Sunday, September 7, 2014

ပိုးသတ်ဆေးတွေက ကလေးကိုထိခိုက်စေလား

ဆရာရှင့်
ကျွန်မက အသက် ၃၃နှစ်ရှိပါပီး အိမ်ထောင်သက် ၁၀လကျော်ရှိပါသည်။ သားသမီးရရှိရန်ကြိုးစားနေ၍ အစားအသောက် အနေအထိုင်လည်း ဂရုစိုက်ပါသည်။ 
သို့ရာတွင် လွန်ခဲ့သော ၂ပတ်ကျော်က ခြေသည်းညှပ်ရင်းအသားကိုညှပ်မိရာမှ အနာရင်း၍ ဆေးခန်းပြရာ ပိုးသတ်ဆေး ၃လုံးဆေးထိုးပီး ပိုးသတ်ဆေးသောက်ဆေး ၂ပတ်ကျော်သောက်ခဲ့ရပါသည်။ ယခုထိလည်း မပျောက်သေးပါ ထိုသို့ဆေးသောက်ခြင်းက ယခုလအတွင်း ကလေးရပါက ကလေးကို side effect သက်ရောက်နိုင်ပါသလား များစွာစိုးရိမ်မိပါသည်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။



ပိုးသတ်ဆေးအများစုက ကလေးကို မထိခိုက်စေပါဘူး။ ဒါ့ကြောင့် သိပ်မစိုးရိမ်ပါနဲ့။ လိုရမယ်ရ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ပေါ့။ မရှိသေးရင် စိတ်ချလက်ချနေနိုင်တာပေါ့။အသက်အရွယ်အရ ကိုယ်ဝန်မြန်မြန်ရအောင် ဆေးတွေကြိုသောက်ထားသင့်တယ်။ ကိုယ်ဝန်အမြန် ရတဲ့နည်းတွေလည်း ရှိပါတယ်။ အတူနေတဲ့ရက်တွေကို ဂရုတစိုက်မှတ်ပြီးနေပါ။ လောလောဆယ်တော့ သောကကင်းဝေအောင် နေထိုင်သင့်တယ်။ အနာက သေချာကုသရင် ပျောက်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၁.၉.၁၄

No comments:

Post a Comment