လူ့ခန္ဓာကိုယ် ကျောရိုးဆစ်မဟာ ခေါင်းကနေ တင်ပါးဆုံထိ အရိုးပေါင်း (၃၃) ခု ရှိပါတယ်။ ကျောရိုးဆစ်ကို အပိုင်းလ်ုက်ခွဲကြည့်ရင် cervical, thoracic, lumbar, sacrum, coccyx ဆိုပြီး ငါးမျိုးရှိပါတယ်။ ဒီထဲမှာ အရိုးပေါင်း (၂၄)ခုသာ လှုပ်ရှားနိုင်ပါတယ်။ တင်ပါးဆုံရိုး sacrum နဲ့ coccyx ပေါင်းစပ်နေတယ်။ အရိုးတွေဟာ တခုနဲ့တခု ထပ်နေကြပြီး အောက်ဆုံးက တြိဂံပုံအရိုး sacrum ပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးဖွဲ့စည်းပုံအရ ဖိအားဒဏ်ကို အခံရဆုံးက အောက်ဆုံးက lumbar နဲ့ sacrum ရိုးတွေသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောညပ်တဲ့ရောဂါအများစုဟာခါးမှာသာဖြစ်ကြတယ်။
လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး အာရုံခံနာ့ဖ်ကို sciatic nerve လို့ခေါ်ပါတယ်။ ခါးအောက်ပိုင်း (L3 level) စထွက်လာတဲ့ ဒီအာရုံကြောဟာ တင်ပါးဆုံနောက်ပိုင်းကနေ ခြေဖဝါးထိ ရှည်လျားတယ်။
sciatic nerve ကို ဖိမိရာက ဖြစ်လာတဲ့ လက္ခဏာတွေကို sciatica ခေါ်ပါတယ်။ မြန်မာလို sciaticaကို ခါးကြောညှပ်တယ် ခေါ်မလားဘဲ။
sciatica အများစုဟာ lumbar disc herniation ခါးရိုးဆစ်ကျွံရာကနေအဖြစ်များတယ်။ ခါးရိုးဆစ်က sciatic nerve အာရုံကြောကို သွားထောက်ရာက လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ကိုယ်ဝန်ဆောင်စဉ် ကလေးဥိးခေါင်းက အာရုံကြော သွားဖိမိလို့လည်း ဖြစ်နိုင်ပါတယ်။ lumbago ခါးနာခြင်းကနေလည်း ဖြစိနိုင်ပါတယ်။ ဒါ့ပြင် အရိုး၊ ကြွက်သား၊ အဖုအကျိတ်၊ ပိုးဝင်တာ၊ သွေးယိုရာကနေလည်း ဖြစ်တတ်ပါတယ်။ ဆေးပညာအရ နာ့ဗ်ကြော ထိခိုက်တာမှန်သမျှ radiculopathy လို့ ခေါ်ပါတယ်။
sciatica ဟာ လူလတ်ပိုင်းတွေမှာ ဖြစ်လေ့ ရှိတယ်။ အသက် ၄၀-၅၀ အတွင်း အတွေ့အများဆုံး ဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းထိ ဖြစ်နိုင်တယ်။အရပ်ရှည်သူဟာ သာမန်ထက် ပိုဖြစ်နိုင်ချေများတယ်။ ဒါတင်မက အလေးမသူ၊ အမြဲထိုင်နေရသူ၊ ကားမောင်းသူတွေဟာ သူများထက် ပ်ုဖြစ်နိုင်တယ်။ဆေးလိပ်သောက်ခြင်းကလည်း sciatica ဖြစ်ပွားမှုကို အားပေးတယ်လို့ လေ့လာမှုတခုက ဆိုတယ်။
