရတယ်။


-နူကလီးယပ်က ပြူးနေတယ်
-ဆဲလ်ထဲက အမှုန့်တွေကများပြီး ပြန့်ကျဲနေတယ်
-တနည်းအားဖြင့် ဆဲလ်ရောင် ရင့်တယ်
-နူကလီးယပ်အလွှာကပါးနေတယ်
-အလယ်မှာ လေဟာနယ်ကွက်ခပ်ကြီးကြီးရှိတယ်
-ဆဲလ်ထဲမှာ တခြားပစ္စည်းတွေလည်း ပါနိုင်တယ်

အမျိုးအစား(၅)မျိုး ထပ်ခွဲထားပါတယ်
  1. Minimal atypia.
  2. Early secretory pattern.
  3. Secretory or hypersecretory pattern.
  4. Regenerative, proliferative or nonsecretory pattern.
  5. Monstrous cell pattern.

တကြိမ်ဖြစ်ဖူးသူဟာ နောက်တကြိမ်ပြန်ဖြစ်တတ်တယ်။ကလေးရဖို့ခက်တတ်တယ်။ ရရင်လည်း သားအိမ်ပြင်ပရတာမျိုးဖြစ်နိုင်တယ်။ မွေးလာမယ့်ကလေးကို ထိခိုက်စေတာထက် မမွေးခင်ထိခိုက်စေတာ ဖြစ်တယ်။

ဒေါက်တာ အေးမင်းထူး
၃၀.၆.၁၅


No comments:

Post a Comment