websiteကိုတွေ့ကို ရှာကြည့်လိုက်တာပါ။
ညီမကထူးချွန်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။ဒါကြောင့်မို့ ဆရာ အပန်းမကြီးဘူးဆိုရင် ဘယ်လိုကြိုးစားသင့်လဲဆိုတာ လမ်းညွှန်ပေးပါရှင့်။ဆရာကလည်း ဆရာဝန်စာရေးဆရာပေါ့နော်။ဆရာ့စာတွေကို ခုကစပြီး အမြဲဖတ်တော့မယ်။ဆရာ့ကိုခင်မင်လေးစားမိပါတယ်။
အမှန်ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း သိနေတတ်နေတာမဟုတ်ပါဘူး။အမြဲလေ့လာနေတာပဲ ရှိပါတယ်။ဆေးပညာမှာ ဘယ်သူမှအကုန်နားလည်နေတာမျိုး မရှိဘူး။လေ့လာအားကောင်းကောင်းနဲ့ အတွေ့အကြုံများလေ ကုသဖို့လွယ်ကူလေ ဖြစ်မှာပါပဲ။
ဘယ်လိုကြိုးစားမလဲ
-စာချည်းထိုင်ဖတ်၊ဆရာသင်သမျှခေါင်းညိတ်တာမျိုးတော့ အားမပေးပါ။
-ကိုယ်ပိုင်အတွေးအခေါ်ရှိရပါမယ်။
-အရာရာကို အလယ်အလတ်လမ်းစဉ် ကျင့်ကြံနေထိုင်သင့်တယ်။
-ငယ်စဉ်ကတည်း ဆေးပညာစာတွေ၊အမေးအဖြေတွေ ဖတ်တာ အားပေးတယ်။
-ထူးချွန်တဲ့ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စိတ်ကို ဘောင်ခတ်ထားတာထက် အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ အတွေးလေးပဲထားပေးပါ။
-ကိုယ့်လမ်းကိုယ်လျှောက်နေရင် သူများထက်အမြင့်ကို ရောက်မှန်းမသိ သူ့ဘာသာရောက်သွားပါလိမ့်မယ်။
-ပထမနှစ်ကတည်းက ရည်ရွယ်ချက်ရှိတာ ကောင်းတဲ့အချက်ပါ။ရည်ရွယ်ချက်မပျောက်ပါစေနဲ့။
-အချိန်တန်ရင် ကိုယ်ပေးဆပ်သမျှကိုယ့်ဆီရောက်လာပါလိမ့်မယ်။
-ထူးချွန်တဲ့ဆရာဝန်တယောက်ဖြစ်ပါစေ ဆုတောင်းပေးပါတယ်။
ဒေါက်တာအေးမင်းထူး
၂၈.၇.၁၃
No comments:
Post a Comment