sciatica ရဲ့ လက္ခဏာတွေက ခါး၊တင်ပါး၊ေထြောက်အောက်ပိုင်း တလျှောက် နာတာဖြစ်တယ်။ ခါးနာတာထက် ခြေထောက်၊တင်ပါးဆုံအောက်ပိုင်း နာတာပိုဖြစ်တယ်။ တပြင်လုံးထက် နေရာတခုတည်းကွက်နာတာ တွေ့ရတယ်။အများစုဟာ ခြေထောက်တစ်ဖက်တည်းမှာသာဖြစ်တယ်။ နာကျင်မှုက ခြေဖျားထဲထိ သွားနိုင်တယ်။ တင်ပါးအောက်ပိုင်း ထုံပြင်းပြင်း သို့မဟုတ် စူးစူးကြီးနာရင် sciaticaကြောင့် ဖြစ်နိုင်တယ်။ ဖြစ်တဲ့ခြေထာက်က ထုံကျင်၊ အားယုတ်တာ၊ အားနည်းတာ၊ ထောက်ရခက်တာမျိုး ရှိနိုင်တယ်။ တခါတရံမှဖြစ်တာ ရှိသလို ဆက်တိုက် နာနေတာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့် လမ်းလျှောက်ချိန်နဲ့ ခြေထောက်ချိန်မျိုးမှာ စူးကနဲ နာတတ်တယ်။ လက္ခဏာတွေကအာရုံကြောကို သွားထောက်တဲ့ နေရာပေါ်မူတည်ပြီး ကွာခြားသွားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တင်ပါးဆုံရိုးအောက်ပိုင်းကနေ ခြေထောက်တလျှောက် ခြေဖဝါးထဲထိ နာတာမျိုး ရှိတယ်။
sciatica အများစုဟာ လမ်းလျှောက်တဲ့အချိန် ၊ခါးကုန်းလိုက်တဲ့ အချိန်မျိုးမှ ပိုဆိုးလာတတ် ပါတယ်။ လှဲအိပ်လိုက်ရင်တော့ သက်သာသွားနိုင်တယ်။ ခြေထောက်ကို ဆန့်ဆန့်ထားပြီး မြှောက်လိုက်ရင် နာကျင်နေမယ်။ တနေရာတည်းဖြစ်ရင် nerve root တခုတည်း သတ်မှတ်တယ်။ နာကျင်တာကို သက်သာအောင် အရင်လုပ်ရတယ်။ ဒါမှမဟုတ်အာရုံကြောပေါ်ထောက်နေတာကို သက်သာအောင် လုပ်ရမယ်။ နာကျင်မှုဟာ အနေအထားပြောင်းလိုက်ရင် သက်သာသွားတတ်တယ်။
sciatica ဟုတ် မဟုတ် လကိတွေ့စမ်းသပ်ကြည့်နိုင်တယ်။ အိပ်နေရင်း ခြေထောက်တဖက်ကို မြှောက်ခိုင်းပါ။ သို့မဟုတ် ဆောင့်ကြောင့် ထိုင်ရာကနေ ထခိုင်းကြည့်ပါ။ လမ်းလျှောက်တဲ့အခါ ဖနောင့် သို့်မဟုတ် ခြေဖျားပေါ် အားပြုပြီးထောက်ခိုင်းကြည့်ပါ။ အထက်ပါအခြေနေတွေမှာ နာကျင်တာ ပိုဆိုးလာတယ်ဆိုရင် sciatica ကြောင့် ဖြစ်နိုင်တယ်။ sciatica မှာ လက္ခဏာနဲ့ကို တော်တော်လေးသိသာတယ်။ လိုအပ်ရင် ဓာတ်မှန် X Rays ရိုက်ကြည့်ပါ။ တခါတရံCT scan သို့မဟုတ် MRI တမျိုးမျိုးရိုက်ပြီး သိရှိနိုင်တယ်။
sciatica ဖြစ်သူအများစုဟာ လပိုင်းအတွင်း ပြန်လည်သက်သာနိုင်တယ်။ ကံဆိုးတဲ့သူတွေကတော့ နှစ်ချီကြာနိုင်တယ်။ အကြောညပ်တာအတွက် အပူအအေး အဆင်ပြေသလို ကပ်လို့ရတယ်။ နာကျင်မှုအတွက် သောက်ဆေး၊လိမ်းဆေး သုံးနိုင်တယ်။ သောက်ဆေးထဲမှာ အကိုက်အခဲပျောက်ဆေးတွေသောက်ရတယ်။ paracetamol, ibuprofen, aspirin, ketoprofen, naproxen စသည်ဖြင့် ရောဂါပေါ်မူတည်ပြီး ပေးရတယ်။ တခါတရံ tizanidine လို အကြောလျှော့ဆေး(muscle relaxant)တွေ သောက်ရနိုင်တယ်။ gabapentin, duloxetin စတဲ့ ဆေးဝါးတွေက အသုံးဝင်တယ်။ စတီးရွိုက်သောက်ဆေး၊ ထိုးဆေး(epidural injection)တွေက လက္ခဏာကို သက်သာစေတယ်။ အရမ်းဆိုးတဲ့အနေအထားမှာ ခွဲစိတ်ကုသဖို့ လိုတတ်ပါတယ်။
Transcutaneous nerve stimulators (TENS units) အာရုံကြောလှုံ့ဆော်ပေးလိုက်ရင် နာတာရှည်ခါးကြောညပ်တဲ့အနေထားမျိုးမှာ အသုံးဝင်တယ်။ lumber disc herniationမှာ microdiscectomy နည်းကို သုံးနိုင်တယ်။ အပေါက်သေးသေးလေးဖောက်ပြီး ကျွံတဲ့အဆစ်က နေရာကို ဖယ်ထုတ်လိုက်ရုံပါပဲ။
sciatic nerve pain သက်သာအောင် ဘယ်လိုလုပ်မလဲ
ဘယ်ဖက်ခြေထောက်ကို အနည်းငယ် မြှောက်ပါ။ ညာဖက်ခြေကျင်းဝတ်ကို ဘယ်ဖက်ပေါင်ပေါ်တင်ပြီး ကွေးထားပါ။ လက်နှစ်ဖက်နဲ့ ဘယ်ဖက် ပေါင်ကို ကိုင်ထားပါ။ ဒီအနေအထားအတိုင်း ပြုလုပ်ခြင်းဖြင့် piriformis muscle အကြောကို ပြေလျှော့စေတယ်။ piriformis muscle က sciatic nerve ကို သွားဖိတတ်တယ်။ တခြားတဖက်ကိုလည်းဒီပုံစံအတိုင်း ပြုလုပ်ပါ။ ဒီလေ့ကျင့်ခန်းက sciatica လက္ခဏာကို သက်သာစေပါတယ်။
ခါးနာခြင်းအတွက် အိမ်သုံးနည်း
နွားနို့ - တစ်ဖန်ခွက်(200ml)
ကြက်သွန်ဖြူ - (၄)တက်
နွားနို့တစ်ဖန်ခွက်ကိုအိုးတစ်ခုထဲ ထည့်ပြီး အပူပေးပါ ။ကြက်သွန်ဖြူကို ကျိတ်ပြီး နွားနို့ထဲ ထည့်ပြီး မွှေပါ။ အရည်ဆူပွက်လာတာနဲ့ အသင့်သောက်သုံးနိုင်ပါပြီ။ ကြက်သွန်ဖြူက sciatica ခါးနာခြင်းကို သက်သာစေတယ်။sciatica nerve ရောင်ရမ်းခြင်းကို ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူနံ့ကို မခံနိုင်ရင် ပျားရည်တစ်ဇွန်းထည့်သောက်လို့ ရပါတယ်။ ဒီနည်းအတိုင်းလုပ်ရင် ခါးနာ လက္ခဏာ အချို့ကို သက်သာစေနိုင်တာ တွေ့ရတယ်။
ဒေါက်တာ အေးမင်းထူး
၂၃.၁.၁၈
No comments:
Post a Comment